Pages

Pages - Menu

Tuesday, January 29, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်အတွက် အိန္ဒိယ Airtel ကလည်း တင်ဒါတင်သွင်း

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်အတွက် အိန္ဒိယ Airtel ကလည်း တင်ဒါတင်သွင်းထား
----------------------------------------------------------------------------
မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းမှာ ပြည်ပကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုဖို့ လုပ်ငန်းလိုင်စင် ၂ ခုကို တင်ဒါတင်သွင်းခွင့်ပြုခဲ့ပြီးနောက် စင်ကာပူမှ SingTel, ST Telemedia, မလေးရှားမှ Axiata နဲ့ နော်ဝေမှ Telenor ကုမ္ပဏီတို့မှ တင်ဒါတင်သွင်းခဲ့ပါတယ်။ အခုအခါ အိန္ဒိယမှ Bharti Airtel ကလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီတွေကို ဂျွန်လမှာ လိုင်စင်ချပေးမှာဖြစ်ပြီး သက်တမ်း နှစ် ၂၀ နဲ့ လိုင်စင်သက်တမ်းတိုးခွင့်လည်း ပါဝင်မယ်လို့ သိရပါတယ်။ မြန်မာအစိုးရကနေ ၂၀၁၆ ခုနှစ်မှာ တနိုင်ငံလုံးရဲ့ ၈၀% လောက်ကို ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေကို ယခင်က လုပ်ကိုင်ခွင့်မရှိခဲ့တာကြောင့် ကုမ္ပဏီအားလုံးအတွက် ဒီတင်ဒါတင်သွင်းမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ Airtel ကတော့ အိန္ဒိယမှာ ၁၅ နှစ်ကြာ ဈေးနှုန်းချိုသာတဲ့ ၀န်ဆောင်မှုပေးနေပြီး အလားတူစနစ်မျိုးကို မြန်မာပြည်အတွက် သုံးနိုင်မယ်လို့ပြောပါတယ်။

နိုင်ငံခြားကုမ္ပဏီများက ဈေးကွက်အလားအလာကြီးမားပြီး တခါမှအသုံးမပြုရသေးတဲ့ မြန်မာပြည်ရဲ့ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍကို စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာပြည်မှာ မိုဘိုင်းဖုန်းသုံးစွဲသူ ၅.၄၄ သန်း ရှိတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။ ဒါဟာ တနိုင်ငံလုံးမှာ မိုဘိုင်းဖုန်းသုံးသူ ၉% သာဖြစ်ပြီး၊ ကမ်ဘောဒီးယား ၇၀%၊ လာအို ၈၇% နဲ့ ထိုင်းကတော့ ၁၀၀% ကျော် ရှိတယ်လို့ဆိုပါတယ်။ မြန်မာပြည်ရဲ့ ကြိုးလိုင်းတယ်လီဖုန်းက ၁% လောက်သာရှိတယ်လို့လဲ ဆိုထားပါတယ်။
(Ref; ZDNet, Jan 29, 2013 http://tinyurl.com/b79lyqx)

အေးချမ်းမွန်မှ  Myanmar1 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းမှာ ပြည်ပကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုဖို့ လုပ်ငန်းလိုင်
စင် ၂ ခုကို တင်ဒါတင်သွင်းခွင့်ပြုခဲ့ပြီးနောက် စင်ကာပူမှ SingTel, ST Telemedia, မလေးရှားမှ Axiata နဲ့
နော်ဝေမှ Telenor ကုမ္ပဏီတို့မှ တင်ဒါတင်သွင်းခဲ့ပါတယ်။ အခုအခါ အိန္ဒိယမှ Bharti Airtel ကလည်း ပါဝင်
လာတယ်လို့ သိရပါတယ်။ လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီတွေကို ဂျွန်လမှာ လိုင်စင်ချပေးမှာဖြစ်ပြီး သက်တမ်း နှစ်၂၀ နဲ့လိုင်စင်သက်တမ်း
တိုးခွင့်လည်း ပါဝင်မယ်လို့ သိရပါတယ်။ မြန်မာအစိုးရကနေ ၂၀၁၆ ခုနှစ်မှာ တနိုင်ငံလုံးရဲ့ ၈၀% လောက်
ကို ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေကို ယခင်က လုပ်ကိုင်ခွင့်မရှိခဲ့တာကြောင့် ကုမ္ပဏီ
အားလုံးအတွက် ဒီတင်ဒါတင်သွင်းမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ Airtel ကတော့ အိန္ဒိယမှာ ၁၅ နှစ်ကြာ ဈေးနှုန်းချိုသာတဲ့ ၀န်ဆောင်မှုပေးနေပြီး အလားတူစနစ်မျိုးကို မြန်မာပြည်အတွက် သုံးနိုင်
မယ်လို့ပြောပါတယ်။

နိုင်ငံခြားကုမ္ပဏီများက ဈေးကွက်အလားအလာကြီးမားပြီး တခါမှအသုံးမပြုရသေးတဲ့ မြန်မာပြည်ရဲ့ တယ်
လီဖုန်းဆက်သွယ်ရေးကဏ္ဍကို စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာပြည်မှာ မို
ဘိုင်းဖုန်းသုံးစွဲသူ ၅.၄၄ သန်း ရှိတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။ 
 
ဒါဟာ တနိုင်ငံလုံးမှာ မိုဘိုင်းဖုန်းသုံးသူ ၉% သာဖြစ်ပြီး၊ ကမ်ဘောဒီးယား ၇၀%၊ လာအို ၈၇% နဲ့ ထိုင်းက
တော့ ၁၀၀% ကျော် ရှိတယ်လို့ဆိုပါတယ်။ မြန်မာပြည်ရဲ့ ကြိုးလိုင်းတယ်လီဖုန်းက ၁% လောက်သာရှိတယ်
လို့လဲ ဆိုထားပါတယ်။
 
Myanmar1 

No comments:

Post a Comment