ကောက်လှိုင်းတင်ရန် ထော်လာဂျီဖြင့် သွားရောက်စဉ် ဓါးထိုးခံရ၍ သေဆုံးသွားကြောင်းရဲထွန်းဦး၏ဇနီးမမြ
ကြည်မှ လာရောက် ပြောကြားခဲ့သဖြင့် သွားရောက်ကြည့်ရှု့ခဲ့ရာ ကော့ဒွန်းကျေးရွာနှင့် ပြည်တော်သာလမ်း
ဆုံ၌ ရဲထွန်းဦးအား ထော်လာဂျီပေါ်တွင် လည်ပင်းဝဲဘက်ထိုးသွင်း ဒဏ်ရာ(၁)ချက် ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရသည်။
ဖြစ်စဉ်မှာ တစ်ရွာတည်းနေ မောင်မြ(၅၆)နှစ်မှ ရဲထွန်းဦး၏ထော်လာဂျီပေါ်တွင်လမ်းကြုံလိုက်လ
ပြောဆိုကာထော်လာဂျီပေါ်သို့ တက်လာပြီး ၎င်း၏ ဇနီးဖြစ်သူနှင့် လူမှုရေးဖောက်ပြန်သည်ဟုစွပ်စွဲ၍ အသင့်
ပါလာသောဓါးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမှုအား ဦးကြည်မြင့်မှ တိုင်တန်း၍ ကွမ်းခြံကုန်းရဲစခန်း (ပ)၄/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment