RANGON NEWS DAILY

Pages

▼

Pages - Menu

▼

Saturday, January 12, 2013

ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား"


အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်တွေ တိုးမြှင့်ချထားလိုက်တယ်လို့ အင်္ဂလပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times တရုတ်အစိုးရသတင်းစာက ဖေါ်ပြလိုက် ပါတယ်။ အခြေအနေတွေကို သိရဖို့အတွက် တရုတ်၊ယူနန်ပြည်နယ် နဲ့ မြန်မာ ကချင်ပြည်နယ် နယ်စပ်မှာ စစ်တပ် တွေချထားခဲ့တာဖြစ်ကြောင်း Global Times က သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် တပ်အင်အား ဘယ်လောက်ချထားတယ် စတာကိုတော့ အသေးစိတ်အချက်အလက်တွေ ဖေါ်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်န၀ါရီ (၉) ရက်နေ့ညက ကချင်ဘက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီးတဲ့နောက်မှာတော့ ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲ ပြေးဝင်လာခဲ့ကြတယ်ဆိုတာကိုတော့ ဖေါ်ပြထားပါတယ်။

မနှစ်ကကချင်ပြည်နယ်တွင်းတိုက်ပွဲတွေကြောင့်တရုတ်နိုင်ငံထဲထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေကို တရုတ်
အစိုးရက အတင်းအကျပ်ပြန်ပို့ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

RFA (Burmese)
Kolatt at 1:51 PM
Share

No comments:

Post a Comment

‹
›
Home
View web version

ငြိမ်းချမ်းပါစေမြန်မာပြည်

Kolatt
View my complete profile
Powered by Blogger.