Pages

Pages - Menu

Monday, January 21, 2013

ပြည်ပမှ ရောက်ရှိလာသော ဓာတ်အားပေး စက်များ တည်ဆောက် တပ်ဆင်လျက်ရှိ

ဓာတ်အားပေး စက်များ တည်ဆောက် တပ်ဆင်လျက်ရှိ

ပြည်ပမှ ရောက်ရှိလာသော ဓာတ်အားပေး စက်များကို လှော်ကား စက်ရုံ၌ အသစ်တည် ဆောက်မည့် တာဘိုင်စက် ၂၆ လုံးအနက် (1 MW) Gas Engine ရှစ်လုံးသည် ဇန်နဝါရီ ၁၇ ရက်က စက်ရုံသို့ ရောက်ရှိပြီး Foundation ပေါ်သို့ တပ်ဆင်လျက် ရှိသည်။

အလုံ စက်ရုံ၌ တပ်ဆင်မည့် Gas Turbine တစ်လုံး၊ Generator နှင့် Accessories များသည် ဇန်နဝါရီ ၁၈ ရက်က စက်ရုံသို့ ရောက်ရှိပြီး Foundation ပေါ်သို့ တင်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ သာကေတ စက်ရုံအတွက် ရောက်ရှိနေသော (3.3  MW) Gas  Engine လေးလုံးကို ဇန်နဝါရီ ၁၉ ရက်က Foundation ပေါ်သို့ တင်ပြီးဖြစ်သည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ၂ဝ၁၃ ခုနှစ် နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရေး အတွက် လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ ဓာတ်အားပေး စက်ရုံများတွင် ဓာတ်အားပေးစက် အသစ်များကို တိုးချဲ့ တည်ဆောက်လျက် ရှိကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/4865-2013-01-21-09-04-16#.UP1M8528B8E

ပြည်ပမှ ရောက်ရှိလာသော ဓာတ်အားပေး စက်များကို လှော်ကား စက်ရုံ၌ အသစ်တည် ဆောက်မည့် တာဘိုင်စက် ၂၆ လုံးအနက် (1 MW) Gas Engine ရှစ်လုံးသည် ဇန်နဝါရီ ၁၇ ရက်က စက်ရုံသို့ ရောက်ရှိပြီး Foundation ပေါ်သို့ တပ်ဆင်လျက် ရှိသည်။
အလုံ စက်ရုံ၌ တပ်ဆင်မည့် Gas Turbine တစ်လုံး၊ Generator နှင့် Accessories များသည် ဇန်နဝါရီ ၁၈ ရက်က စက်ရုံသို့ ရောက်ရှိပြီး Foundation ပေါ်သို့ တင်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ သာကေတ စက်ရုံအတွက် ရောက်ရှိနေသော (3.3 MW) Gas Engine လေးလုံးကို ဇန်နဝါရီ ၁၉ ရက်က Foundation ပေါ်သို့ တင်ပြီးဖြစ်သည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ၂ဝ၁၃ ခုနှစ် နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရေး အတွက် လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ ဓာတ်အားပေး စက်ရုံများတွင် ဓာတ်အားပေးစက် အသစ်များကို တိုးချဲ့ တည်ဆောက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment