Pages

Pages - Menu

Tuesday, January 22, 2013

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေအနေကြောင့် တနင်္လာနေ့က လေ
ယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည်
တနင်္ဂနွေနေ့ကလည်း ခရီးစဉ် စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းကို ရွှေ့ဆိုင်းခဲ့ရသေးသည်။ အဓိကအားဖြင့် ဗြိတိန်နိုင်ငံ တစ်ဝှမ်းလုံး ဆီးနှင်းများ ထူထပ်များပြားစွာ ကျရောက်နေခြင်းကြောင့် ယခုလို ခရီးစဉ်များ ဖျက်သိမ်းနေရခြင်း ဖြစ်သည်။

heathrow

လေ့လာသူများက ရာသီဥတု ဆက်လက် ပြင်းထန်နေနိုင်သည့် အခြေအနေကြောင့် အလားတူ အခြေအနေ
မျိုး လာမည့် နေ့ရက်များတွင် ဆက်လက် ပေါ်ပေါက်နေနိုင်ဆဲဟု မှတ်ချက်ပြုထားသည်။ ဟိဿရိုးသည် ဥရောပတွင် အလုပ်အရှုပ်ဆုံး၊ ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်လည်း ဖြစ်သည်။ တနင်္လာနေ့
တွင်မူ ခရီးစဉ် စုစုပေါင်း (၁၃၀)မျှကို ဖျက်သိမ်းခဲ့ရသည်။ ယင်းတို့အနက် အများဆုံးသည် ဗြိတိသျှ လေကြောင်းလိုင်းများ ဖြစ်ကြသည်။

ရာသီဥတုကြောင့် မြင်ကွင်းရှင်းလင်းမှုအရမ်းအားနည်းတယ်။ ပြီးတော့ လေယာဉ် ပြေးလမ်းတွေအသုံးပြု
နိုင်မယ့် အခြေအနေကလည်း သာမန်ထက် နည်းသွားတာကြောင့် ခရီးစဉ်တွေ မရွှေ့ဆိုင်း၊ မဖျက်သိမ်းဘဲ
 လေယာဉ်တွေ အလွယ်တကူ အဆင်းအတက် ပြုလုပ်ဖို့ မဖြစ်နိုင်တော့ဘူး။

ဟိဿရိုးမှာ နေ့စဉ် လေယာဉ် အဝင်အထွက်က အရမ်းများတာကြောင့် ရွှေ့ဆိုင်းထားရတဲ့ ခရီးစဉ်တွေအ
တွက် ပြန်ပြီး စီစဉ်ဖို့က လောလောဆယ်တော့ မဖြစ်နိုင်ဘူး"ဟု လေဆိပ်မှာ ပြောရေးဆိုခွင့်ရအရာရှိ တစ်ဦး
က ပြောဆိုသွားသည်။ ဟိဿရိုးတွင် တနင်္ဂနွေနေ့ကလည်း လေယာဉ် ခရီးစဉ် (၂၅၀)ကျော်ကို ဖျက်သိမ်း
ခဲ့ရသေးသည်။

အင်္ဂါနေ့နှင့် နောက်ပိုင်းတွင် ဆီးနှင်းကျရောက်မှု တဖြည်းဖြည်း လျော့ပါးသွားမည်ဟု မိုးလေဝသ ပညာရှင်
များက ပြောကြားထားသော်လည်း လေယာဉ် ခရီးစဉ်အချို့ ဖျက်သိမ်းရနိုင်သည့်အလားအလာမျိုး ကျန်ရှိနေ
ဆဲဟုလည်း သတင်းများက ဖော်ပြသွားသည်။

Source: Reuters

No comments:

Post a Comment