မေး ။ ။ အခုလက်ရှိ ဒီရသနှလုံးသားပေးဆပ်ပွဲပြီးတော့ ဘာတွေ ဆက်လုပ်ဖြစ်အုံးမလဲဆိုတာကို ပြောပြပေးပါအုံး။
ဖြေ ။ ။ နောက်လ ဖေဖဝါရီ (၁၅)ရက်နေ့ တစ်ပွဲထပ်လုပ်အုံးမယ်။ နာမည်တောင်းထားတုန်း ရှိသေးတယ်။ ကိုယ်ကမစဉ်းစားရသေးဘူး။ နာမည်ကတော့ ပေးရမှာပေါ့။ အမျိုးသားကဇာတ်ရုံမှာ လုပ်ဖြစ်မယ်။
မေး ။ ။ အရင်က ဘယ်လိုပုံစံမျိုးတွေကြောင့် အမေရိကားကို
ထွက်ခွာ သွားရတယ်ဆိုတာကို သိချင်ပါတယ်။
ဖြေ ။ ။ အန်တီက ဒီကသွားတာက ဘုရားထီးတင်ပွဲ ကိစ္စနဲ့
သွားတာပါ။ အင်္ဂလန်က ဘမ်မင်ဂံမှာ ဆရာတော် ဦးရေဝသက ဓမ္မသန္တကဘွဲ့ အမည် ရှိတဲ့ စေတီတစ်ဆူ တည်ပါတယ်။ အဲဒီ
စေတီတော် ဖွင့်ပွဲကို သွားတာ။ ကိုယ့်ရိုးရာ တေးထပ်တေးရတု
တွေ ရွက်ပေးရအောင်သွားတာပါ။ တခြား ဘာအကြောင်းမှမရှိပါဘူး။
မေး ။ ။ ထွက်ခွာသွားနောက် အခု ပြန်လည်ရောက်ရှိလာတဲ့
အခါမှာ ဘာတွေကွာခြားတာတွေ တွေ့ရှိရလဲ။
ဖြေ ။ ။ သွားတုန်းကလည်း ဘာမှပြသနာမရှိဘူး။ အဲဒီကနေ
အမေရိကန်ကို သွားလည်ရင်းနဲ့ မပြန်ဖြစ်ဘူးပေါ့။ အခု ပြန် လာတော့ တော်တော်များများတော့ ပြောင်းလဲလာပါတယ်။ အဆောက်အဦးတွေက ပိုများလာတယ်။ ကားတွေပိုပြီတော့
ကျပ်လာတယ်။ အဲဒါတော့ မျက်မြင်ပဲပေါ့။ ကျန်တာတွေကတော့ ကိုယ်လည်း အပြင်သိပ်မထွက်ဖြစ်ဘူးဆိုတော့ ဘာပြောရမလဲ
မသိဘူး။ အနုပညာဘက်ပိုင်းဆို လူငယ်တွေ လွမ်းမိုးသွားတာပေါ့။ လူငယ်လို့ ပြောတာထက် နိုင်ငံတကာရဲ့ ပုံစံတွေက မြန်မာသီချင်း
တွေကို လွှမ်းမိုးသွားပြီလို့ တွေ့ရပါတယ်။ အဲဒါ ထူးရှားတာပါပဲ။
မေး ။ ။ ထွက်ခွာသွားတဲ့ အခါမှာ ဘယ်လိုခံစားမှုတွေ ရှိခဲ့သလဲ။
ဖြေ ။ ။ ထူးပြီး မခံစားရပါဘူး။ ကိုယ်က ဒီလိုပဲ နယ်ခဏခဏ ထွက်တတ်တဲ့ အကျင့်ရှိတာပဲ။ ဗမာပြည်မှာလဲ ဒီကနေဟို၊ ဟိုကနေဒီကို သွားနေတာပဲ။ အခု ဒီအင်္ဂလန်ခရီးကလည်း ခဏတဖြုတ် ကိုယ်ကိစ္စရှိရာ ကိုယ်သွားလုပ်တာပဲ အဲဒီသဘော ပါပဲ။
မေး ။ ။ ဒီအတွက် အခုအချိန် ဒီပြောင်းလဲလာတဲ့ အပေါ် ဘာတွေဆက်လုပ်ဖြစ်မလဲ။
ဖြေ ။ ။ အခုက သီချင်းဆိုတဲ့ သူတစ်ယောက်အနေနဲ့ ဘာမှ
ပြောင်းလဲစရာ မလိုပါဘူး။ ကိုယ့်ရိုးရာကိုယ် တတ်နိုင်သလောက် ထိန်းသိမ်းနိုင်ပြီးတော့ တတ်နိုင်သလောက် ပြန်ပြီးတော့ မတင်
ဖို့ပဲရှိတာပဲ။ ကျန်တဲ့ ခေတ်ပေါ်ပိုင်းကသူကလည်း သူ့ဘာသာသူ ကမ္ဗာကြိုက်တယ်ဆိုပြီးတော့ လုပ်နေကြတာပဲလေ။ ဒီအတွက်လည်း ဒီမိုကရေစီ ကြိုက်ရင်လည်း သူ့ကိုသွား ပြီး တော့ ပြောစရာမလိုပါဘူး။ သို့သော် ကလေးတွေက ကိုယ့်ရဲ့တိုင်းပြည်ရဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှု
ကိုတော့ သိပ်ပြီးတော့ မထိခိုက်ရင် ကောင်းတာပေါ့။ ကိုယ့်ပစ္စည်း
ကိုယ် တန်ဖိုးမထားသလို ဖြစ်သွားမှာကို မဖြစ်စေချင်ပါဘူး။ ဒါပါပဲ။
မေး ။ ။ အခု ဂီတလောကကိုရော ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဗမာဆိုတာ ကိုယ့်ရဲ့ရိုးရာပဲပေါ့။ ကိုယ့်ဗမာပုံစံထက် စာရင် နိုင်ငံတကာ ပုံစံတွေက လွှမ်းမိုးသွားတာ တွေ့မြင်မှာပါ။ ဒါကိုပြောတာပေါ့။ နိုင်ငံခြားက ကိစ္စတွေကို မလုပ်ရဘူးလို့ မဆို
ပါဘူး။ တိုးတတ်နေတဲ့ ကာလကြီးမှာ ဘယ်သူမှလည်း မတားဆီး
ချင်ပါဘူး။ သို့သော်လည်း လုပ်သင့်လုပ်ထိုက်တာထက် ပိုလုပ်
လို့ရင် ကိုယ့်အမျိုးသားစိတ်ဓာတ် ပျောက်သွားမှာပေါ့။ အဲဒါတော့
ဆင်ခြင်ဖို့ လိုအပ်တယ်လို့ ပြောချင်တာပါ။
မေး ။ ။ အန်တီအေး ဟိုမှာဆို အသံလွှင့်ဌာနမှာ လုပ်တယ်လို့ သိရပါတယ်။အဲဒီကအတွေ့ကြုံကိုလည်း ပြော
Nပပေးပါအုံး။
ဖြေ ။ ။ ဟိုမှာ အလုပ်လုပ်တယ်ဆိုတာက အမေရိကန်မှာ
ကိုယ်နေပြီးတော့ ယူကေက ယူလုပ်တဲ့သဘောပါပဲ။ သူတို့
ဆီက အသံလွှင့်တာပိုကောင်းတော့ ရုံးထိုင်ရတာ မဟုတ်ပါဘူး။ အိမ်မှာနေပြီးတော့ ကွန်ပြူတာနဲ့ အသံသွင်းပြီးတော့ Eailနဲ့ ပို့
လိုက်တာပါ။ အဲလိုမျိုး လုပ်လိုက်တာပါ။ ကျန်တဲ့ အလုပ်တွေကို သိစရာလည်း မလိုဘူးလေ။ ကိုယ့်မချိန် ကိုယ့်ကာလလည်း
မဟုတ်ဘူးလေ။
မေး ။ ။ ကိုယ့်တိုင်းပြည်ကို ပြန်လာရတော့မယ်လို့ သိရတဲ့အချိန်မှာ ဘယ်လိုမျိုး ဝမ်းသာပီတိ ဖြစ်ရလဲ။
ဖြေ ။ ။ ပြန်လာမယ် ဆိုတာကလည်း အစကတည်းက သူများဆီမှာ နေဖို့သွားတာမှ မဟုတ်တာ။သွားတာကို
က တိုင်းပြည်ကကျေနပ်လို့ လွှတ်လို့ သွားတာပဲ။ ဘုရားကိစ္စ၊ ကျောင်းကိစ္စဆိုတော့ သူများတွေနဲ့ လွှတ်လို့
ဘယ်ရမလဲ။ ကံအားလျှော်စွာ ကိုယ်ကလည်း ဆရာတော်ကြီးနဲ့ ပထမတစ်ခေါက်အမေရိကကို သွားပြီးလည်
ပြီးတော့ ဘုန်းကြီးကျောင်း ကိစ္စတွေ ရန်ပုံငွေကိစ္စတွေ လုပ်ရင်းနဲ့ ကြုံတာကိုး ဆရာတော်ကြီးက သူ ဘုရား
တည်မယ်တဲ့ ပြီးရင် တကာမကြီး အသံလှုမလားဆိုပြီး ပြောထားလို့ အဲဒီအဆက်နဲ့ သွားတာပါ။ သက်သက် တခြားသွားလည်စရာမရှိဘူး။ နေဖို့ဆိုတာလည်း မစဉ်းစားခဲ့ပါဘူး။ဟိုကျမှဘုရားပွဲကိစ္စပြီးတဲ့ အခါကျတော့
ဦးလှထွဠ်တို့၊ ဒေါ်ချိုဝေလွင်တို့ လိုက်ပြီးတော့လည်တယ်လေ။ ပြန်ဖို့ လုပ်တဲ့အခါကျတော့မှ အမေရိကန်က ပထမ တစ်ခေါက်သွားလည်တဲ့ အခါတုန်းက ခင်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်က အလုပ်ထဲမှာ ခုံကျိုးကျလို
ခြေထောက် ကျိုးသွားတယ်။ လူမမာကို ဝင်မေးပြီးတော့မှ ဒီဘက်ကနေ လှည့်ပြန်ပါလို့ ပြောတာနဲ့ ကိုယ်က
ဝင်လည်လိုက်တာ။ ဒါပဲ။
မေး ။ ။ ပြောင်းလဲလာတဲ့ ဂီတအစည်းအရုံးဘက်ကိုရောအန်တီအေး ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဂီတ အစည်းအရုံးကိစ္စကို ခေါင်းထဲမှာ မရှိသေးပါဘူး။ ဆယ်နှစ်မက ဒီဂီတကိစ္စတွေက ပြတ်သွား
တာလေ။ သွားခါနီးမှာလည်း စိတ်ထဲမှာ မချမ်းသာတဲ့ အတွက်ကြောင့် voice coard ယူထားတယ်လေ။ ဒါပေ
မယ် ခုပြန်လုပ်ပေး မယ်လို့ ဆိုထားတာဆိုတော့ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ပါတယ်။ ဟိုတလောက
လည်း ကန်တော့ပွဲလုပ်တဲ့ဆီကိုလည်း သွားခဲ့ပါတယ်။ အားလုံးနဲ့ ပြန်တွေ့တဲ့ အခါကျတော့ ဖြစ်နိုင်သမျှ အား
လုံးကို အကောင်းဆုံးဖြစ်အောင် ကူညီဖို့ စဉ်းစားထားတာပဲရှိပါတယ်။ တခြား တော့မရှိပါဘူး။
မေး ။ ။ အန်တီအေးအနေနဲ့ ဘယ်တော့လောက်ပြန်ဖို့ စိတ်ကူးထားလဲ။
ဖြေ ။ ။ လောလောဆယ်တော့ မတ်လထဲမှာ ပြန်ဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆရာတော်ကြီး ဦးဥာဏ်
သရတ္တိက သဲအုန်းဆရာတော်ဘုရားက အမေရိကန်ကတတ်ဆက်စ်မှာရွှေစည်းခုံဘုရားတစ်ဆူတည်မှာ အဲဒီ
ဘုရားပွဲကို သွားပြီးတော့ ကူညီပါမယ်လို့ ကတိပေးထားတယ်။
မေး ။ ။ ဒီနိုင်ငံရေး အမြင်လေးကိုရော ပြောပြပေးလို့ရမလား။
ဖြေ ။ ။ အန်တီအေးက နိုင်ငံရေးမှ မလုပ်တာ မပြောတော့ပါဘူး။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းန
မျိုးခြားပဲဖြစ်ဖြစ်၊ နိုင်ငံသားပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် အားလုံးက တညီတညွှတ်နဲ့ ကိုယ့်နိုင်ငံ ကို
ကောင်းအောင်ဝိုင်းလုပ်ကြရင် များများပိုပြီးတော့ အစဉ်ပြေမှာပေါ့။ ဒီလိုပဲ မြင်ပါတယ်။
မေး ။ ။ အန်တီအေးရဲ့ ကျန်းမာရေးအခြေအနေကိုပြောပြပါအုံး။
ဖြေ ။ ။ နှလုံးကိုဘိုင်ဘတ်လုပ်ထားရတာပေါ့နော်။ နောက်ပြီးတော့ ကိုယ်တစ်ခြမ်းလည်း လေဖြတ်ထားတာ
ဆိုတော့ခြေထောက်အဆစ်လေးတွေမှာ ဂေါက်ရောဂါဖြစ်ချင်တာပေါ့။ဆေးသောက်နေရတယ်။
မေး ။ ။ ပရိသတ်ကို စကားလက်ဆောင် ပြောပါအုံး။
ဖြေ ။ ။ သောတရှင်တွေကိုတော့ ဘာမှပြောနေစရာ မလိုပါဘူး။သူတို့ကကိုယ့်ကိုမျှော်လင့်နေတယ်ဆိုတာ
ကိုပဲ ဝမ်းသာ စွာနဲ့ပဲ သူတို့ကို ဖျော်ဖြေပေးမယ့် သဘောပဲရှိပါတယ်။ တမ်းတနေတဲ့ ကိစ္စလေးတစ်ခုကို ပြန်
လည်ဖြည့်ဆည်း ပေးရတာပဲ ကိုယ်ကဝမ်းသာပါပြီ။
The Myanmar Age
No comments:
Post a Comment