Pages

Pages - Menu

Sunday, September 16, 2012

စည်ပင်အုံနာဘုတ် မပြုလုပ်ကြရန် ပုလဲကွန်ဒိုနေထိုင်သူများအား ကုမ္ပဏီက စည်းရုံး


မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူဆောက်လုပ်သည့်ကုမ္ပဏီများနှင့် ဆက်ဆံ နေထိုင်သူ
များအနေဖြင့် စည်ပင်သာယာပိုင်အဆောက်အအုံပိုင် နေထိုင်ခွင့်စာချုပ် (စည်ပင်အုံနာဘုတ်)များအားလက်
ဝယ်ကိုင်ဆောင်ထားရှိရန် အရေးကြီးကြောင်း ပုလဲကွန်ဒိုနေထိုင်သူများက အကြံပြု ပြောဆိုကြသည်။

ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ ပုလဲကွန်ဒိုတွင်နေထိုင်သူများက၄င်း
တို့၏ နေထိုင်မှုဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ စက်တင်ဘာလ(၁၄)ရက်နေ့က တော်ဝင်နှင်းဆီ၌ သ
တင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် ပုလဲကွန်ဒိုဆောက်လုပ်ထားသည့် Asia Express Co.,LTD ကုမ္ပဏီက  အိမ်ခန်းပိုင်ရှင်များအား စာထုတ်၍  ကုမ္ပဏီကထုတ်ပေးသည့် အုံနာဘုတ်ကိုသာ လက်ကိုင်ပြုထားရန်၊ စည်ပင် အုံနာဘုတ်မပြုလုပ်
ကြရန် စည်းရုံးမှုများ ရှိနေကြောင်း နေထိုင်သူတို့က ဆိုသည်။
“သူတို့ အုံနာဘုတ်ကိုင်ထားရင် နောက်သူတို့ကုမ္ပဏီက တိုက်ခန်းထပ်ဝယ်ရင် ဈေးလျှော့ပေးမယ်လို့ Asia Express Co.,LTDက စာထုတ်ပြီး တရားဝင်စည်းရုံးနေတယ်”ဟု ပုလဲကွန်ဒိုတွင်  နေထိုင်သူတစ်ဦးက ပြော
သည်။
Asia Express Co.,LTDကုမ္ပဏီမှ အခန်းပိုင်ရှင်များအား အုံနာဘုတ်မပေးလိုရခြင်းမှာ အဆိုပါ ကွန်ဒိုအားကုမ္ပ
ဏီကသာ စီမံခန့်ခွဲလို၍ဖြစ်နိုင်ကြောင်း နေထိုင်သူများက သုံးသပ်သည်။
ကွန်ဒိုသာယာရေးကော်မတီသို့ ကွန်ဒိုအားလွှဲပြောင်းပေးရန် ကိစ္စနှင့်ပတ်သက်၍ Asia Express Co.,LTD အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခုံရုံးအဖွဲ့ဖွဲ့၍စာထုတ်ပြန်ခဲ့သော်လည်းကုမ္ပဏီအနေဖြင့် လိုက်နာဆောင်
ရွက်ခြင်း မရှိပေ။
“Asia Express Co.,LTD ကို တိုင်းဒေသကြီးက ခုံရုံးဖွဲ့ပြီးအမိန့်ထုတ်ခဲ့သော်လည်းလိုက်နာ ခြင်းမရှိပါဘူး။ ကျွန်တော်တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ကျွန်တော်တို့
ကို (၂)ပါတ်စောင့်ခိုင်းပါတယ်။ ကျွန်တော်တို့ စောင့်လို့မှထူးခြားမှု မရှိဘူးဆိုရင် လွှတ်တော်ကိုယ်စား လှယ်
တွေကိုလည်း တင်ပြမယ်၊ သမ္မတကြီးကိုလည်း စာတင်မယ်။”  ဟု ဦးဆ၀်ဟန်ကြည်က ဆက်ပြောသည်။
ပုလဲကွန်ဒိုနေထိုင်သူများအနေဖြင့်လည်း  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံတင်ပြ၍ စည်ပင်မှ အုံ
နာဘုတ်ရယူရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှထုတ်ပေးသည့် စည်ပင်ပိုင်အဆောက်အအုံ နေထိုင်ခွင့်စာ
ချုပ်(အုံနာ)ဘုတ်မှာ ကုမ္ပဏီအုံနာဘုတ်ထက် ပိုမိုခိုင်မာမှုရှိကြောင်းကိုလည်း ကွန်ဒို နေထိုင်သူများထံက သိ
ရှိရသည်။
“ စည်ပင်ကထုတ်ပေးတဲ့ အုံနာဘုတ် လက်ဝယ်ကိုင်ဆောင်ထားတဲ့သူက ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာ စေတယ်
လေ၊ အခုဒီ အုံနာဘုတ်ကိုင်ထားတဲ့သူတွေကို ဘဏ်တွေက ငွေထုတ်ချေး နေတယ်လို့ လည်း ကြားရတယ်” ဟု  ဦးဆ၀်ဟန်ထွန်းက ပြောသည်။
အဆိုပါ ပုလဲကွန်ဒိုမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Asia Express Co.,LTDတို့ အကျိုး
တူဆောက်လုပ်ထားသည့် အဆင့်မြင့်အိမ်ယာစီမံကိန်းတစ်ခု ဖြစ်သည်။
“ကျွန်တော်က၂၀၀၁ခုနှစ်ဒီဇင်ဘာမှာဝယ်လိုက်တယ်။ဒါပေမဲ့ကွန်ဒိုက မပြီးသေးပါဘူး။ ကျွန်တော် က ကြော်
ငြာစာအုပ်ကို ကြည့်ပြီးဝယ်လိုက်တာပါ။ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နဲ့အကျိုးတူ
ပူးပေါင်းဆောက်လုပ် ထားတယ်ဆိုတော့ သေချာခိုင်မာမှုရှိမယ်ထင်လို့ ၀ယ်လိုက်တာပါ ”ဟု ပုလဲကွန်ဒိုတွင်
 နေထိုင်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ပုလဲကွန်ဒိုမှ အိမ်ခန်းပိုင်ရှင်များကို အုံနာဘုတ်ပြုလုပ်ပေးလျှက်ရှိကြောင်းကိုလည်း ရန်ကုန် မြို့
တော်စည်ပင် သာယာရေးကော်မတီက သိရှိရသည်။
ပုလဲကွန်ဒိုနေထိုင်သူများအနေဖြင့် စည်ပင်အုံနာဘုတ်ရရှိပါက ကုမ္ပဏီအုံနာဘုတ်အား  မြို့တော်စည်ပင်မှ
 ပြန်လည်သိမ်းယူ သွားမည်ဖြစ်ကြောင်းကိုလည်း နေထိုင်သူများထံက သိရှိရသည်။


ရန်ကုန်သတင်း

No comments:

Post a Comment