Pages

Pages - Menu

Wednesday, January 16, 2013

“ဦးကျော်သူရဲ့ ကမ်းလက်ကြောင့် ဇာတ်ဆောင်အလုပ် စတင်ဖြစ်တော့မယ့် နန်းခင်ဇေယျာ”

“ဦးကျော်သူရဲ့ ကမ်းလက်ကြောင့် ဇာတ်ဆောင်အလုပ် စတင်ဖြစ်တော့မယ့် နန်းခင်ဇေယျာ”
 

Posted lu bo Wednesday, January 16, 2013 

ဧည့်လမ်းညွန် Miss Myanmar နန်းခင်ဇေယျာက ‘ပထမ’ များစွာ နဲ့ အနုပညာအလုပ်ကို တစ်ခုပြီးတစ်ခု လှုပ်ရှားမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ကြော်ငြာ၊ ဘေဘုတ်၊ အလှဓာတ်ပုံတွေကို တောက်လျှောက် ရိုက်လာသလိုပဲ ကိုယ်တိုင်အားကျခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးရဲ့ ကမ်းလှမ်းမှုကြောင့် ပထမဆုံး ဗီစီဒီ ရိုက်ကူးဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ 

 အခုအချိန်မှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ကမ်းလှမ်းမှုကြောင့် ပထမဦးဆုံး ဇာတ်ကားရိုက်ကူးမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

နန်းခင်ဇေယျာ အခုရိုက်ကူးမယ့်ဇာတ်ကားကို လက်ခံဖြစ်ပုံနဲ့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကို မေးကြည့်တော့ “ရိုက်ရမယ့် ကာရိုက်တာ မသိရသေးပါဘူး။ ကာရိုက်တာမသိဘဲနဲ့ လက်ခံဖြစ်ပုံကတော့ ဦးကျော်သူက ဖုန်းဆက်ပြီးပြောတော့ ဒါပရဟိတပွဲပဲ နန်းခင်ဇေယျာ လုပ်မှာပေါ့။ ဒါပထမဆုံး ဇာတ်ကားပါ။ ကိုယ် တန်ဖိုးထားတဲ့ အနုပညာနဲ့ ကိုယ်မြတ်နိုးတဲ့ ပရဟိတအလုပ်မှာ ပေါင်းပြီး လုပ်ဆောင်ခွင့် ရတော့ ပျော်တာပေါ့။

ကျွန်မ လက်ခံတဲ့အတွက် ဦးကျော်သူက အမြန်ဆုံး ရိုက်မှာပါ။ ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ လုပ်မယ်ဆိုတော့ ဝမ်းသာတယ်။ ရင်လည်း ခုန်နေပါတယ်။ အခုပရဟိတပွဲမှာ သရုပ်ဆောင်ရတော့မယ်ဆိုတော့ ပထမဆုံး ဇာတ်ကားမို့ ကိုယ့်ကိုယ်ကိုယ် တအားကြိုးစားရမယ် ဆိုတဲ့အသိ ဝင်လာတယ်။  ရင်ခုန်စွာနဲ့ ပြင်ဆင်နေမှာပါ။ 

ဘယ်တော့ စရိုက်မှာလဲဆိုတာတော့ မသိသေးဘူး။ ကာရိုက်တာတောင် မသိသေးပါဘူး။ ၂ဝ၁၃ ဇန်နဝါရီလထဲမှာပဲ ပရဟိတခရီးတစ်ခု သွားမယ်။ ဘာခေါင်းစဉ်နဲ့ ရိုက်မလဲတော့ မသိသေးဘူး။ ဧည့်လမ်းညွှန် အလုပ်ကိုတော့ ၁၆ ရက်ကနေ ၂၃ ရက်နေ့အထိ ကျွန်မ အလုပ်တစ်ခု လက်ခံထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

by AF
ဧည့်လမ်းညွန် Miss Myanmar နန်းခင်ဇေယျာက‘ပထမ’များစွာနဲ့ အနုပညာအလုပ်ကို တစ်ခုပြီးတစ်ခု လှုပ်
ရှားမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ကြော်ငြာ၊ ဘေဘုတ်၊အလှဓာတ်ပုံတွေကို တောက်လျှောက်ရိုက်လာ
သလိုပဲ ကိုယ်တိုင်အားကျခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးရဲ့ ကမ်းလှမ်းမှုကြောင့် ပထမဆုံး ဗီစီဒီ ရိုက်ကူးဖြစ်
ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
အခုအချိန်မှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ကမ်းလှမ်းမှုကြောင့် ပထမဦးဆုံး ဇာတ်ကားရိုက်ကူးမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

နန်းခင်ဇေယျာအခုရိုက်ကူးမယ့်ဇာတ်ကားကိုလက်ခံဖြစ်ပုံနဲ့သရုပ်ဆောင်ရမယ့်ကာရိုက်တာကို မေးကြည့်
တာ့ “ရိုက်ရမယ့် ကာရိုက်တာ မသိရသေးပါဘူး။ ကာရိုက်တာမသိဘဲနဲ့ လက်ခံဖြစ်ပုံကတော့ ဦးကျော်သူ
က ဖုန်းဆက်ပြီးပြောတော့ ဒါပရဟိတပွဲပဲ နန်းခင်ဇေယျာ လုပ်မှာပေါ့။ ဒါပထမဆုံး ဇာတ်ကားပါ။ ကိုယ် တန်
ဖိုးထားတဲ့ အနုပညာနဲ့ ကိုယ်မြတ်နိုးတဲ့ ပရဟိတအလုပ်မှာ ပေါင်းပြီး လုပ်ဆောင်ခွင့် ရတော့ ပျော်တာပေါ့။

ကျွန်မ လက်ခံတဲ့အတွက် ဦးကျော်သူက အမြန်ဆုံး ရိုက်မှာပါ။ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအနေနဲ့ လုပ်

မယ်ဆိုတော့ ဝမ်းသာတယ်။ ရင်လည်း ခုန်နေပါတယ်။ အခုပရဟိတပွဲမှာ သရုပ်ဆောင်ရတော့မယ်ဆိုတော့ ပထမဆုံး ဇာတ်ကားမို့ ကိုယ့်ကိုယ်ကိုယ် တအားကြိုးစားရမယ် ဆိုတဲ့အသိ ဝင်လာတယ်။ ရင်ခုန်စွာနဲ့ ပြင်
ဆင်နေမှာပါ။

ဘယ်တော့ စရိုက်မှာလဲဆိုတာတော့ မသိသေးဘူး။ ကာရိုက်တာတောင် မသိသေးပါဘူး။ ၂ဝ၁၃ ဇန်နဝါရီ

လထဲမှာပဲ ပရဟိတခရီးတစ်ခု သွားမယ်။ ဘာခေါင်းစဉ်နဲ့ ရိုက်မလဲတော့ မသိသေးဘူး။ ဧည့်လမ်းညွှန် အ
လုပ်ကိုတော့ ၁၆ ရက်ကနေ ၂၃ ရက်နေ့အထိ ကျွန်မ အလုပ်တစ်ခု လက်ခံထားပါတယ်” လို့ ပြောပြခဲ့ပါ
တယ်။

by AF

No comments:

Post a Comment