Pages

Pages - Menu

Thursday, January 17, 2013

ကြောင်ကို ဘယ်သူချူဆွဲပေးကြမလဲ

သို့
အယ်ဒီတာ

ကြောင်ကို ဘယ်သူချူဆွဲပေးကြမလဲ


7 Day News ဂျာနယ် အတွဲ (၁)၊ အမှတ် (၃၉) မှာ ပါတဲ့
"မန္တလေးတွင် ဖောင်းကြွ နံပါတ်ပြား တပ်ဆင် မထားသည့် ဆိုင်ကယ် များအား အရေးယူမည်” ဆိုတဲ့ ညီညီဇော် ရေးသားတဲ့ သတင်းကို ဖတ်လိုက်ရလို့ ဒီစာလေး ရေးဖြစ် သွားတာပါ။

စည်းကမ်းမလိုက်နာတဲ့ ပြည်သူကို အရေးယူမယ်ဆိုရင် ၂ နှစ် လောက်ကြာတဲ့ အချိန်ထိအောင် ဖောင်းကြွ နံပါတ်ပြား ထုတ်ပေးဖို့ တာဝန် မကျေပွန်တဲ့ မန္တလေးတိုင်း ဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ကိုရော ဘယ်သူက ဘယ်လို အရေးယူကြပါလဲ ခင်ဗျာ။

ပြည်သူများဟာ စည်းကမ်းလိုက်နာ ကြတဲ့ အတွက် ဆိုင်ကယ် လိုင်စင်လုပ်ကြတာပါ။ လိုင်စင်သက်တမ်း တိုးကြတာပါ။ ဖောင်းကြွ နံပါတ်ပြားကြေးငွေကျပ် ၅၀၀၀ (ကျပ်ငါးထောင်တိတိ) ပေးသွင်း ကြတာပါ။

ဒါပေမဲ့လည်း ဖောင်းကြွ နံပါတ်ပြား ထုတ်ယူတဲ့ အခါမှာတော့ လေးလကြာလည်း မရ၊ တစ်နှစ်ကြာလည်းမ
ရ၊ မေးတော့လည်းရန်ကုန်က မပို့သေးလို့လို့ ပြောဆိုတော့ ဘယ်သူ့မှာ တာဝန်ရှိလို့ ဘယ်လိုများ စည်းကမ်း လိုက်နာ ကြရမှာပါလဲ။

ကျွန်တော့်မိတ်ဆွေ တစ်ဦးဆိုလျှင် ၁၇ မိုင်လောက်ဝေးတဲ့ နေရာကနေ ကညနရုံးကို လေးလကို တစ်ကြိမ်

သွားပြီး ဖောင်းကြွ နံပါတ်ပြား ထုတ်ဖို့ ကြိုးစားခဲ့တာ။ ဆိုင်ကယ် နောက်တစ်ကြိမ် သက်တမ်းတိုးတဲ့ အချိန်
အထိ (၂ နှစ်ကျော်ကြာသည့် တိုင်အောင်) ဖောင်းကြွ နံပါတ်ပြား မရရှိသေးပါဘူး။

7 Day News ဂျာနယ်ပါ သတင်းအရ နံပါတ်ပြား မထုတ်ယူသေးတဲ့ ဆိုင်ကယ်ပေါင်း ၁၅၀ç၆၄၂ စီးတောင် ရှိတယ် ဆိုတော့ ဘယ်ဘက်က လိုအပ်ချက်လဲဆို တာ သိသာနိုင်ပါတယ်။



အယ်ဒီတာကြီး ခင်ဗျာ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကြီးကို ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တည်

ဆာက်ရာမှာ ဒီလို စနစ်ဆိုး လက်ကျန်ကို ဘယ်လိုတိုက်ဖျက်ကြမှာပါလဲလို့ ပြည်သူတွေရဲ့ ကိုယ်စား တင်ပြ
လိုက်ပါတယ်ခင်ဗျာ။ သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့မှ လူကြီးမင်းများ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ လူကြီးမင်းများ သိရှိ နိုင်ရန်အတွက် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

စည်းကမ်း လိုက်နာလိုသော မန္တလေးနေ ပြည်သူတစ်ဦး
The Voice Weekly

No comments:

Post a Comment