အနုပညာရှင်တွေကမအောင်မြင်ခင်ကလည်း အောင်မြင်ဖို့အတွက် ကြိုးစားကြရတယ်။
အောင်မြင် သွားပြန်
တော့လည်း အဲဒီ အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းရပြန်တယ်။ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းဖို့ သူ့အနေနဲ့ ခက်ခဲကြောင်း
သင်ဇာဝင့်ကျော်ကမအောင်မြင်ခင်က သင်ဇာတို့ ကြိုးစားကြရတယ်။ အောင်မြင်
သွား တဲ့ အခါမှာလည်း ဒီထက်ပိုပြီး မကျသွားအောင် ထိန်း သိမ်းရတဲ့
အတွက်ခက်ခဲတယ်။ မထိန်း သိမ်းတတ်ရင်ကိုယ်ရောက်ရှိတဲ့ နေရာ မှာမခိုင်မြဲဘဲနဲ့ အောက်ပြုတ်ကျသွားတတ်တယ်။အဲဒါကြောင့်
ဆက် လက်
ထိန်းသိမ်းဖို့က သင်ဇာ့အတွက်ပိုခက်ခဲတယ်ထင်ပါတယ်”လို့ ပြော ပါတယ်။
အနုပညာရှင် တစ်
ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော် ရဲ့ အနုပညာ ခံယူချက်ကို
မေးကြည့်ရာ “သင်ဇာ ခံယူ ထားတဲ့ အနုပညာက တ
အားကို ခက်ခဲကြမ်း တမ်းပြီး
နားမလည်နိုင်ဘူး။
ဒီအနုပညာ ဆိုတာ နုနုရွရွလေး လို့ သင်ဇာ ထင်ထားတာ။ တကယ်
လုပ်ကြည့်တော့ အဲဒီလိုမျိုး နုနုရွရွ လုပ်
ရတာမျိုး မဟုတ်ဘူး။ တစ်ခုချင်းစီ
အသေအချာ လုပ်ရတာ။ဇာတ်ကားတစ်ကားမှာအားလုံးကောင်းမှ ဇာတ်
ကားကောင်း တစ်ကား
ဖြစ်လာတာလေ။ အဲဒီအတွက် ဇာတ်ကားတစ်ကားမှာပါဝင်ကြတဲ့ အနုပညာရှင်တွေ
အကုန်လုံး ကြိုးစားရတယ်။ ပင်ပင် ပန်းပန်း နဲ့ ခပ်ကြမ်း ကြမ်း သရုပ်
ဆောင်တဲ့ အလုပ်တွေ လုပ်ရတယ်။ အနုပညာ ဆိုပြီးနုနုရွရွ နေလို့ မရပါ ဘူး။
လူရောစိတ်ရောနှစ် ပြီးလုပ်ရတဲ့ အတွက် တကယ့်ကို ပင်ပန်းတယ်။ အနုပညာ ဆိုတာ
ဘယ်လို မှလည်း
လေ့လာ သင်ယူလို့ မကုန်နိုင်တဲ့ အရာ တစ်ခုပါပဲ။ ဘယ်တော့မှ
သင်ယူလို့ မဆုံးတဲ့ ပညာရပ် တစ်ခုလို့ ထင်ပါတယ်” လို့ ပြော ပါတယ်။
တွယ်တာ
ပေါ်ပြုလာမြန်မာ
တွယ်တာ
No comments:
Post a Comment