Pages

Pages - Menu

Tuesday, January 29, 2013

ဆီးဂိမ်းပြိုင်ပွဲ အားကစားနည်း ၃၃ မျိုး ထည့်သွင်း ကျင်းပမည်

ရန်ကုန်၊ဇန်န၀ါရီ-၂၉

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အားကစားနည်းစုစုပေါင်း (၃၃)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြေးခုန်ပစ်၊ ရေကူး/ဒိုင်ဗင်၊ မြှားပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်/ စနူကာ၊ လက်ဝှေ့၊ ကနူး/ကယက်၊ စက်ဘီး၊ မြင်းစီး၊ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ အနောက်တိုင်းလှေ၊ ပိုက်ကျော်ခြင်း/ရိုးရာခြင်းလုံး၊ သေနတ်ပစ်၊ ရွက်လှေ၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ နပမ်း၊ ၀ူရှူး၊ ကာယဗလ၊ ရိုးရာလှေ၊ စစ်တုရင်၊ ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ်၊ ပန်တက်၊မွေ၊ ကင်ပို စသည့် အားကစားနည်း(၃၃)နည်းကို လာမည့်ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပရန် ဇန်န၀ါရီ ၂၉ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် (SEAGF)ကောင်စီ အစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများမှ တာဝန်ရှိသူများက သဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ကို လာမည့်ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့်
ငွေဆောင်ကမ်းခြေများတွင် ကျင်းပသွားမည်ဖြစ်သည်။
 7days News:

No comments:

Post a Comment