ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်က သဘောတူ ရေးဆွဲထားပြီးသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကြမ်းများကို ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်ကိုယ်စား ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်သို့ တင်ပြခဲ့ကြောင်း၊ လွှတ်တော်က သမ္မတ၏ ပြင်ဆင်ချက်များနှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ သမ္မတ၏ ပြင်ဆင်ချက်များ အရေးနိမ့်သွားခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
“ပြည်ထောင်စုလွှတ်တော်က အတည်ပြုရေးဆွဲထားတဲ့ ဥပဒေကြမ်းနှစ်ခုကို သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပေးဖို့ ဦးသိန်းစိန်ဆီကို ပို့ထားတယ်။ ဒါပေမယ့် သမ္မတက သူသဘောမတူနိုင်တဲ့ အချက်တွေပါနေလို့ ဆိုပြီး ပြင်ဆင်ချက်လုပ်ပေးဖို့ လွှတ်တော်ကို ပြန်တင်တယ်။ သမ္မတပြင်ဆင်ချက်ကို လွှတ်တော်မှာ မဲခွဲလိုက်တော့ သမ္မတ ရှုံးသွားတယ်။ အခု ပြည်ထောင်စု စာရင်းစစ်ချုပ်နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥပဒေကြမ်းတွေက သမ္မတ သဘောမတူ၊ လက်မှတ်မထိုးလည်း အတည်ဖြစ်သွားပြီ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းတွင် သမ္မတ ဦးသိန်းစိန်က သဘောမတူသော အချက်များရှိပြီး အဓိကအားဖြင့် စာရင်းစစ်ချုပ်သည် သမ္မတနှင့် လွှတ်တော်သို့ တပြိုင်နက်တည်း စာရင်းများ တင်ပြရမည်ဆိုသောအချက်ကို သမ္မတက စာရင်းများကို သမ္မတထံတင်ပြပြီးမှ သမ္မတမှတဆင့် လွှတ်တော်သို့ တင်ပြရမည်ဟု ပြင်ဆင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု သိရှိရသည်။
“ပြည်ထောင်စု စာရင်းစစ်ချုပ်က စာရင်းစစ်ပြီးပြီဆိုတာနဲ့ သမ္မတကိုလည်း တင်ပြရသလို တပြိုင်နက်တည်း လွှတ်တော်ကိုလည်း တင်ပြရမယ်ဆိုတဲ့ အချက်ကို သမ္မတက သဘောမကျဘူး။ စာရင်းစစ်ချုပ်ဆိုတာက သမ္မတက ခန့်အပ်တာဝန်ခံတာမို့ စာရင်းစစ်ပြီးတာနဲ့ သမ္မတဆီက တဆင့်ပဲ စစ်ထားတဲ့စာရင်းတွေကို လွှတ်တော်ကို တင်ပြရမယ်လို့ သမ္မတက ပြင်ဆင်တယ်။ ဒါပေမယ့် လွှတ်တော်ဘက်က ဒါကို ပယ်ချတယ်၊ သဘောမတူဘူး။
လွှတ်တော်ရဲ့ အတည်ပြုချက်အရ စာရင်းစစ်ချုပ်က စစ်ထားတဲ့စာရင်းတွေကို သမ္မတဆီရော၊ လွှတ်တော်ကို
ရော တပြိုင်နက်တည်း တင်ရမယ်။ နောက်တချက်က ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးရင် စာရင်း
စစ်ချုပ်က ၀န်ကြီးဌာနတွေရဲ့ ဆောင်ရွက်မှုတွေကို ၀င်ပြီးတော့ စစ်လို့ရမယ်။ ဒါကိုလည်း သမ္မတကသဘော
မတူဘူး။ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီးပြောပြီး ပြင်ဆင်ဖို့ လုပ်တယ်။ ဒါပေမယ့် လွှတ်တော်မှာ မဲခွဲ
တော့ သမ္မတအဆို ရှုံးတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥပဒေကြမ်းတွင်လည်း သမ္မတက ပြင်ဆင်ချက်များ တင်သွင်းရာ
တွင် ခုံရုံးဥက္ကဋ္ဌကို သမ္မတက ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် ဆိုသော ပြင်ဆင်
ချက် အပါအ၀င် အချက်များ တင်သွင်းခဲ့သော်လည်း လွှတ်တော်တွင်မဲခွဲရာ၌အရေးနိမ့်သွားကြောင်း သိရှိရ
သည်။
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာအဖွဲ့ဝင်၉ ဦးရှိတယ်။၉ ဦးဆိုတာကသမ္မတက၃ ဦး၊ ပြည်သူ့လွှတ်
တော် ဥက္ကဋ္ဌက ၃ ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ၃ ဦး ရွေးချယ်ပေးထားတာ။ အဲဒီ ၉ ဦးမှာ ဥက္ကဋ္ဌကို သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ညှိုနှိုင်းခန့်အပ်ရမယ်လို့ လွှတ်တော်
က အတည်ပြုထားတယ်။
သမ္မတက ဒါကို သဘောမတူဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတက ခန့်အပ်၊ လွှတ်တော်က အတည်ပြု
ရမယ်ဆိုပြီး ပြင်ဆင်ချက်တင်တာ။ နောက်တခုကတော့ ခုံရုံးအဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ရာ ရွေးချယ်ခဲ့တဲ့ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေဆီကို အစီရင်ခံစာ တင်ရမယ်ဆိုတာကို
လည်း သမ္မတက သဘောမတူဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ဥပဒေပြင်ဆင်ချက်များကို တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြ
သော်လည်းလက်တွေ့မဲခွဲရာတွင်ရှုံးနိမ့်ခဲ့ကြောင်းသိရှိရသည်။ဥပဒေကြမ်းနှစ်ခုအပေါ်သမ္မတပြင်ဆင်ချက်
နဲ့ ပတ်သက်လို့ မဲခွဲတော့ သမ္မတပြင်ဆင်ချက်ကို ထောက်ခံတဲ့မဲက ၁၈၀ နဲ့ ၂၀၀ ကြားရတယ်။
ဒါပေမယ့် သမ္မတပြင်ဆင်ချက်ကို ကန့်ကွက်တဲ့မဲက ၃၅၀ နဲ့ ၄၀၀ ကြားမှာ ရှိတယ်။ တပ်မတော်သား ကိုယ်
စားလှယ်တွေက သမ္မတပြင်ဆင်ချက်ကို ထောက်ခံဖို့ အဆိုတင်ကြတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ် ဦးသိန်းညွှန့်က ရှင်းပြသည်။
သမ္မတနှင့် လွှတ်တော်အကြား ဥပဒေကြမ်းအပေါ် အမြင်သဘောထား မတူညီမှုသည် ဒီမိုကရေစီ၏ အနှစ်
သာရ ဖြစ်ကြောင်း ဦးသိန်းညွှန့်က ဆိုသည်။
၂၀၁၂ ခုနှစ်အတွင်းက ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဥပဒေများကိုလွှတ်တော်
က အတည်ပြု ရေးဆွဲခဲ့ရာသမ္မတက ပြင်ဆင်ချက်များတင်သွင်းခဲ့သော်လည်းလွှတ်တော်ကပယ်ချခဲ့သဖြင့်
သမ္မတ လက်မှတ်ရေးထိုးခြင်း မရှိသော ဥပဒေများအဖြစ် တရားဝင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ဧရာဝတီသတင်း
No comments:
Post a Comment