Pages

Pages - Menu

Tuesday, January 29, 2013

ရန်ကုန်မြို့မှ လိုင်ဇာ အထိ မိုင်ပေါင်း ၈၅၀ ကျော် ခရီးရှည်လမ်းလျောက် ချီတက်နေသည့် ငြိမ်းချမ်းရေး အဖွဲ့များသည် တောင်ငူမြို့ အနီးသို့ ရောက်ရှိ

ရန်ကုန်မြို့မှ လိုင်ဇာ အထိ မိုင်ပေါင်း ၈၅၀ ကျော် ခရီးရှည်လမ်းလျောက် ချီတက်နေသည့် ငြိမ်းချမ်းရေး အဖွဲ့
များသည် တောင်ငူမြို့ အနီးသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ နေ့လည်စာ ထမင်းကျွေး လှူဒါန်းရန် ဒေသခံများ
က ပြင်ဆင်ခဲ့သော်လည်အာဏာပိုင် အဖွဲ့များက ကန့်သတ်ချုပ်ချယ် ခြိမ်းခြောက်ခြင်းကြောင့် လမ်းလျောက်
ချီတက်နေသော ငြိမ်းချမ်းရေး အဖွဲ့အတွက် ယနေ့ နေ့လည်စာ ကို မိမိတို့ အစီအစဉ်ဖြင့်ပင် ၀ယ်ယူ စားသုံး
ရမည်ဖြစ်ကြောင်း။ နေ့လည်စာကို တောင်ငူမြို့ မရောက်မှီ ငါးမိုင်ခန့်အကွာ လမ်းလေး တနေရာတွင်သာခန
ရပ်နား စားသုံးပြိး နေ့ခင်းတွင် သမိုင်းနာမည်ကျော် မျိုးချစ်တိုင်းရင်းသားများ နေထိုင်ရာ တောင်ငူမြို့ကို
 ဖြတ်ကျော် လမ်းလျောက် ကာ ကချင်ဒေသ ဆီသို့ ဦးတည် သွားမည်ဖြစ်ပါသည်။
ကောလ ဟာလသတင်းများစွာ ထွက်ပေါ်နေပြီး၊ တောင်ငူမြို့ကို ဖြတ်သန်းမည့်လမ်းလျောက်သူများအားဖမ်း
ဆီးမိန့်များ ထုတ်ပြန်ထားကြောင်း ခြိမ်းခြောက် သတင်းများ ဟိုကသည်မှထွက်ပေါ်နေသော်လည်း ငြိမ်းချမ်း
ရေး လိုလားချက်ဖြင့် လမ်းလျောက် ချီတက်သူ လူငယ်တို့က မတုန်မလှုပ်ပဲ ရည်မှန်းချက် အတိုင်း ငြိမ်းချမ်း
စွာ ဆက်လက် လမ်းလျောက်သွားမည်ဖြစ်ပါသည်။

ပြည်ပ သတင်းဌာနကြီးများမှ နိုင်ငံခြားသား သတင်းထောက် အချို့လည်းအတူလိုက်ပါလာပြီး သတင်း မှတ်

တမ်း ရုပ်ရှင်များ ရိုက်ကူးလျှက်ရှိပါသည်။

အုပ်ချုပ်ရေး အာဏာပိုင်များ အနေဖြင့် လူ့အခွင့်အရေးပါ အတိုင်း၊လူသား ရပိုင်ခွင့်ဖြစ်သည့်မိမိခြေထောက်

ဖြင့် မိမိ လမ်းလျောက်ခြင်းကို ကန့်သတ်တားမြစ် ချုပ်ချယ် ခြိမ်းခြောက်ခြင်းမျိုး ပြုလုပ်ခြင်းဖြင့် လူ့အခွင့်
အရေးကို အုပ်ချုပ်သူ ကိုယ်တိုင်က ချိုးဖေါက်ခြင်းမျိုး မဖြစ်ပေါ်သင့်ပါကြောင်း။

No comments:

Post a Comment