မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့
ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ် လူမျိုး ၅ ဦးမှ
ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား
(၅)ဦး၊ မ(၁)ဦးစုစု
ပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)ပေခန့်ရှိ
အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်
စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု
ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈
ဖြင့် အရေးယူထားကြောင်း Independent မှ သတင်းရရှိပါသည်။
Myanmar Independent News

No comments:
Post a Comment