Pages

Pages - Menu

Thursday, January 3, 2013

ယမန့်နေ့က မြဝတီ မီးလောင်မှုတွင် ကလေးငယ်တစ်ဦး မီးထဲပါသွား

ယမန့်နေ့က မြဝတီ မီးလောင်မှုတွင် ကလေးငယ်တစ်ဦး မီးထဲပါ

မြ၀တီ၊ ဇန်န၀ါရီ ၃။

ယမန်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မြ၀တီမြို့၊ အမှတ်(၁) ရပ်ကွက် စိန်ပန်းလမ်းနှင့် နှင်းဆီလမ်းထောင့်အတွင်း မီးလောင်မှုဖြစ်ပွားရာ ရှစ်နှစ် အရွယ် ကလေးငယ်တစ်ဦး မီးထဲပါသွားကြောင်း သိရသည်။

မီးလောင်မှုစတင်ဖြစ်ပွားသည့်နေအိမ်နှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ်လေးလုံး မီးလောင်မှုတွင်း ပါဝင်သွားကြောင်းသိရပြီး ပန်းသီးဂိမ်း ကစားရုံ တစ်ရုံလည်း ပါဝင်သွားကြောင်းနှင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပိတ်မိနေ၍ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိဘများသည် ဘန်ကောက်မြို့တွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများဖြစ်ကြပြီး ကလေးငယ်မှာ ၎င်း၏ ဦးလေးတော်စပ်သူ
နှင့် နေထိုင်ကြောင်းနှင့် ကလေးငယ်၏ အလောင်းအား မီးငြိမ်းပြီးမှသာ
တွေ့ရှိကြခြင်း ဖြစ်ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြ၀တီမြို့မှ မီးသတ်ယာဉ် (၄) စီး၊ မြို့တွင်း
ရေရောင်းချနေသော ရေသယ်ယာဉ် (၁၅) စီး ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရပြီး တဖက်နိုင်ငံမဲဆောက်မြို့မှ မီးသတ်ယာဉ် (၇) စီး အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များလည်း လာရောက် မီးကူငြိမ်း သတ်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ဝါယာကြိုးရှော့ ဖြစ်၍ စတင်
လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရပြီး ည ၂ နာရီ ခန့်အချိန်မှသာ မီးငြိမ်း သွားကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဇွဲကပင်မောင်မောင်

The Myanma Age

ယမန်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မြ၀တီမြို့၊ အမှတ်(၁) ရပ်ကွက် စိန်ပန်းလမ်းနှင့် နှင်းဆီလမ်းထောင့်
အတွင်း မီးလောင်မှုဖြစ်ပွားရာ ရှစ်နှစ် အရွယ် ကလေးငယ်တစ်ဦး မီးထဲပါသွားကြောင်း သိရသည်။
မီးလောင်မှုစတင်ဖြစ်ပွားသည့်နေအိမ်နှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ်လေးလုံး မီးလောင်မှုတွင်း ပါဝင်သွား
ကြာင်းသိရပြီး ပန်းသီးဂိမ်း ကစားရုံ တစ်ရုံလည်း ပါဝင်သွားကြောင်းနှင့် အသက်ရှစ်နှစ်အရွယ် ကလေး
ငယ်တစ်ဦး ပိတ်မိနေ၍ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိဘများသည် ဘန်ကောက်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြပြီး ကလေး

ငယ်မှာ ၎င်း၏ ဦးလေးတော်စပ်သူနှင့် နေထိုင်ကြောင်းနှင့် ကလေးငယ်၏ အလောင်းအား မီးငြိမ်းပြီးမှသာ
တွေ့ရှိကြခြင်း ဖြစ်ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြ၀တီမြို့မှ မီးသတ်ယာဉ် (၄) စီး၊ မြို့တွင်းရေရောင်းချနေသော ရေသယ်

ယာဉ် (၁၅) စီး ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရပြီး တဖက်နိုင်ငံမဲဆောက်မြို့မှ မီးသတ်ယာဉ် (၇) စီး အပါ
အ၀င် မီးသတ်တပ်ဖွဲ့ဝင်များလည်း လာရောက် မီးကူငြိမ်း သတ်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ဝါယာကြိုးရှော့ ဖြစ်၍ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိ

ရပြီး ည ၂ နာရီ ခန့်အချိန်မှသာ မီးငြိမ်း သွားကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဇွဲကပင်မောင်မောင်

The Myanma Age

No comments:

Post a Comment