တို့ကနေတဆင့် မြန်မာအစိုးရကို လွှဲပေးဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်က အခုအချိန်အထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။
လိုင်ဇာမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့ညက ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ပြောရေးဆိုခွင့်
ရှိသူ ဦးလနန် တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်က ပြောခဲ့တာဖြစ်တယ်လို့ ကိုမြအေးက RFA ကို ပြောပါတယ်။
"မနေ့ကတွေ့တဲ့အခါ ဦးဂွမ်မော်နဲ့ ဦးလနန်တို့နဲ့ သုံ့ပန်းတွေ ဒီမှာထိမ်းရသိမ်းရခက်တဲ့အခါကျတေ
မှာ ပြဿနာရှိတယ် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်မနက်ဖြန်ပြန်မယ် ဆိုတဲ့အခါကျတော့ ကျနော်ခေါ်သွား
မယ်ဆို ခေါ်သွားလို့ရတယ်။ ကြယ်ဂေါင်အထိဒီဘက်ကလိုက်ပို့ပေးမယ်။ မြန်မာပြည်ဘက်အခြမ်းကျရင်အစိုး
ရကို အပ်လိုက်ယုံပဲပေါ့။အဲဒီတော ဒီရဲဘော်တွေ ခေါ်သွားပြီးတော့ ကျနော်က အပ်ချင်တယ်ဗျ အစိုးရလက်
ခံပေးဖို့တော့ လိုတယ်။ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲဒီတပ်မတော်သားတွေကိုလဲ အထိခိုက်မနစ်နာစေချင်ဘူး။"
၂၀၁၁ ခုနှစ် ဇွန်လမှာ နှစ်ဘက် တိုက်ပွဲတွေစဖြစ်ပြီးနောက်ပိုင်
အရေအတွက် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သူတို့ကို လိုင်ဇာကနေ တရုတ်ပြည်ကို ဖြတ်ပြီး မူဆယ်ကို ပြန်အပ်ချင်ပေမဲ့ အစိုးရဘက် ခုအချိန်အထိ ဘာမှ မတုံ့ပြန်သေးဘူးလို့ ကိုမြအေးက ဆက်ပြောပြပါတယ်။
ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ လူမှုရေးစာမျက်နှာမှာလည်း၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကေ
အိုင်အို/ ကေအိုင်အေ အဖွဲ့အစည်းတွေက ထိန်းသိမ်း ထားတဲ့ တပ်မတော်/
လာခဲ့ခြင်းကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျှက် ရှိတယ်လို့ အစိုးရ
သတင်းထုတ်ပြန်ရေးအဖွဲ့ထံက
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ ဟာ
ကေအိုင်အို ဌာနချုပ်ကနေ ပြန်လည်ထွက်ခွာလာပြီ ဖြစ်ပါတယ်။
RFA (Burmese)
No comments:
Post a Comment