ပါသော ကြောင်များ မျိုးသုဉ်းသွားခြင်းသည်အစာရေစာ ပြတ်လပ်မှုကြောင့်မဟုတ်ကြောင်းသုတေသီများ
က အတည်ပြု ပြောကြားလိုက်သည်။
အပေါ်အံသွားတွင် အလွန်ကြီးမား ချွန်မြသည့် အစွယ်ကြီးနှစ်ချောင်းပါသည့်အဆိုပါ ကြောင်ကြီးများ (အရွယ်
အစားဖြင့်မူ ယနေ့ခေတ် ကျားကြီးများထက် ပိုမိုကြီးမားလေ့ရှိ)သည်လွန်ခဲ့သော နှစ်ပေါင်း (၁၂၀၀၀)ကျော်
က ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။
က ယူဆထားသော်လည်း ယင်းအချက်သည် မမှန်ကန်ကြောင်း သုတေသီ အချို့က ရှာဖွေ တွေ့ရှိခဲ့သည်။ သ
တ္တဗေဒ ပညာရှင် အချို့သည် တောင်ပိုင်း ကယ်လီဖိုးနီးယားရှိ လာဘရီရာကတ္တရာတွင်းကြီးအတွင်း တွေ့ရှိရ
သော ကြောင်ကြီးများ၏ ရုပ်ကြွင်းများကို လေ့လာကာ ယခုလို တွေ့ရှိမှု အသစ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်
သည်။
ပြတ်လပ်မှု မရှိခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်လာရီဆာဒီဆန်တစ်က ရှင်းပြခဲ့သည်
။ "အဓိက အချက်ကတော့ ရာသီဥတု အပြောင်းအလဲမှာ ရေခဲခေတ် ကုန်ဆုံးလာတာရယ်၊ လူသားတွေရဲ့ စနက်ရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီနှစ်ခုလုံး ပေါင်းဆုံမိချိန်မှာ ဒီလို ကြောင်ကြီးတွေ အများအပြား သေ
ကုန်ကြတာဟာ လက်တွေ့ အကျဆုံး ကောက်ချက်တစ်ခု အနေနဲ့ သီအိုရီ ထုတ်ရပါလိမ့်မယ်"ဟု ဒီဆန်တစ်
က ပြောကြားသွားသည်။
ယင်းကြောင်ကြီးများသည် ရေခဲခေတ်က အဆိုးသွမ်း အရက်စက်ဆုံး သားစားသတ္တဝါကြီးများအဖြစ် ကျင်
လည် ကျက်စားခဲ့သလို အလွန်ကြီးမားသော ပြောင်ကြီးများကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ ၎င်းတို့သည် အုပ်
စုလိုက် သွားလာ လှုပ်ရှားက အမဲလိုက်လေ့ရှိပြီး နောက်ပိုင်းတွင်မူ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာသည့် လူ
သားများ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။
လော့စ်အန်ဂျလိစ်ရှိ လာဘရီရာ ကတ္တရာကျင်းကြီးတွင်ယင်းသတ္တဝါများ၏ ရုပ်ကြွင်း(၁၅)ခုထိတူးဖော် တွေ
ရှိထားပြီး ဖြစ်သည်။ ယင်းကျင်းကြီးများသည် ရေခဲခေတ်က အလွန်ကြီးမား ထွားကျိုင်းသော အမွေးထူ မမ်
မတ်သ် ဆင်ကြီးများပင် မရုန်းကန်နိုင်ဘဲ နစ်မြုပ် သေဆုံးရတတ်သည့် သဘာဝ မရဏ ထောင်ချောက်များ
လည်း ဖြစ်ကြသည်။
Source: vanderbilt
No comments:
Post a Comment