တောင်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဂြိုဟ်တု တစ်စင်းကို အာကာသ ပတ်လမ်း အတွင်း၌ ထားရှိရန် ဒုံးပျံ တစ်စင်းကို ၂ဝဝ၉ ခုနှစ်က လွှတ်တင်ခဲ့ရာ အောင်မြင်မှု ရှိခဲ့သော်လည်း ဂြိုဟ်တုအား ပတ်လမ်းနှင့် ချိတ်ဆက်ရန် ကြိုးပမ်းရာ တွင် အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် ၂ဝ၁ဝ ပြည့်နှစ်က ထပ်မံ လွှတ်တင်ရန် ကြိုးပမ်းခဲ့ရာ ဒုံးပျံ လွှတ်တင်ပြီးနောက် စက္ကန့်ပိုင်း အကြာတွင် ထိုဒုံးပျံမှာ ပေါက်ကွဲသွား ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခုတစ်ကြိမ် ထပ်မံ လွှတ်တင်မှုသည် အောင်မြင်မှု မရှိခဲ့ပါက တောင်ကိုရီးယား နိုင်ငံသည် ရုရှားနိုင်ငံနှင့် ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်း၊ အခြား နိုင်ငံများ နှင့်သာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၃ဝ ရက်တွင် ရာသီဥတု အခြေအနေသည် သာယာမှု မရှိသော်လည်း တောင်ကို ရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးပျံ လွှတ်တင်မှု အစီအစဉ်ကို ရပ်တန့်ခဲ့ခြင်း မရှိကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment