မိုးရာသီတွင် အဖြစ်များသော ၀မ်းပျက်ဝမ်းလျောရောဂါအားပျောက်ကင်းလိုမှုကြောင့် ဆေးမှားယွင်းစွာ သောက်သုံးမိပါက ၀မ်းဗိုက်ဖောင်းတင်းကာ အူပုတ်သည်မှအစ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အသက်ဆုံးရှုံးသည်အထိ ကြုံတွေ့နိုင်ကြောင်း ဆရာဝန်များက ဆိုသည်။
Pages
▼
Pages - Menu
▼
Monday, July 16, 2012
ဘက်လိုက်မှုမကင်းနိုင်၍ သတင်းစာလောကသို့ မ၀င်သော မင်းကိုနိုင်
မန္တလေးမြို့တွင်ကျင်းပသော နောက်ကြည့်မှန်စာအုပ်မိတ်ဆက်ပွဲတွင်ဘက်လိုက်မှုများကို မကင်းနိုင်၍ သတင်းစာလောကသို့ဝင်ဦးမည်
မဟုတ်ကြောင်း(၈၈)မျိုးဆက်ခေါင်းဆောင်မင်းကိုနိုင်က ပြောကြားလိုက်သည်။
အာဇာနည်နေ့ တက်ရောက်သူများ ယူဆောင်ခွင့်မရှိသည့် ပစ္စည်းစာရင်းထုတ်ပြန်
၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကို တက်ရောက် လာမည့် မည်သူမဆို
ပန်းခွေ၊ ပန်းစည်းအမျိုး မျိုး၊ပန်းခြင်း၊ကင်မရာ အမျိးမျိုး၊လက်ကိုင်
ဖုန်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး တို့ကို ယူဆောင်ခွင့်ပြု
မည်မဟုတ်ကြောင်း ကျင်းပရေးကော်မတီက ကြိုတင်သတိပေး ကြေငြာလိုက် ကြောင်း
ဇူလိုင်၁၆ရက်နေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။
ဧရာဝတီမြစ်အန္တရာယ်ကြုံနေရဆဲဟု Gallery(65)က သိရ
မြစ်ဆုံစီမံကိန်းရပ်နားထားသော်လည်း
ရွှေတူးဖော်ခြင်းလုပ်ငန်းများ နှင့် သစ်တောပြုန်းတီးမှုများ ရှိနေခြင်း
ကြောင့် ဧရာဝတီမြစ်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ခံနေရဆဲဖြစ်ကြောင်း
Gallery(65)က သိရှိရသည်။
မသန်စွမ်းသူနှစ်ရာကျော်က အာဇာနည်ဗိမ္မာန်သို့သွားကာ လွမ်းသူပန်းခွေချမည်
လာမည့် ဇူလိုင်လ(၁၉)ရက်နေ့၌ ကျရောက်သော (၆၅)နှစ်မြောက်အာဇာနည်နေ့သို့ မသန်စွမ်းသူ
(၂၀၀) ကျော်မှ အာဇာနည်ဗိမ္မာန်သို့ သွားရောက်ကာ လွမ်းသူပန်းခွေချမည်ဖြစ်ကြောင်း ရွှေမင်းသား
ဖောင်ဒေးရှင်း က သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)အား (၈)ထပ်အဆင့်မြင့်ဈေးအဖြစ် ၂ နှစ် အတွင်း အပြီးသတ်တည်ဆောက်သွားမည်
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)အား (၈)ထပ်အဆင့်မြင့်ဈေးအဖြစ် ၂ နှစ် အတွင်း အပြီးသတ်တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဈေးဆောက်လုပ်မည့်ကုမ္ပဏီထံက သိရှိရသည်။
Wireless Network နည်းပညာဆိုတာ
Wireless Network ချိတ်ဆက်မည်ဆိုပါက အောက်ပါနည်းလမ်းနှစ်သွယ်ဖြင့်ချိတ်ဆက်နိုင် ပါသည်။ ယင်းတို့မှာ -
၁ ) Ad.hoc Mode
၂) Infrastructure Mode
ဟူ၍ဖြစ်ပါသည်။
၁) Ad.hoc Mode (IBSS)
Ad.hoc အားတစ်နည်းအားဖြင့် Independent Basic Service Set ဟူ၍ လည်း ခေါ်ပါသည်။ယင်း Ad.hoc Mode သည် Computer အချင်းချင်း Wireless Adpater တမျိုးတည်း ဖြင့်သာအသုံးပြုချိတ်ဆက်ခြင်းဖြစ်ပါသည်။ ထို့ချိတ်ဆက်မှုတွင်မည်သည့်ကြားခံပစ္စည်း မှမလိုအပ်ပါ။
၂) Infrastructure Mode(BSS)
Infrastructure Mode အားတစ်နည်းအားဖြင့် Basic Service Set ဟူ၍လည်းခေါ်ပါ သည်။။ယင်း Infrastructure Mode သည် Computer အချင်းချင်းချိတ်ဆက်ရာတွင်း Wireless Adpater နှင့် Wireless Access Point (or) Wireless Router တို့ကို အသုံးပြုချိတ်ဆက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Wireless Adpater သည်အသုံးပြုသူများ၏ ရွေးချယ်မှု ပေးတွင် မူတည်ပါသည် ။
Wi-Fi ဆိုသည်မှာ Wireless Fidelity ဖြစ်ပါသည်။ Wifi သည် Wireless Local Area Network (WLAN) အတွက်အသုံးပြုသည့်နည်းပညာတစ်ခုဖြစ်ပါသည်။ယင်း Wifi သည် IEEE 802.11 Standard အားအခြေခံထားခြင်းဖြစ်ပါသည်။ Wifi သည် IEEE 802.11b Standard ဖြစ်သည့် Frequency 2.4GHz အားအသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် IEEE 802.11 Standard များဖြစ်သည့် (802.11a,802.11b,802.11g,802.11n) Standards များတွင်ပါ အသုံးပြုနိုင်ပါသည်။
Wifi နည်းပညာသည် sender နှင့် receiver အကြား Physical Wire Connection ဖြင့်အလုပ်မလုပ်ဘဲ Radio Frequency ဖြင့်သာ Data များပေးပို့ခြင်းနှင့်လက်ခံ ခြင်းများပြုလုပ်ကြပါသည်။ RF Current များအား Antenna ဆီသို့ပေးပို့ပြီး ထိုမှတဆင့် Electromagnetic Field ဖန်တီးကာ လေဟာနယ်မှတဆင့် Propagate ပြုလုပ်ပေးခြင်းပင်ဖြစ်ပါ သည်။
ထိုသို့ RF အားအသုံးပြုပြီး Data များပေးပို့လက်ခံရန်အတွက် မည်သည့် Wifi Network မဆို Access Point လိုအပ်မည်ဖြစ်ပါသည်။ Access Point သည် Infrastructure Mode အတွက်အသုံးပြုသောကြားခံပစ္စည်းတစ်ခု ဖြစ်ပါသည်။ Wireless Network အတွင်း wireless client များအပြန်အလှန်ချိတ်ဆက်မိစေရန် အတွက်အသုံးပြုသော ပစ္စည်းဖြစ်သည်။ယင်း Access Point တွင်အောက်ဖော်ပြပါ Mode (၃) ခုပါ ဝင်ပါသည်-
၁) Root Mode
၂) Repeater Mode
၃) Bridge Mode တို့ဖြစ်ပါသည်။
၁) Root Mode
Root Mode ဆိုသည်မှာယင်း Access Point မှတဆင့် Wire Network သို့ချိတ်ဆက် ခြင်းဖြစ်သည်။ Access Point မှ Wire Network သို့ချိတ်ဆက်ရာတွင် ယင်း Access Point တွင် ပါရှိသည့် Ethernet Interface ဖြင့်တိုက်ရိုက်ချိတ်ဆက်ပါသည်။
၂ ) Repeater Mode
Repeater Mode ဆိုသည်မှာ Access Point မှတိုက်ရိုက်ချိတ်ထားသည့် အခြားသော Access Point မှတဆင့် Wire Network သို့ထပ်မံချိတ်ဆက်ခြင်းဖြစ်သည်။တနည်းအားဖြင့် Repeater Mode အားအသုံးပြုထားသည့် Access Point သည် Upstream (Root Mode) အားအသုံးပြုထားသည့် Access Point နှင့်ချိတ်ဆက်ကာ Wire Network သို့ထပ်မံချိတ်ဆက် ခြင်းဖြစ်ပါသည်။
၃ ) Brigde Mode
Bridge Mode ဆိုသည်မှာ မတူညီသည့် Access Point နှစ်ခုအကြားအချင်းချင်း အပြန် အလှန်ချိတ်ဆက်မိစေရန်အတွက် အသုံးပြုသော Mode ဖြစ်ပါသည်။ နောက်ထပ် Wireless Antenna များအကြောင်းကို ထပ်မံ ရှင်းပြပါ့မယ် ။
Wireless Antenna များ
Wireless Network အား အကွာအဝေးပိုမိုချိတ်ဆက်မိစေရန်နှင့် IEEE 802.11 Standard \ Range အားတိုးချဲ့စေရန်အတွက် External Antenna များအား အသုံးပြုဖို့ လိုအပ်လာပါတယ် ။ ( Hand made Antenna များဖြင့် ပြုလုပ်နိုင်သော်လည်း ထိရောက်မှု သိပ်မရှိလှတာကို တွေ့ရပါတယ် ) Wireless Network တွင် အဓိက အားဖြင့် အောက်ဖော်ပြပါ Antenna များအား အသုံးပြုကြပါသည် ။
၁) Omni Directional Antenna
၂) Directional Antenna တို့ဖြစ်ပါသည်။
၁ ) Omni Directional Antenna
Omni Directional Antenna သည် Common Base Antenna အမျိုးအစားဖြစ်ပြီး Point-to Multipoint စနစ်ဖြစ်ပါသည်။ ယင်း Antenna သည် အခြားသော Computer ၊ Laptop ၊ PDA များဆီသို့ Signal များအား Distribute ပြုလုပ်သည့်အခါတွင် Main Antenna အဖြစ်အသုံးပြုပါသည်။ Omni Directional Antennaတွင် Wireless Wave များသည် 360 ဒီဂရီ အတိုင်းသွားပါသည်။ထို့ကြောင့် Point-to-Point system တွင်ယင်း Antenna အားအသုံး ပြုမည်ဆိုပါက Signal range နည်းမည်ဖြစ်ပါသည်။ထို့ကြောင့် Point-to-Point system အတွက် Omni Directional Antenna အား recommend မပြုလုပ်ကြပါ။ Omni directional Antenna အား Indoor Unit များအတွက်သာ အသုံးများပါသည်။
၂ )Directional Antenna
Directional Antenna များအား Outdoor Unit များတွင် အသုံးပြုကြပါသည်။ ယင်း Antenna များသည် Signal Wave အား 45 ဒီဂရီအတိုင်းသွားပါသည်။ Directional Antenna များအား Point-to-Point System များအတွက်အသုံးပြုကြပြီး၊ တစ်ခါတစ်ရံတွင် တပ်ဆင်သည့်အ ပေါ်မူတည်၍ Multipoint System အတွက်လည်းအသုံးပြုကြပါသည်။ အောက်ဆုံးက အင်တင်နာဆိုရင် ထိုင်းဘတ် ( ၉၀၀ ) လောက် တော့ ရှိပါတယ် ။
Ref: by mmhackforums,Shwekoyantaw blog မှတဆင့်မျှဝေပါသည်။
မင်းကိုနိုင်ရေးသားသော နောက်ကြည့်မှန် ဝတ္ထု ဖြန့်ချိခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ဇူလိုင်လ၊ ၁၅ ရက်၊ နံနက် ၁၁း၀၀နာရီခန့်က ကျင်းပ
မင်းကိုနိုင်ရေးသားသော နောက်ကြည့်မှန် ဝတ္ထု ဖြန့်ချိခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ဇူလိုင်လ၊ ၁၅ ရက်၊ နံနက်
၁၁း၀၀နာရီခန့်က ရန်ကုန်မြို့ ရန်ကင်းစင်တာတွင်ကျင်းပပြုလုပ်ခဲ့သည်။
မောင်းတော အခြေစိုက် နစကမှူးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေခြင်း (တာဝန်သိပြည်သူတစ်ဦးပေးစာ)
မောင်းတောမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီများရဲ့ အကြမ်းဖက်မှုအတွင်း အဓိက တာဝန်ရှိတဲ့ မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေပြီ ဖြစ်ကြောင်း ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ပေးစာအား ဖော်ပြလိုက်ရပါတယ်..။
ခလရ (၂၀)တပ်ရင်းမှ ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ပလက်ဝမြို့နယ်မှ မုဒိန်းမှုဖြင့် တရားစွဲ
ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်တွင် ခလရ (၂၀) စစ်ကြောင်းမှူး ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ဂူဝကျေးရွာ (ခမီးအုပ်စု)မှ မုဒိန်းမှုဖြင့် တိုင်ကြားတရားစွဲဆိုထားရာ ယခုလတတိယအပတ်ထဲတွင် စစ်ဆေးရန်ရှိကြောင်း သိရှိရသည်။