Pages

Pages - Menu

Friday, January 18, 2013

ကချင်ပြည်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ချက်ချင်းရပ်ဆိုင်းရန် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော် အတည်ပြု

ကချင်ပြည် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ အဆိုပါ အရေးကြီးအဆိုမှာ "ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး" အဆိုဖြစ်သည်။

အဆိုပါ အရေးကြီး အဆိုနှင့် ပတ်သတ်၍ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက "ဒီအဆိုဟာ တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေတဲ့ အဆိုဖြစ်သည့်အတွက် အဆိုနှင့်ပတ်သတ်ပြီး ဆွေးနွေးမှုတွေ လက်ခံဆောင်ရွက်နေမှာမဟုတ်ဘဲ လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်၏ အဆုံးအဖြတ် ရရယူရာတွင် လွှတ်တော် ကိုယ်စားလှယ် အားလုံးမှ ထောက်ခံသဖြင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူတင်သွင်းသည့် အဆိုအား လွှတ်တော်မှ အတည်ပြုခဲ့သည်။
Eleven Media

No comments:

Post a Comment