Pages

Pages - Menu

Sunday, September 16, 2012

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ဂျပန်သံရုံးတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ စနေနေ့က ဖြစ်ပွား

Photo

ဘေဂျင်းမြို့ရှိ ဂျပန်သံရုံးတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ စနေနေ့က ဖြစ်ပွားခဲ့သည်။ ဂျပန်ဆန့်ကျင်
ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုများ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က မထိန်းသိမ်းနိုင်မီအချိန်အတွင်း
ဆန္ဒပြမှုမှာ အကြမ်းဖက်မှုအသွင် ပြောင်းလဲခဲ့သေးကြောင်း NBC News က ပြောကြားသည်။

အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်

Photo: Update:
အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြမှုများကို မထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပနက်တာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ 

ပနက်တာက ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ မရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကို လစ်ဗျား၊ ထရီပိုလီနှင့် ယီမင်သို့ စေလွှတ်လိုက်သည်။ ထို့အတူပင် ပင်တဂွန်အနေဖြင့် ဆူဒန်နိုင်ငံသို့လည်း အမေရိကန်စစ်သား ၅၀ ကို စေလွှတ်ဖွယ်ရှိကြောင်း RT News က ဖော်ပြသည်။ 

အမေရိကန်လူမျိုးတစ်ဦးက ရိုက်ကူးဖြန့်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား လှောင်ပြောင်သရော်ထားသော ၁၄ မိနစ်စာ ရုပ်ရှင်ဇာတ်လမ်းတို ထွက်ပေါ်လာပြီးနောက် အာရပ်ကမ္ဘာတွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ 

လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုနှင့်အတူ တိုက်ခိုက်မှုများကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်းသုံးဦး သေဆုံးခဲ့သည်။ လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆူဒန်အပါအဝင် မွတ်ဆလင်မ်နိုင်ငံများရှိ အမေရိကန်သံရုံးများကို ဆန္ဒပြသူများက တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။


အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြမှုများကို မ
ထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်
ကြီး လီယွန် ပနက်တာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ ၈၈မျိုးဆက်ကျောင်း သားများအဖွဲ့နဲ့မနေ့က တွေ့ဆုံ

Photo: မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့မနေ့က တွေ့ဆုံခဲ့ပါတယ်။

အကျဉ်းထောင်တွေကနေ လွတ်မြောက်လာပြီးနောက် (၈) လတာ ကာလ အတွင်း ဆောင်ရွက်ခဲ့တာတွေကို မေးမြန်းခဲ့သလို လက်ရှိတိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း မစ္စတာနမ်ဘီယာက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

ရန်ကုန်မြို့ Bangkok Kitchen စားသောက်ဆိုင်မှာ မစ္စတာနမ်ဘီယာနဲ့ညစာ စားပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကိုယ်စား ကိုကိုကြီး၊ မီးမီး၊ မနီလာသိန်း အပါအ၀င် စုစုပေါင်း (၆) ဦးတက်ရောက်ခဲ့ပါတယ်။

မစ္စတာနမ်ဘီယာဟာ ဒီကနေ့ရန်ကုန်မြို့မှာ စတင်ကျင်းပနေတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ National Identity and Citizenship အလုပ်ရုံ ဆွေးနွေးပွဲ ကိုလည်း တက်ရောက်ခဲ့ပါတယ်။

(Photo: 88 Generation Students Group)
(Photo: 88 Generation Students Group)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ ၈၈မျိုးဆက်ကျောင်း
သားများအဖွဲ့နဲ့မနေ့က တွေ့ဆုံခဲ့ပါတယ်။

မကြာသေးခင်က ရေနစ်မြုပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ်မှာ အ ခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့

Photo: မကြာသေးခင်က ရေနစ်မြုပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ်မှာ အခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်အထက်ပိုင်းက ကွင်းပေါက်၊ ဘုရားကုန်း၊  သရက်ကုန်းနဲ့ ခင်တန်းစတဲ့ ကျေးရွာအုပ်စုတွေမှာ ရေနစ်မြုပ်မှုဒဏ်ခံနေရပြီး ဘုရားကုန်းကျေးရွာအုပ်စုကတော့ အဆိုးဝါးဆုံးဖြစ်တာကြောင့်
 ဒေသခံတွေအနေနဲ့ ကိုယ်ပိုင်နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်ပိုင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရ တယ်လို့
 ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် ဒေသခံတွေ ဒုက္ခမျိုးစုံနဲ့
 ကြုံတွေ့ခဲ့ရသလို အခုရက်ပိုင်းအတွင်း ရေပြန်တက်လာတဲ့အတွက်
 ကျေးရွာအတော်များများမှာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ထပ်မံ ရင်ဆိုင်နေရတယ်လို့  ကွင်းပေါက်ကျေးရွာသား ဦးတင်ထွန်းက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သာပေါင်းမြို့နယ်က ကျေးရွာတွေမှာ
 ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် ပြည်တွင်း ပြည်ပက အလှူရှင်တွေ လာရောက်ကူညီမှုရှိခဲ့ပေမယ့်၊ အခုရက်ပိုင်း ရေကြီးမှု ထပ်မံကြုံတွေ့ ရချိန်မှာတော့ အကူအညီတွေ ရောက်မလာသေးဘူးလို့ ဒေသခံတွေက
 ပြောပါတယ်။

သာပေါင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းလောက်ကစလို့ မိုးသည်းထန်မှုကြောင့် ရေဘေးဒဏ်ကြုံခဲ့ရပြီး၊ လကုန်ပိုင်းအရောက်မှာ
 ရေပြန်ကျသွားခဲ့ပါတယ်။ ဒါပေမယ့်  အခုစက်တင်ဘာလ ဒုတိယပတ်အရောက်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
 နောက်ထပ်တကြိမ်ရေဘေးနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

မကြာသေးခင်က ရေနစ်မြုပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ်မှာ အ
ခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အ
ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အာရှတော်ဝင် ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကိုမကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ

7504
တိုင်းတရားရုံးအား စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
အာရှတော်ဝင်ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကို မကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာခြောက်လကြာမှအမှုခေါ်ယူခဲ့ကြောင်းတိုင်ကြားခဲ့သည့်မိသားစုဝင် များ၏  ပြော
ကြား ချက်အရ သိရှိရသည်။

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာမှာဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား

၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။၂၀၀၈
 ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆)နေအိမ်တစ်အိမ်တွင်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးလေးဦးသေနတ်ပစ် ခံရသောကြောင့် သေဆုံး
သည့်ဖြစ်ရပ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်


အမေရိကန်နိုင်ငံကို ရက်အတန်ကြာ သွားမယ့် ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ဒီညနေ ၇ နာရီ မထိုးခင် ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ဟံသာရိပ်မွန်အိမ်ရာတွင် ခြောက်ထပ်တိုက်တစ်လုံး အရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ လူတစ်ဦးသေဆုံး

ရန်ကုန်၊စက်တင်ဘာ-၁၆ကမာရွတ်မြို့နယ်၊အမှတ်(၅)ရပ်ကွက်၊ဟံသာရိပ်မွန်အိမ်ရာ၊ စံပယ်မာဃလမ်းရှိ
ခြောက်ထပ်တိုက်၊ ခြောက်လွှာနောက်ဖေးအရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ ယနေ(့စက်တင်ဘာ၁၆
ရက်)ညနေသုံးနာရီခွဲခန့်ကအသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နဲ့ ထောက်လှမ်းရေးအဖွဲ့

 
စစ်အစိုးရခေတ်ကblacklist ခေါ် အမည်မည်းစာရင်းထဲမှာ ထည့်ထားသူ ၆၀၀၀ ကျော်ထဲက ၂၀၀၀ ကျော်ကို စာရင်းကပယ်ဖျက်လိုက်ကြောင်းလွန်ခဲ့တဲ့လနှောင်းပိုင်းကအစိုးရကကြေညာပါတယ်။ မိမိလက်လှမ်းမမှီတဲ့
နိုင်ငံခြားနေပုဂ္ဂိုလ်တွေကိုအမည်မည်းစာရင်းမှာထည့်သွင်းတာစစ်ထောက်လှမ်းရေးဌာနရဲ့  အလုပ်တခု ဖြစ်
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ယနေ့ ညနေ ၇ နာရီ ၅၀ မိနစ်တွင်ရန်ကုန်မြို့မှ အမေရိကန်ပြည်ထောင်စုသို့ စတင်ထွက်ခွာမည်

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ညနေ ၇ နာရီ ၅၀ မိနစ်တွင် ထိုင်းအဲဝေးလေကြောင်းလိုင်း TG 306 လေယာဉ်ဖြင့် အမေရိကန်ခရီးစဉ်အတွက် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်သည်။

Myanmar National ရုပ်သံလိုင်းကို အောက်တိုဘာလတွင် ထုတ်လွှင့်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
 
 မြန်မာနိုင်ငံ အနှံ့အပြားသို့ Skynet အမည်ဖြင့် ရုပ်သံလိုင်း အများအပြား ထုတ်လွှင့် ပြသနေသောရွှေသံလွင် ကုမ္ပဏီ လီမိတက်က Myanmar National ရုပ်သံလိုင်းသစ်ကို free to air စနစ်အဖြစ် အောက်တိုဘာလတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းယင်းကုမ္ပဏီ၏အထွေထွေမန်နေဂျာဖြစ်သူ ဦးသက်ဝင်းက ပြောကြား
သည်။

စည်ပင်အုံနာဘုတ် မပြုလုပ်ကြရန် ပုလဲကွန်ဒိုနေထိုင်သူများအား ကုမ္ပဏီက စည်းရုံး


မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူဆောက်လုပ်သည့်ကုမ္ပဏီများနှင့် ဆက်ဆံ နေထိုင်သူ
များအနေဖြင့် စည်ပင်သာယာပိုင်အဆောက်အအုံပိုင် နေထိုင်ခွင့်စာချုပ် (စည်ပင်အုံနာဘုတ်)များအားလက်
ဝယ်ကိုင်ဆောင်ထားရှိရန် အရေးကြီးကြောင်း ပုလဲကွန်ဒိုနေထိုင်သူများက အကြံပြု ပြောဆိုကြသည်။

ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ၂၅၊ ၂၆ လမ်းထိပ်တို့တွင် စိတ်ဝေဒနာရှင် တစ်ဦးကြောင့် အမျိုးသမီးတစ်ချို့ ကာယိအိနြေ္ဒပျက်

ရန်ကုန်၊ စက်တင်ဘာ ၁ ရက်  ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ၂၅၊ ၂၆ လမ်းထိပ်တို့တွင် ယခုလ ၁၅ ရက်နေ့နံနက်၇နာရီဝန်းကျင်မှစ၍အသက်၃၀ကျော်အရွယ်စိတ်ဝေဒနာရှင်တစ်ဦး ရောဂါဖောက်ကာ သောင်း
ကျန်းခဲ့၍ ခရီးသွား အမျိုးသမီး နှစ်ဦးထက်မနည်း ကာယိအိနြေ္ဒ ပျက်ယွင်း ခဲ့ရကြောင်းယင်းလမ်းနေသူမျက်
မြင်များနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန စည်ပင် ဝန်ထမ်းများက ပြောကြားသည်။

လက်ပန်တောင်းတောင်ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည့် မအေးနက်


လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့်ပတ်သက်၍ဒေသခံများနှင့်ဆွေးနွေးပြီးဆက်လက်လုပ်
ဆောင်သွား မည်ဖြစ်ကြောင်း ဒေသခံများနှင့်သက်ဆိုင်သူအားလုံးကလည်း ထပ်တူထပ်မျှဆောင်ရွက်ပေး
စေလိုကြောင်း မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၀က်မှေးကျေးရွာသူ မအေးနက်က ဆိုသည်။

ပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့ တောင်ဥတ္ကလာပမြို့နယ်က NLD ပါတီဝင်တွေ ဧရာဝတီ တိုင်းက ရေဘေးသင့်ရွာတွေကို သွားရောက် ကူညီလှုဒါန်း

Photo: ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် မြန်မာနိုင်ငံတ၀ှမ်းမှာ ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး ရန်ပုံငွေ ရှာဖွေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့ တောင်ဥတ္ကလာပမြို့နယ်က NLD ပါတီဝင်တွေ
ဟာ ဧရာဝတီ တိုင်းပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်မှာရှိတဲ့ ရေဘေးသင့်
ရွာတွေက ပြည်သူ ၄၀၀ကျော် ကို ဒီကနေ့ သွားရောက် ကူညီလှုဒါန်းခဲ့တယ်
လို့ သိရပါတယ်။

မေကြက်မရွာနဲ့ ကျွဲခေါင်းကျေးရွာ နှစ်ရွာက ပြည်သူ ၄၀၀ ကျော်အတွက် ဆန်အိတ် ၂၀၀ကျော်နဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ တခြားလူသုံးကုန်
ပစ္စည်းတွေ ပေးအပ်နိုင်ခဲ့ပြီး၊ တခြားအကူအညီလိုအပ်နေတဲ့
တောချောင်းရွာ၊ မရမ်းရောရွာနဲ့ပွေးတန်းရွာသုံးရွာမှာ နေထိုင်နေသူတွေကို
လည်း မြောင်းမြ NLD ကတဆင့် အကူအညီပစ္စည်းတွေ ဆက်လက်ပေးအပ်
သွားမယ်လို့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် ကိုသားထွေး က RFA ကို ပြောပါတယ်။

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့NLD ပါတီဝင်တွေ စုပေါင်းပြီး၊ ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသ တွေကို ပထမအကြိမ်သွားရောက်ပြီး
ထောက်ပံ့ရေး ပစ္စည်းတွေ ကူညီပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

(Photo courtesy of Burma VJ Media)
(Photo courtesy of Burma VJ Media)
ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် မြန်မာနိုင်ငံတ၀ှမ်းမှာ ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး ရန်
ပုံငွေ ရှာဖွေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့ တောင်ဥတ္ကလာပမြို့နယ်က NLD ပါတီဝင်တွေ
ဟာဧရာဝတီတိုင်းပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်မှာရှိတဲ့ ရေဘေးသင့်ရွာတွေက ပြည်သူ၄၀၀ကျော် ကိုဒီကနေ့
သွားရောက် ကူညီလှုဒါန်းခဲ့တယ် လို့ သိရပါတယ်။

ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများပြား

Photo: ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများပြား

ကချင်ပြည်နယ် ဗန်မော်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားနေပြီး ထိထိရောက်ရောက် အရေးယူတာမရှိဘူးလို့ သိရပါတယ်။      

မူးယစ်ဆေးဝါးရောင်းတဲ့နေရာတွေ ကတော့ ဗန်းမော်မြို့ပေါ် ဆင်ခြေဖုံးနေရာ အများအပြားနဲ့ အနီးအနားကျေးရွာတွေ အပါအ၀င် တက္ကသိုလ်ကျောင်းအနီးတ၀ိုက် ဖြစ်ကြောင်း ဗန်းမော်မြို့ခံ တစ်ယောက်က
 ပြောပြပါတယ်။

"မြို့ပေါ်မှာရှိသမျှဆင်ခြေဖုံးရပ်ကွက်တွေ အကုန်ရောင်းတယ်။ နောင်ခို၊ မင်းလှ၊ ဖန်းတဲ၊ ရိုးကြီး၊ မဟာကြီး၊ သင်္ဘောဆေး၊ပေါက်တိုး၊ ပြင် ၃မိုင်ကွက်သစ်၊ ၂မိုင်၊ ၇မိုင်၊ အကုန်လုံးပတ်ချာလည်ပြီး မူးယစ်ဆေးဝါးတွေက လွတ်လပ်ရေး တအားရနေတယ်လေ။ အစေ့ပန်းရောင်ဆိုတာ တစ်စေ့ကို ၁၅၀၀ ရှိတယ် ၂၀၀၀ တန်ရှိတယ်၊
 နောက်တခါ နံပတ်ဖိုးခေါ်တဲ့ အမှုန့်လည်း ရှိတယ်။ ဂျီတီစီ ကျောင်းနားမှာရှိတဲ့ တာမိုင်းလုံကျေးရွာ ၊ မိုးဟိန်းကျေးရွာ သာစည်ကျေးရွာ အဲဒီနားက မိဘတွေက သူတို့သားသမီးတွေ မူးယစ်ဆေးဝါးစွဲနေတော့ စိတ်ညစ်နေတယ်လေ"

အဲဒီမူးယစ်ဆေးဝါးတွေဟာ သစ်လုပ်ငန်းလုပ်တဲ့နေရာ၊ ရွှေတွင်းတူးတဲ့နေရာ
 တွေမှာ အများအပြားတွေ့ရတယ်လို့ သူကပြောပါတယ်။ ဒီမူးယစ်ဆေးဝါးတွေကို တရုတ်မြန်မာနယ်စပ် လွယ်ကျယ်မြို့ကနေ ဆိုင်ကယ်တွေနဲ့ဝင်လာတာ ရှိသလို သစ်တင်တဲ့ကားတွေနဲ့ ပါလာတာ ရှိတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

 နေရာအနှံ့ဖြစ်နေတဲ့ မူးယစ်ဆေးရောင်းဝယ်ဖေါက်ကားမှုတွေကို အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အရေးယူတာ မရှိဘူးလို့  နောက်ထပ် ဗန်းမော်မြို့ခံတစ်ယောက်က ပြောပြရာမှာ-

"နံပတ်ဖိုးဆိုရင် ၅၀၀ လောက်နဲ့ ရောင်းနေတယ်ဆိုတော့ ကမ်းကုန်နေပီလေ။ ဗန်းမော်မြို့ရဲ့ ၃ပုံ ၁ပုံလောက်က လူငယ်တွေက ပျက်စီး ငါးပါးတိုင်နေတာပဲ။ ကျနော်တို့အရပ်ကလဲ ထိုနည်းလည်းကောင်းပဲ။ လူငယ်တွေ အနာဂတ်ကိုပျောက်နေတယ်။   ဖမ်းမိတယ်ဆိုရင် မိတယ်ထွက်ပြေးတယ်၊ အရပ်က ၀ိုင်းဖမ်းတော့ မိလိုက်တဲ့အခါ မူးယစ်က ရဲကိုလွှဲတယ်။ ရဲက ပိုက်ဆံထပ်ညှစ် တကယ်တမ်းကျတော့ ရဲတို့ မူးယစ်ဌာနတို့က အလုပ်မလုပ်ဖူးဆိုတာ သိသာတယ်။ စားသုံးတဲ့လူကိုပဲ ဖမ်းပီးမှ ရောင်းကြတဲ့ ပုဂ္ဂိုလ်လက်ကားတွေကျတော့ သိလျက်သားနဲ့၊ ဒါတွေ တမြို့နယ်လုံးလိုဖြစ်နေတာ။ အာဏာပိုင်အဖွဲ့အစည်းက ပိုပြီးလှုပ်ရှားဖို့ လိုတယ်လို့ ထင်တယ်လေ။"

ဗန်းမော်မြို့က မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဟာ လွတ်လွတ်လပ်လပ်
 ရောင်းဝယ်သုံးစွဲနိုင်တာကြောင့်ဖြစ်သလို၊   စီးပွါးရေးအဆင်မပြေတာ၊ အလုပ်အကိုင် မရှိတာတွေကြောင့် စိတ်ညစ်လို့ သုံးစွဲကြတဲ့အပြင် တချို့ကတော့ မိတ်ဆွေအဖေါ်တွေရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် မူးယစ်ဆေးဝါးကို သုံးစွဲမိကြတာလို့ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေများလာသလို ခိုးဆိုးလုယက်တဲ့ ရာဇ၀တ်မှုတွေလည်း ဒေသအတွင်းမှာ မကြာခဏဆိုသလို
 ဖြစ်ပွါးနေတယ်လို့ ဗန်မော်မြို့ခံတွေက ပြောကြပါတယ်။

ကချင်ပြည်နယ် ဗန်မော်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားနေပြီး ထိထိရောက်
ရောက် အရေးယူတာမရှိဘူးလို့ သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့နေရာတွေ ကတော့ ဗန်းမော်မြို့ပေါ်
ဆင်ခြေဖုံးနေရာ အများအပြားနဲ့ အနီးအနားကျေးရွာတွေ အပါအ၀င် တက္ကသိုလ်ကျောင်းအနီးတ၀ိုက် ဖြစ်
ကြောင်း ဗန်းမော်မြို့ခံ တစ်ယောက်ကပြောပြပါတယ်။

ရန်ကုန်မြို့တွင်း ၁၄ မြို့နယ် သုံးရက်ကြာ ဂျိုးဖြူရေ ပြတ်မည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေများကို ဖြန့်ဝေရာ နေရာတစ်ခုဖြစ်သော လှော်ကား ရေပေးဝေကန်မှ ရေပို့ပိုက်ကြီး ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့တွင်း ၁၄ မြို့နယ်တွင် သုံးရက်ကြာ ရေပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ထံမှ စုံစမ်းသိရှိရသည်။ 

မူစလင်ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူကို စစ်ဆေးမေးမြန်း

 
မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့ သူလို့ စွပ်စွဲခံနေသူ Nakoula Basseley Nakoula ကို လော့စ်အိန်ဂျဲလိစ် မြို့ ရဲတပ်ဖွဲ့က စစ်ဆေးရန် နေအိမ်ကနေ လာရောက် ခေါ်ယူစဉ်။  
(စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ လော့စ်အိန်ဂျဲလိ စ် (Los Angeles) မြို့ရဲတပ်ဖွဲ့က မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူလို့ စွပ်
စွဲခံနေသူကို သူ့ရဲ့နေအိမ်ကနေ ခေတ္တခေါ်ယူ မေးမြန်းခဲ့ပါတယ်။ 

အလှပျက်စေတဲ့ အဆီပိုများ



အမျိုးသမီးများသည် လူအများ ကြားတွင်အလှအပနှင့် ယုံကြည်မှု ရှိစွာရပ်တည်နိုင်ရန် အများအားဖြင့် မိမိ မျက်နှာပြင်အား  တတ် နိုင်သည့် နည်းအမျိုးမျိုးဖြင့် လှပ ကြည့်ကောင်းစေရန်  ကြိုးစားကြ လေ့ရှိသည်။သို့
့သော် အလှအပဟူသည် မျက်နှာပြင် တစ်ခု တည်း လှပနေ စေရန်မဟုတ်ဘဲ  ကျန်းမာသော ခန္ဓာကိုယ်တစ်
ခုပါ   ပိုင်ဆိုင်လျှင်ပိုမိုပြီးပြည့်စုံသော   အလှတစ်ခုအား ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

အမျိုးသား ကျန်းမာရေးအတွက် အသုံးဝင်သော လမ်းညွှန်ချက်များ


အမျိုးသားတွေအခုထက်ပိုမိုကျန်းမာလာဖို့အတွက်ဖော်ပြပေးမယ့်လမ်းညွှန်ချက်တွေကအိမ်မှာ လိုက်နာနိုင်
တဲ့အလွယ်နည်းတွေဖြစ်ကြပါတယ်။ဒီနည်းလမ်းတွေကအလုပ်လုပ်နေတဲ့ အမျိုးသားတွေ၊ ကျောင်းတက်နေ
ဆဲ အမျိုးသားတွေ၊ အိမ်ထောင်ရှင် အမျိုးသားတွေ စတဲ့ အမျိုးသား အားလုံးအတွက် ပိုမိုကျန်းမာလာစေမယ့် နည်းလမ်းတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မြန်မာပြည်ဒီမိုကရေစီစနစ်က အခြားနိုင်ငံက ဒီမိုကရေစီ စနစ်ထက် ပိုကောင်းတယ်ဆိုတာ အမေရိကန် သံရုံးများရှေ့ မွတ်စလင်တွေ အကြမ်းဖက်ဆန္ဒပြမှု့တွေက သက်သေပြနေပြီလော


 မြန်မာပြည်ကပြောနေတဲ့စည်းကမ်းရှိတဲ့ဒီမိုကရေစီ တာ ကို တခြားနိုင်ငံတွေ လိုက်နာ ကျင့်သုံးရတော့မယ်။ ဒီမိုကရေစီ ဘိုးအေ ဆိုတဲ့  အင်္ဂလန်မှာ မွတ်စလင်တွေ မင်းမရှိတဲ့ တိုင်းပြည် လို အမေရိကန် သံရုံးရှေ့မှာ စည်းမရှိ ကမ်းမရှိ  လုပ်နေကြတယ်။

Android ဖုန်းပေါ်မှာ ကိုယ်ပိုင်လက်ရေးနဲ့ မှတ်စုတွေရေးနိုင်ဖို့ Handrite Note Pro v1.73 for Android



Android OS သုံးဖုန်းတွေမှာ မှတ်စုလေးတွေမှတ်ဖို့လက်ရေးနဲ့စာတွေရေးသားသိမ်းဆည်းနိုင်ဖို့အတွက်
Handrite Note Pro v1.73 မိတ်ဆက်ပေးလိုက်ပါတယ်။Android ဖုန်းမှာ ရေးသားချင်တဲ့အကြောင်းအရာ
တွေကို လက်ရေး(သို့)keyboard နဲ့ ရေး စိတ်ကြိုက်နာမည်ပေးပြီး note တစ်ခု အနေနဲ့ သိမ်းဆည်းထားလို့
ရပါတယ်။

Google Play ဆိုတာဘာလဲ



Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိ
ရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။

အိုင်ဖုန်း 5 ကအိုဘားမားရဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အမှန်တကယ်ကူညီမှာလေလား



Apple ကိုချစ်သော်ရှိမုန်းသော်ရှိApple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ iPad နဲ့ iPhone ရဲ့ရေပန်းစားမှုကိုတော့ဘယ်
သူမှမျက်ကွယ်မပြုနိုင်ကြပါဘူး။ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Android ကိုတောင် မမှုဘဲနဲ့အရောင်းသွက်အောင်
ဘယ်လို ထိန်းထားနိုင်လဲဆိုတာ နားမလည်နိုင်အောင်ပါဘဲ။