Pages

Pages - Menu

Saturday, January 12, 2013

ကျောက်တန်းမြို့နယ်ရှိ ဂဏန်း အအေးခန်း စက်ရုံ တစ်ရုံ မီးလောင်မှုဖြစ်ပွား


1.11.08

ကျောက်တန်းမြို့နယ် သီတာမြိုင် ရပ်ကွက်ရှိ အောင်မိုးခိုင် ဂဏန်း အအေးခန်းစက်ရုံတွင် ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ အချိန် ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းမီးလောင်မှုကို မီးငြိမ်းသတ်ရာတွင် မီးသတ်ဝန်ထမ်း တစ်ဦးမှာ မီးခိုးများ ရှုရိုက်မိရာမှ သတိမေ့သွား
ခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သန်းဇော်မြမှ ပြောကြားခဲ့သည်။

1.11.09

မီးလောင်မှု ဖြစ်စဉ်မှာ ဂဏန်းစက်ရုံအတွင်း အအေးခန်း ဂတ်စ်ပိုက်လိုင်း ယိုစိမ့်ရာမှ အပူလွန်ကဲပြီး မီးစ
တင် လောင်ကျွမ်းခဲ့ရာ ညနေပိုင်း ၅ နာရိ ၁၈ မိနစ် အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ကျောက်တန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “အအေးခန်းတစ်ခန်း
လုံး မီးလောင်ကျွမ်းခဲ့ပါတယ် လောလောဆယ် အခြေအနေအရတော့ သိန်း ၁၅၀နီးပါးလောက် ဆုံးရှုံးသွား
တယ်လို့ ခန့်မှန်းထားပါတယ်” ပြောကြားခဲ့ပါသည်။

1.11.10

အဆိုပါဖြစ်စဉ်ကို မီးသတ်ယာဉ် ၁၅ စီးနှင့် အုပ်ချုပ်မှုယာဉ် ခြောက်စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

Eleven Media:

No comments:

Post a Comment