ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံ
မှာ အခုလို သူတို့နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ကို စိန်းမြစ်ထဲ ပစ်ချကြပါ
တယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။
နောက်တော့ နိုင်ငံတကာက လာရောက်ကြတဲ့ ဟန်းနီးမွန်း အတွဲတွေရောပြင်သစ်က အတွဲတွေပါ လာပြီး
သော့ခတ်ကြသူတွေ အတော့ကို များလာပါတယ်။
အစပိုင်းမှာတော့မြို့အာဏာပိုင်တွေက သော့တွေကို ဖြုတ်ပြီးရှင်းဖိုကြိုးစားခဲ့ကြပါသေးတယ်။တချို့သော့တွေ
ကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သော့တွေက များသထက်များလာတဲ့အချိန်မှာတော့
ဝင်စားစရာ မြင်ကွင်းတခု ဖြစ်လာပြီး ဒီသော့တွေကို မဖြုတ်တော့ဘဲ အနုပညာလက်ရာတခုအနေနဲ့ လက်ခံ
လာတယ်လို့ ဆိုပါတယ်။
Burma-Newselite
No comments:
Post a Comment