အမေရိကန် မိုင်းရှင်း သင်္ဘောသည် ဖိလစ်ပိုင် နိုင်ငံ၏ ကမ္ဘာ့ ယဉ်ကျေးမှု
အမွေအနှစ် စာရင်းဝင် သန္တာ ကျောက်တန်း ပေါ်တွင် သောင်တင်နေမှု အတွက် အမေရိကန်
ရေတပ်၏ တောင်းပန်မှုအား ကြိုဆိုကြောင်း၊ သို့သော် ပြစ်ဒဏ်မှ ကင်းလွတ်
ခွင့်ရမည် မဟုတ်ကြောင်း ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အကွီနိုက ပြောကြား
ခဲ့ပါသည်။ သင်္ဘော သောင်တင်နေမှု အတွက် ဦးစားပေး လုပ်ငန်းမှာ
Tubbataha သန္တာ ကျောက်တန်းမှ USS Guardian သင်္ဘောအား ဖယ်ရှားရန် ဖြစ်ပြီး
၎င်းဒေသသို့ မည်သည့် အတွက်ကြောင့် မှားယွင်းဝင်ရောက် ခဲ့သည်ကို စုံစမ်း
စစ်ဆေးလျက် ရှိကြောင်း အကွီနိုက ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ်မြို့တွင်
ပြောကြား ခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရ၏ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်
အရ သိရှိရ ပါသည်။

No comments:
Post a Comment