Pages

Pages - Menu

Saturday, January 26, 2013

ပုဂံ-ညောင်ဦးရှိ ရွှေစည်းခုံ စေတီတော်ကြီး၏ ပရ၀ဏ်တွင်း အနောက်ဥပစာရှိ အဖေရွှေညိုသင်နှင့် သားတော် ရွှေစကားနတ် (အဖေထက်သားတစ်လဦး)နတ်ရုပ်ထုမှ ရွှေများပွတ်ယူခံရမှု ဖြစ်ပွား


ပုဂံ-ညောင်ဦးရှိ ရွှေစည်းခုံ စေတီတော်ကြီး၏ ပရ၀ဏ်တွင်း အနောက်ဥပစာရှိ အဖေရွှေညိုသင်နှင့် သားတော် ရွှေစကားနတ် (အဖေထက်သားတစ်လဦး)နတ်ရုပ်ထုမှ ရွှေများပွတ်ယူခံရမှု ဖြစ်ပွားခဲ့ ကြောင်း ရွှေစည်းခုံလုံခြုံရေးဝန်ထမ်းများထံက သိရသည်။
 ထိုကိစ္စရပ်အား လုံခြုံရေးဝန်ထမ်းများ၊ ဘုရားဂေါပက အဖွဲ့မှ မည်သူတစ်ဦးတစ်ယောက်ထံကိုမျှ အကြောင်းကြားခြင်း ခွင့်ပြုချက်တောင်းခြင်းမရှိပဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။

နတ်ရုပ်ကိုရွှေချထားတာကြာပြီဆိုတော့ ရွှေတွေက ဖုထစ်နေတယ်၊အဲ့ဒါကို ခွာယူနေကြတာ၊ သူတို့  ဘယ်သူ့မှ မပြောဘူး၊ ကျွန်တော်တို့တွေ့လို့ ဥက္ကဋ္ဌသွားပြောတယ်၊ ဥက္ကဋ္ဌကလိုက်ကြည့်ပေးပြီးတော့ သက်ဆိုင်ရာကိုလည်း အကြောင်းကြားတယ်ဟု    ရွှေစည်းခုံ လုံခြုံရေးဝန်ထမ်းကဆိုသည်။
 
 အဆိုပါ နတ်ရုပ်ထုမှ ရွှေများချွတ်ယူနေသူများမှာ ကိုဇော်လတ်အောင်နှင့် အပေါင်းအပါ (၆)ဦးဖြစ်ပြီး ၄င်းတို့အား သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ပေးရန် တင်ပြထားကြောင်းကိုလည်း သိရသည်။
 
အဆိုပါ  နတ်ရုပ်ထုများတွင် ရွှေသင်္ကန်းကပ်လှူခြင်းကို ရှေးနှစ်ပေါင်းများစွာကပင် အစဉ်အဆက် ပြုလုပ်လာခဲ့သဖြင့် ရွှေများ ဖုထစ်နေသည့်အတွက် ယခုကဲ့သို့ ရွှေများချွတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 အဆိုပါဖြစ်ရပ်မှာ ဇန်န၀ါရီလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မြစ်မခမီဒီယာ

No comments:

Post a Comment