အယောင်ဆောင်များဟု ယူဆရသူများက မြို့နယ်တွင်းရှိစစ်ဆေးရေးဂိတ်များအား ဝင်ရောက်ပစ်ခတ်သွား
ကြောင်း သိရသည်။
ဝင်ရောက် ပစ်ခတ်သွားသူများသည် BGFအဝတ်အစားများဝတ်ဆင်ထားကာ ဖာပွန်မြို့မှVIGOအနက်ရောင်
ကားဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပြီး အုန်းတောဂိတ်နှင့် မီဆိုင်းဂိတ်တို့အား ဝင်ရောက် ပစ်ခတ်
သွားခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အုန်းတောဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ်
၎ လက် ယူဆောင်သွားကြောင်း၊အဆိုပါ တိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီးတစ်ဦးနောက်
ကျောဒဏ်ရ
ထို့အပြင် မီဆိုင်းဂိတ်မှ BGF ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားပြီးစအဖ အရာရှိတစ်ဦးထံမှ ပစ္စတို (၁)
လက် ထပ်မံ ယူဆောင်သွားကြောင်းဒေသခံများထံမှ သိရသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မြိုင်ကြီးငူဆရာတော်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူးတို့ ဓမ္မပီယ
ကျောင်းတိုက်တွင် ယမန်နေ့ ည ၁၀ နာရီ ခန့်၌တွေ့ဆုံသွားကြောင်း သိရသည်။
တိုင်းမှူးမှ ငြိမ်းချမ်းရေး ဖော်ဆောင်စကာလအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ လျှောက်ထား
ခဲ့ကြောင်းလည်း ထပ်မံသိရသည်။
ဇွဲကပင်မောင်မောင်
The Myanma Age
No comments:
Post a Comment