Pages

Pages - Menu

Thursday, January 3, 2013

နေပြည်တော်လွတ်လပ်ရေးနေ့ အခမ်းအနား တိုင်းရင်းသားပါတီဥက္ကဋ္ဌအချို့ မတက်ရောက်။

လတ်တလောကချင်ဒေသမှာတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကဖိတ်ကြား
တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌကပြောပါ
တယ်။ လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အ
နေနဲ့လည်း ထပ်တူခံစားရပြီးသမ္မတဦးသိန်းစိန်ဖိတ်ကြားထားတဲ့ နေပြည်တော်ကလွတ်လပ်ရေးနေ့အထိမ်း
အမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။
“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်မှုမှု လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာငြိမ်းချမ်းရေးမ
ဆန်တဲ့ လုပ်ငန်းတွေ ဒီဘက်မှာတဖက်လှည့်ပြီးလုပ်နေတာကတော့ကျနော် အကြီးအကျယ်ကန့်ကွက်တယ်။

နေပြည်တော်မှာ လွတ်လပ်ရေးညစာစားပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက်ကျနော့်ကိုဖိတ်ထားတယ်။ကျနော်ကတော့

မတက်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကချင်ညီအစ်ကိုတွေ လွတ်လပ်ရေးနေ့မှာသူတို့မပျော်ရွှင်နိုင်ဘူး
။ သူတို့နဲ့အတူ ကျနော်လည်း မပျော်ရွှင်နိုင်ဘူး။

ကချင်ညီအစ်ကိုတွေခရစ္စမတ်ညတောင်မှ အေးအေးဆေးဆေးမလုပ်နိုင်တဲ့အခြေအနေ ရောက်သွားတယ်။

အဲဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျနော် သုံးသပ်ချင်တယ်။”

အစိုးရရုပ်သံဌာနကဇန်န၀ါရီလ ၂ ရက်နေ့ကအိမ်မှာလာပြီး အင်တာဗျုးတော့လည်းညစာစားပွဲမတက်မယ့်

အကြောင်းကို ထည့်သွင်းပြောကြားခဲ့တယ်လို့ ပူးဇိုဇမ်က ပြောပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့မှာကျရောက်မယ့် ၆၅ နှစ်မြောက်အထိမ်းအမှတ်ညစာစားပွဲကို နေပြည်တော်မှာကျင်း

ပဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတကတော်တို့က နိုင်ငံရေးပါတီအသီးသီးက ဥက္ကဋ္ဌတွေကို ဖိတ်ကြားထား
ပါတယ်။

dvb news

No comments:

Post a Comment