Pages

Pages - Menu

Monday, January 21, 2013

နစကမှလုပ်ကြံမှုကြောင့် ငါးခူရရွာသားတစ်ဦး ငွေကျပ်သိန်း ၆၀ ပေးလိုက်ရ

နစကမှလုပ်ကြံမှုကြောင့် ငါးခူရရွာသားတစ်ဦး ငွေကျပ်သိန်း ၆၀ ပေးလိုက်ရ
=========================================

19.1.2013

မောင်တော ။ ။ ယမန်နေ့က မောင်တောမြို့နယ် ငါးခူရကျေးရွာ အခြေစိုက် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးပါဝင်သောအဖွဲ့သည် ငါးခူ ရကျေး ရွာရှိ ဦးမိုဟာမတ်ဟူစိန်း (ဘ) ဦးအက်သာကမာလ် (အသက် ၅၃ နှစ်) ၏နေအိမ်သို့ ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ရာဘာဆေးပြားများ ရှာဖွေရန်ရှိသည်ဟု အကြောင်းပြ၍ ၎င်းတို့ကိုယ် တိုင်ယူဆောင် လာသော မူးယစ်ဆေးဝါးအချို့ကို ရှာဖွေနေသည့် အချိန်တွင် ဘီဒိုထဲ၍ လုပ်ကြံခဲ့သည်ဟု သိရသည်။ ထို့နောက် ဦးမိုဟာမတ်ဟူစိန်းအား ငွေကျပ်သိန်း ၆၀ ရသည့်အထိ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ ပြီး၊ ငွေကျပ် သိန်း ၆၀ ရသည့်အခါပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ယမန်နေ့ကပင် မောင်တောမြို့ခမောင်းဆိတ်ရွာ (ဖကီရာဘာဇား) အခြေစိုက်နစကနယ်မြေ (၂) မှ စုံစမ်းရေး မှူးချုပ်ထွန်းစိန်မှ ရေနံဆီရောင်း ချသူ ဦးဂျမာလ် (ဘ) ဦးအဒူမာဘုသ် (အသက် ၃၅ နှစ်) အား ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ နစကမှ၎င်းအား ဖမ်းဆီးရခြင်းမှာ နေအိမ်၌ ရေနံဆီကီလို ၄၀ ခန့် တွေ့သော ကြောင့်ဖြစ်သည်။ ဦးဂျာမာလ်သည် မိသားစု ၆ ဦးကို အရောင်းအ၀ယ်ပြုလုပ်၍ ၀င်ငွေအ နည်း ငယ်ဖြင့်စောင့်ရှောက်နေ သူဖြစ်ပြီး ငွေကြေးအားဖြင့် ဆင်းရဲသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း နစက များ ကို ငွေကျပ် ၃ သိန်းပေးမှ ပြန်လည် လွတ်မြောက် မည်ဖြစ်သဖြင့် ငွေကျပ် ၃ သိန်းရအောင် ရှာဖွေပေး ခဲ့ပြီး လွတ်မြောက် လာခဲ့ကြောင်း သိရှိရပါသည်။

“နေ့တိုင်း အဲဒီထွန်းစိန်က ရိုဟင်ဂျာတွေ ရဲ့အိမ် ၂ လုံးကနေ ၃ လုံးထိ ပစ်မှတ်ထားပြီး၊ အိမ်တွေကို ပါမစ် မယူ ဘဲဆောက်တယ် ဆိုပြီးအကြောင်းမရှိ အကြောင်း ရှာပြီး ငွေညှစ်နေတယ်။ ကျွန်တော်တို့ အိမ်တွေ ဆောက် ထားတာ နှစ်ပေါင်း ၂၀ မကတော့ဘူး။ အဲဒီ နစကဆိုတဲ့ ဌာနမပေါ်လာခင် ကတည်း ကပါ။ ကျွန် တော် တို့နိုင်ငံမှာ ကျွန်တော်တို့လို ဘယ်သူ့မှ ခံစားရမှာမဟုတ်ဘူး လို့ယုံကြည်တယ်။ ဗဟိုအစိုးရ အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုက္ခတွေ အပေါ်အာရုံစိုက် သင့်တယ်” ဟုအမည် မဖော်လို သူရွာသားတစ်ဦးမှ RB News သို့ပြောပါသည်။

မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ အုပ်စုသည် နစကနယ်မြေ (၁) အောင်သပြေလက်အောက် ခံဖြစ် ပြီး၊ ထိုရွာတွင် ရိုဟင်ဂျာမိသားစု ၁၀၀ ခန့်နေထိုင် လျက်ရှိသည်။ ထိုထဲမှ မိသားစု ၃၀ ခန့်မှာ နစက၏ အတင်း အဓမ္မ ဘင်္ဂလီဇတ်သွင်းသည့် အစီအစဉ်တွင် ပါဝင်ခဲ့ရသည်ဟု သိရသည်။ ထိုသို့ ဘင်္ဂလီဇတ်သွင်း ခံရ မည်စိုး၍ ထိုရွာမှ ရိုဟင်ဂျာ မိသားစုအချို့တိမ်းရှောင်သွားကြောင်း သတင်းရရှိပါသည်။

Qutub Shah
RB News

ယမန်နေ့က မောင်တောမြို့နယ် ငါးခူရကျေးရွာ အခြေစိုက် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးပါဝင်သောအဖွဲ့သည်ငါးခူရကျေးရွာရှိဦးမိုဟာမတ်
ဟူစိန်း(ဘ) ဦးအက်သာကမာလ် (အသက် ၅၃ နှစ်) ၏နေအိမ်သို့ ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ရာဘာ
ဆးပြားများ ရှာဖွေရန်ရှိသည်ဟု အကြောင်းပြ၍ ၎င်းတို့ကိုယ် တိုင်ယူဆောင် လာသော မူးယစ်ဆေးဝါး
အချို့ကို ရှာဖွေနေသည့် အချိန်တွင် ဘီဒိုထဲ၍ လုပ်ကြံခဲ့သည်ဟု သိရသည်။ ထို့နောက် ဦးမိုဟာမတ်ဟူစိန်းအား ငွေကျပ်သိန်း ၆၀ ရသည့်အထိ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ ပြီး၊ ငွေကျပ် သိန်း ၆၀ ရသည့်အခါပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ယမန်နေ့ကပင် မောင်တောမြို့ခမောင်းဆိတ်ရွာ (ဖကီရာဘာဇား) အခြေစိုက်နစကနယ်မြေ (၂) မှစုံစမ်းရေး
မှူးချုပ်ထွန်းစိန်မှ ရေနံဆီရောင်း ချသူ ဦးဂျမာလ် (ဘ) ဦးအဒူမာဘုသ် (အသက် ၃၅ နှစ်) အား ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ နစကမှ၎င်းအား ဖမ်းဆီးရခြင်းမှာ နေအိမ်၌ ရေနံဆီကီလို ၄၀ ခန့် တွေ့သော ကြောင့်ဖြစ်သည်။ ဦးဂျာမာလ်သည် မိသားစု ၆ ဦးကို အရောင်းအ၀ယ်ပြုလုပ်၍ ၀င်ငွေအ နည်း ငယ်ဖြင့်စောင့်ရှောက်နေ သူဖြစ်ပြီး ငွေကြေးအားဖြင့် ဆင်းရဲသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း နစက များ ကို ငွေကျပ် ၃ သိန်းပေးမှ ပြန်လည် လွတ်မြောက် မည်ဖြစ်သဖြင့် ငွေကျပ် ၃ သိန်းရအောင် ရှာဖွေပေး ခဲ့ပြီး လွတ်မြောက် လာခဲ့ကြောင်း သိရှိရပါသည်။

“နေ့တိုင်း အဲဒီထွန်းစိန်က ရိုဟင်ဂျာတွေ ရဲ့အိမ် ၂ လုံးကနေ ၃ လုံးထိ ပစ်မှတ်ထားပြီး၊ အိမ်တွေကို ပါမစ် မယူ ဘဲဆောက်တယ် ဆိုပြီးအကြောင်းမရှိ အကြောင်း ရှာပြီး ငွေညှစ်နေတယ်။ ကျွန်တော်တို့ အိမ်တွေ ဆောက် ထားတာ နှစ်ပေါင်း ၂၀ မကတော့ဘူး။ အဲဒီ နစကဆိုတဲ့ ဌာနမပေါ်လာခင် ကတည်း ကပါ။ ကျွန် တော် တို့နိုင်ငံမှာ ကျွန်တော်တို့လို ဘယ်သူ့မှ ခံစားရမှာမဟုတ်ဘူး လို့ယုံကြည်တယ်။ ဗဟိုအစိုးရ အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုက္ခတွေ အပေါ်အာရုံစိုက် သင့်တယ်” ဟုအမည် မဖော်လို သူရွာသားတစ်ဦးမှ RB News သို့ပြောပါသည်။

မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ အုပ်စုသည် နစကနယ်မြေ (၁) အောင်သပြေလက်အောက် ခံဖြစ် ပြီး၊ ထိုရွာတွင် ရိုဟင်ဂျာမိသားစု ၁၀၀ ခန့်နေထိုင် လျက်ရှိသည်။ ထိုထဲမှ မိသားစု ၃၀ ခန့်မှာ နစက၏ အတင်း အဓမ္မ ဘင်္ဂလီဇတ်သွင်းသည့် အစီအစဉ်တွင် ပါဝင်ခဲ့ရသည်ဟု သိရသည်။ ထိုသို့ ဘင်္ဂလီဇတ်သွင်း ခံရ မည်စိုး၍ ထိုရွာမှ ရိုဟင်ဂျာ မိသားစုအချို့တိမ်းရှောင်သွားကြောင်း သတင်းရရှိပါသည်။

Qutub Shah
RB News

No comments:

Post a Comment