Pages

Pages - Menu

Friday, January 25, 2013

ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ

ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ
Thursday, 24 January 2013

အနောက် အာဖရိကနိုင်ငံ မြောက်ပိုင်း သဲကန္တာရအတွင်းရှိ မွတ်ဆလင် စစ်သွေးကြွအဖွဲ့အစည်းတစ်ခုမှ စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပြီး အပြစ်ပေးရန် ဆုံးဖြတ်စီရင်လိုက်ကြောင်း သတင်းရရှိသည်။

ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် အွန်ဘာဘီကလည်း ထိုကြိမ်ဒဏ်စီရင်သည့်ပွဲကို လာရောက်ကြည့်ရှုရမည်ဟု အမိန့်ထုတ်
ထားသည်။ မိုဟာမက်က ကြိမ်ဒဏ်စီရင်ခြင်းကို ကွက်လပ်တစ်ခုတွင် ကျင်းပမည်ဖြစ်ပြီး လူငယ်တိုင်း လာကြည့်ရန် အမိန့်ထုတ်ထားကြောင်း၊ ပထမဦးဆုံးအကြိမ် အပြစ်ပေးခြင်းဖြစ်သဖြင့် စံပြအဖြစ် လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း၊ မိန်းကလေးတွင်ကိုယ်ဝန် ၃ လရှိနေပြီး၊သားတစ်ယောက်
လည်းရှိနေသေးကြောင်း၊ သို့သော် သူနှင့်အတူနေ ယောက်ျားလေး
မိတ်ဆွေမှာ လက်ထပ်ထိမ်းမြားထားခြင်းမရှိသဖြင့် ထိုသို့အပြစ်ပေးရခြင်း
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် အစ္စလမ်ဥပဒေကို တိကျစွာလိုက်နာပြီး၊ အစ္စလမ်ဥပဒေအရ ကြိမ်ဒဏ် အချက် ၁၀၀ စီရင်ခြင်းဖြစ်သည်ဟုဆိုသည်။ မြို့တော်ရှိ ရဲအရာရှိတစ်ဦးကလည်း လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ ကလေးယူထားသည့် အခြား အမျိုးသမီး ၆ ဦးလည်း ရှိသေးကြောင်း၊ ထိုသူများကိုလည်း မကြာမီ အစ္စလမ်ဥပဒေအရ တရားစီရင်သွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

maukkha

အနောက် အာဖရိကနိုင်ငံ မြောက်ပိုင်း သဲကန္တာရအတွင်းရှိ မွတ်ဆလင် စစ်သွေးကြွအဖွဲ့အစည်းတစ်ခုမှ စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပြီး အပြစ်ပေးရန် ဆုံးဖြတ်စီရင်လိုက်ကြောင်း သတင်းရရှိသည်။
ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက်အွန်ဘာဘီကလည်းထိုကြိမ်ဒဏ်စီရင်သည့်ပွဲကို လာရောက်
ကြည့်ရှုရမည်ဟု အမိန့်ထုတ်ထားသည်။မိုဟာမက်က ကြိမ်ဒဏ်စီရင်ခြင်းကိုကွက်လပ်တစ်ခုတွင်ကျင်းပမည်
ဖစ်ပြီး လူငယ်တိုင်း လာကြည့်ရန်အမိန့်ထုတ်ထားကြောင်း၊ပထမဦးဆုံးအကြိမ်အပြစ်ပေးခြင်းဖြစ်သဖြင့် စံပြ
အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ 

မိန်းကလေးတွင်ကိုယ်ဝန် ၃ လရှိနေပြီး၊သားတစ်ယောက်လည်းရှိနေသေးကြောင်း၊ သို့သော် သူနှင့်အတူနေ
ယောက်ျားလေးမိတ်ဆွေမှာ လက်ထပ်ထိမ်းမြားထားခြင်းမရှိသဖြင့် ထိုသို့အပြစ်ပေးရခြင်းဖြစ်ကြောင်း ပြော
ကြားခဲ့သည်။

စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် အစ္စလမ်ဥပဒေကို တိကျစွာလိုက်နာပြီး၊ အစ္စလမ်ဥပဒေအရ ကြိမ်ဒဏ် အချက် ၁၀၀ စီရင်ခြင်းဖြစ်သည်ဟုဆိုသည်။ မြို့တော်ရှိ ရဲအရာရှိတစ်ဦးကလည်း လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ ကလေးယူထားသည့် အခြား အမျိုးသမီး ၆ ဦးလည်း ရှိသေးကြောင်း၊ ထိုသူများကိုလည်း မကြာမီ အစ္စလမ်ဥပဒေအရ တရားစီရင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

maukkha

No comments:

Post a Comment