အရင်က
မီဒီယာတွေဟာ ဘယ်အနုပညာရှင်ကိုမှ ခွင့်မတောင်းပဲ တေးသီချင်းတွေ လွှင့်ပြီးမှ
လွှင့်ခ ပေးတဲ့ စနစ်ကနေ အနုပညာရှင်တွေ ခွင့်ပြုမှ သတ်မှတ်
အနုပညာကြေးပေးပြီး လွှင့်ရမယ့် အနေအထားကို ဂီတ အစည်းအရုံးကနေ
ဦးဆောင်ပြောင်းလဲနေပြီလို့ ခေတ်သစ်ဂီတအလွှာတွဲဘက်အတွင်းရေးမှူးကိုကျော်လင်း
ထိန်က ပြောပြပါတယ်။ ဒီအတွက် သက်ဆိုင်ရာ အဆိုတော်--------------------------------------------------------- တေးရေး
အပါအ၀င် ဂီတ အနုပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ဘယ်သီချင်းကိုတော့ထုတ်လွှင့်ခွင့် မပြုနိုင်ဘူး
၊ ဘယ်သီချင်းတွေကိုတော့ တစ်ကြိမ် ထုတ်လွှင့်ရင်
ငွေဘယ်လောက် ပေးရမယ် ဆိုတာမျိုး ဂီတအစည်းအ
ရုံးကိုလာရောက်အကြောင်းကြားဖို့အစိုးရပိုင်သတင်းစာတွေကနေတဆင့် နှိုးဆော်ထားတယ်လို့သိရပါတယ်။
ဒီ အကြောင်းကြားချက်အပေါ် မူတည်ပြီး ဂီတ အစည်းအရုံးဟာအက်ဖ်အမ်ရေဒီယိုလိုင်းတွေ၊ ပုဂ္ဂလိကရုပ်သံ
ထုတ်လွှင့်သူတွေနဲ့ အခြားအသုံးပြုသူတွေ ဆီကနေ တေးသီချင်း ထုတ်လွှင့်ခတွေရရှိအောင်ဆောင်ရွက်ပေး
သွားမယ်လို့ သိရပါတယ်။
DVB TV News
No comments:
Post a Comment