Pages

Pages - Menu

Monday, January 28, 2013

“အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတစ်ခုအပေါ် ကြွေးမြီများ ရှင်းလင်းနိုင်ခဲ့ကြောင်း ဘဏ္ဍာအခွန် ကြေငြာ”

၁၉၇၃ ခုနှစ်က အစိုးရ၏ ကြွေးမြီများကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပြီဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ယနေ့တွင် တရားဝင်ပြောဆို လိုက်သည်။ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် အာရှဖွံဖြိုးရေးဘဏ်မှ ချေးယူခဲ့သည့် အကြွေးလက်ကျန် ချေးငွေ ကန်ဒေါ်လာ ငါးရာဆယ့်နှစ်သန်းကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြ ပါရှိထားပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း တစ်ခုအပေါ် ထိုကဲ့သို့ ကြွေးမြီလက်ကျန်များ ရှင်းလင်းနိုင်ခဲ့သောကြောင့် နိုင်ငံ တကာအသိုင်းအ၀ိုင်းတွင် တာဝန်သိနိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ အသိအမှတ်ပြုခံရမည်ဟုလည်း ဖော်ပြပါရှိထားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ်မှ ပေါင်းကူးချေးငွေဖြင့်ဆပ်ခြင်းဖြစ်သည်ဟု ဆိုပြီး နှစ် ၃၀ အတွင်း ပထမဦးအများဆုံး ချေးငွေအပေါ် ဆပ်နိုင်ခြင်း ဖြစ်သည်ဟုလည်း ကြွေးမြီများနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

PN051
Popular Myanmar News:

No comments:

Post a Comment