Pages

Pages - Menu

Friday, January 18, 2013

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်က ရဲတွေရဲ့ လုပ်ရပ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ (၁၂) ရပ်ကွက်မာဃ(၄)လမ်းရှိအိမ်တစ်အိမ်ကို (၁၈-၁-၂၀၁၃)နေ့ ညနေ ၄ နာရီခန့် အချိန်မှာ ဆေးကြောင်နေသော ချစ်မင်းဦး ဆိုသူသည် သူ၏ အဘွားဆိုသူနဲ့ (၁၃)ရပ်ကွက် အနော်မာလမ်း ကစကာ ဓါးကိုင် ရမ်းလာပြီး ၀င်တားသည့်ရပ်ကွက်လူကြီး၊ ဆယ်အိမ်ခေါင်းတွေကို ဓါးနဲ့လိုက်ခုတ်ပြီး၊ (၁၂) ရပ်ကွက် ထဲရောက်သောအခါ လမ်းတစ်လမ်းလုံး သတ္တိရှိတဲ့ကောင် ထွက်ခဲ့၊ ငါ့ အကြောင်း ရဲကို တိုင်ရဲတိုင်ကြည့် ဘယ်သူမှ အရှင်မထားဘူး၊ လက်ထဲမှာပါလာသည့် အသွား ၂ ပေ ခန့်ရှိ သော ဓါးနဲ့ တောက်လျောက်ရမ်းလာပြီး ဆဲဆိုကြိမ်းမောင်းကာ အိမ်တွေ ကိုဓါးနဲ့ခုတ်၊ ရပ်ကွက်ထဲက လူတွေကြောက်လို့ တောင်ဥက္ကလာပ မြိုနယ်ရဲတပ်ဖွဲ့မှူး အိမ်ဖုန်း 01561398 ကို ဆက်သွယ်တိုင်ကြားသော်လည်း မြိုနယ်မှူးမရှိဘူးဆိုပြီး သူ့သမီးလား၊ ဒါမှမဟုတ် အိမ်အကူလားမသိဘူး ဖြေပါတယ်။
ဒါနဲ့ 01-561642, 01-566753 ကို ဆက်ပြီး တိုင်တယ၊် ဖုန်းကိုင်ပါတယ် နေရာတွေဘာတွေမေးပြီး ငြိမ်သွားတော့မှ ရောက်လာပြီး ခေါ်သွားတယ်၊ နောက် ၁၅ မိနစ်လောက်ကြာတော့ ပြန်လွတ်လိုက်ပါတယ်
(ချစ်မင်းဦးဆိုသူဟာ အရင် ခံဝန် နှင့် လက်မှတ် ခဏခဏ ထိုးထားပြီး ရပ်ကွက်ထဲ ခဏခဏ ဆေးကြောင်ပြီး ဓါးနဲ့ရမ်းကားနေသော်လည်း) တောင်ဥက္ကလာပ ရဲစခန်း မှ စခန်းမှူးနှင့် နယ်ထိန်းအင်ချပ်တို့ကို ဘယ်လောက်ပိုင်နေသလဲ မသိဟု မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။

“ခင်ဗျားတို့ ဘယ်လောက်တိုင်ချင်တိုင်၊ ရဲကအရေးမယူဘူး ခင်ဗျားတို့မြင်တဲ့ အတိုင်းဘဲလို့” ရပ်ကွက်ထဲမှာ ရဲစခန်းမှအပြန် ပြောဆိုသွားတယ်။ နေပြည်တော်ရဲချုပ် က အလုပ်မလုပ်ဘဲ လစာမှန်မှန်ယူနေသော တောင်ဥက္ကလာပ မြို့နယ်မှူး နှင့် တောင်ဥက္ကလာပ စခန်းမှူး နယ်ထိန်းအင်ချပ် တို့ကိုပဲအရေးယူမလား၊ 
ဒါမှမဟုတ် ဆေးကြောင်ကြောင်နေသော ချစ်မင်းဦးကိုဘဲ(နောင်မလုပ်အောင်ခံဝန်တွေ) ဘာတွေက အကြိမ်ကြိမ် အခါပေါင်းများစွာ ထိုးခိုင်းနေတာ ကြာခဲ့ပါပြီ။ အရေးယူပေးပါ၊ သေချာစီစစ်အရေးယူပေးပါ လို့ တင်ပြလိုက်ပါတယ် ခင်ဗျာ။

ယခုတင်ပေးပို့လာတဲ့ Message ပါ။
Hinthata HumanRights 

No comments:

Post a Comment