“ဆိပ်ကမ်း၌လာမထုတ်သည့် မော်တော်ယာဉ် ၂၁ စင်းရှိနေ”
ရန်ကုန်၊ ဇန်နဝါရီ ၁၆
အခက်အခဲများကြောင့် ဆိပ်ကမ်းများ၌ ငါးလတာအတွင်းလာရောက် ထုတ်ယူခြင်းမရှိသည့် မော်တော်ယာဉ်အရေအတွက်မှာ ၂၁ စီးရှိနေကြောင်းသိရသည်။
“ အကောက်အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့် ဆိပ်ကမ်းတွေမှာ
မော်တော်ယာဉ်ထုတ်ဖို့ ကြန့်ကြာနေတာပါ” ဟု မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးဌေးအောင်က ပြောသည်။
ထိုသို့ကြန့်ကြာမှုများကြောင့် သြဂုတ်လမှ ဒီဇင်ဘာလအထိ မထုတ်ယူနိုင်သေးသော
မော်တော်ယာဉ်များ၏ ပိုင်ရှင်များနှင့်ကုမ္ပဏီများက
အကောက်အခွန်ဦးစီးဌာနာသို့ ညှိနှိုင်းဖြေရှင်းပေးရန် ယခုလအတွင်း
စာတင်ထားကြောင်းသိရသည်။
အိမ်စည်စိုးစံ
Popular Myanmar News
No comments:
Post a Comment