Pages

Pages - Menu

Thursday, January 3, 2013

သရက်မြို့ သတ္တဌာန ဘုရား (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲ ကျင်းပမည်

သရက်မြို့ သတ္တဌာန ဘုရား (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲ ကျင်းပမည်

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ သတ္တဌာန ဘုရားကြီး (၁၂၃) ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံ ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက် မှ ၂၆ ရက်အထိ ၈ ရက် တိုင်တိုင် ကျင်းပမည် ဖြစ်သည်။

မြန်မာ သက္ကရာဇ် ၁ ၂၆ဝ ပြည့်နှစ်တွင် သရက်မြို့ သမာဓိမြို့ဝန် ဦးထွန်းအောင်ကျော် မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟ များသည် သီဟိုဠ် (သီရိလင်္ကာ) သို့ ဘုရားဖူး သွားရောက်ခဲ့ရာ ကန္နီမြို့ ဂန္ဓကုဋီတိုက် အတွင်း ကိန်းဝပ် စံပယ်တော် မူနေသော မြတ်စွာဘုရား၏ လက်ဝဲစွယ်တော်ကို ဖူးမြော် ကြည်ညို မိရာမှ ဖူးမြော်၍ မဝနိုင်အောင် ကြည်ညို၍ မြန်မာ နိုင်ငံသို့ ပင့်ဆောင် ပူဇော်လိုကြောင်း တောင်းပန် လျှောက်ထားချက် အရ ဗုဒ္ဓဘာသာ အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီး အရှင်မဟာ ဥပတိဿ မထေရ် က ဘုရင်ခံချုပ်ထံ ခွင့်ပန်ပြီး မြတ်စွာဘုရား၏ စွယ်တော်အစစ်နှင့် လုံးရပ် သဏ္ဌာန် ရောင်လျှံအဆင်း တူသော စွယ်တော်ပွား တစ်ဆူကို စီမံ ဆောင်ရွက် တော်မူပြီး စွယ်တော်အိမ် အတွင်း ဓာတ်တော်များပါ ထည့်သွင်းလျက် စွယ်တော်အစစ်နှင့် အတူ ရင်ငွေ့ လှုံထားတော် မူကာ ၄၉ ရက် တိုင်တိုင် ဥပုသ်စောင့်ပြီး သဒ္ဓါ ကြည်ညိုစွာ ဖူးမြော်၍ မြန်မာ နိုင်ငံသို့ ပင့်ဆောင် ပူဇော်သည်။ ယင်းနောက် သရက်မြို့ သတ္တ ဌာန ဘုရား ဘာသာရေး အကျိုးဆောင် များထံ ၁၂၆၁ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၁ ရက်တွင် လွှဲပြောင်း ပူဇော်ခဲ့သည်။

မြန်မာ သက္ကရာဇ် ၁၂၆၄ ခုနှစ်မှစ၍ ဘုရားပွဲတော် အစရက် ဖြစ်သော ပြာသို လဆန်း ၈ ရက်တွင် အတီးအမှုတ် အကအခုန်များ၊ ဝတ်အသင်းများ ခြံရံလျက် မြို့တွင်းသို့ သုံးနှစ်လျှင် တစ်ကြိမ် ဒေသစာရီ လှည့်လည် အပူဇော်ခံပြီး ကျန်နှစ်များတွင် ဘုရားပွဲတော် ရက်များ၌သာ အများပြည်သူ ဖူးမြော် ကြည်ညို နိုင်ရန် အခမ်းအနားဖြင့် ပူဇော် ထားရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/3494-2013-01-03-10-30-30

မကွေးတိုင်း ဒေသကြီး သရက်ခရိုင်သရက်မြို့သတ္တဌာနဘုရားကြီး (၁၂၃) ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်
နှင့် မြတ်စွယ်တော် အပူဇော်ခံ ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက် မှ ၂၆ ရက်အထိ ၈ ရက် တိုင်တိုင် ကျင်းပမည် ဖြစ်သည်။
မြန်မာ သက္ကရာဇ် ၁ ၂၆ဝ ပြည့်နှစ်တွင် သရက်မြို့ သမာဓိမြို့ဝန် ဦးထွန်းအောင်ကျော် မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟ များသည် သီဟိုဠ် (သီရိလင်္ကာ) သို့ ဘုရားဖူး သွားရောက်ခဲ့ရာ ကန္နီမြို့ ဂန္ဓကုဋီတိုက် အတွင်း ကိန်းဝပ် စံပယ်တော် မူနေသော မြတ်စွာဘုရား၏ လက်ဝဲစွယ်တော်ကို ဖူးမြော် ကြည်ညို မိရာမှ ဖူးမြော်၍ မဝနိုင်အောင် ကြည်ညို၍ မြန်မာ နိုင်ငံသို့ ပင့်ဆောင် ပူဇော်လိုကြောင်း တောင်းပန် လျှောက်ထားချက် အရ ဗုဒ္ဓဘာသာ အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီး အရှင်မဟာ ဥပတိဿ မထေရ် က ဘုရင်ခံချုပ်ထံ ခွင့်ပန်ပြီး မြတ်
စွာဘုရား၏ စွယ်တော်အစစ်နှင့် လုံးရပ် သဏ္ဌာန် ရောင်လျှံအဆင်း တူသော စွယ်တော်ပွား တစ်ဆူကို စီမံ
ဆောင်ရွက် တော်မူပြီး စွယ်တော်အိမ် အတွင်း ဓာတ်တော်များပါထည့်သွင်းလျက်စွယ်တော်အစစ်နှင့်အတူ
ရင်ငွေ့ လှုံထားတော် မူကာ ၄၉ ရက် တိုင်တိုင် ဥပုသ်စောင့်ပြီး သဒ္ဓါ ကြည်ညိုစွာ ဖူးမြော်၍ မြန်မာ နိုင်ငံသို့ ပင့်ဆောင် ပူဇော်သည်။ ယင်းနောက် သရက်မြို့ သတ္တ ဌာနဘုရားဘာသာရေးအကျိုးဆောင်များထံ ၁၂၆၁
ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၁ ရက်တွင် လွှဲပြောင်း ပူဇော်ခဲ့သည်။

မြန်မာ သက္ကရာဇ် ၁၂၆၄ ခုနှစ်မှစ၍ ဘုရားပွဲတော် အစရက် ဖြစ်သော ပြာသို လဆန်း ၈ ရက်တွင် အတီးအ

မှုတ် အကအခုန်များ၊ ဝတ်အသင်းများ ခြံရံလျက် မြို့တွင်းသို့ သုံးနှစ်လျှင် တစ်ကြိမ် ဒေသစာရီ လှည့်လည် အပူဇော်ခံပြီး ကျန်နှစ်များတွင် ဘုရားပွဲတော် ရက်များ၌သာ အများပြည်သူ ဖူးမြော် ကြည်ညို နိုင်ရန် အခမ်း
အနားဖြင့် ပူဇော် ထားရှိကြောင်း သိရသည်။


မြ၀တီသတင်း




 

No comments:

Post a Comment