Pages

Pages - Menu

Monday, July 16, 2012

ဧရာဝတီမြစ်အန္တရာယ်ကြုံနေရဆဲဟု Gallery(65)က သိရ


မြစ်ဆုံစီမံကိန်းရပ်နားထားသော်လည်း ရွှေတူးဖော်ခြင်းလုပ်ငန်းများ နှင့် သစ်တောပြုန်းတီးမှုများ ရှိနေခြင်း ကြောင့် ဧရာဝတီမြစ်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ခံနေရဆဲဖြစ်ကြောင်း Gallery(65)က သိရှိရသည်။

 “ ဧရာဝတီမြစ်ကြီးက အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ အခုမြစ်ဆုံစီမံကိန်းက ရပ်နားထားတယ် ဆိုပေမယ့် အခု ရွှေတူးတယ်ဆိုတာလဲ အရင်ကရွှေတူးတဲ့ ပုံမျိုးမဟုတ်ဘဲ စက်တွေ ယန္တရားတွေနဲ့ အသုံးပြုပြီး သဘာဝအရင်း အမြစ်တွေကို စုပ်ယူသုံးစွဲတာမျိုး ဖြစ်လာတယ်။ 

အဲ့ဒီလိုကိစ္စတွေက အဆိပ်အတောက်တွေ ဖြစ်ပေါ်လာပြီး ငါးတွေလည်း သေကြေပျက်စီးမှုတာတွေ များလာတယ်”ဟု သဘာဝပတ်ဝန်းကျင်ဆောင်းပါးများ ရေးသား နေသူ စာရေးဆရာမ ဂျူးက ပြောသည်။
ထိုကဲ့သို့ သဘာဝအရင်းအမြစ်များအား စုပ်ယူသုံးစွဲခြင်းကြောင့် အဆိပ်အတောက်များဖြစ်ပေါ်ကာ ငါး အမျိုး ပေါင်း(၄၀)ကျော် မျိုးသုန်းလုနီးပါးဖြစ်လာကြောင်းနှင့် ဧရာဝတီမြစ်ဆုံဒေသတွင် မဆင်မခြင်သစ်ပင်ခုတ်မှု အများအပြားရှိနေခြင်းကြောင့် ဧရာဝတီ မြစ်အထက် ပိုင်းတွင် ရေခဲတောင်များ အရည်ပျော်ခြင်းနှင့် ကမ်းပြို ခြင်းများလည်း ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။



 “မြစ်အထက်ပိုင်းမှာလည်း သစ်ပင်ခုတ်တာတွေများလာတယ် အဲ့ဒီတော့ နွေရာသီ ၊ ဆောင်းရာသီ
ပဲဖြစ်ဖြစ် ရေခဲတွေက အရည်ပျော်လာတယ်၊ ကမ်းတွေ ပြိုကျလာတာမျိုးတွေလည်း ဖြစ်နေပြီ”ဟု ဆရာမဂျူးက ဆို သည်။
ဧရာဝတီမြစ်ထိန်းသိမ်းရန်လိုအပ်နေခြင်းကို  အသိပေးလိုသော သဘောဖြင့် ဇူလိုင်လ (၁၄)ရက် နေ့က ရောမင်းကြီးလမ်းရှိ Gallery(65)၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပန်းချီကားနှင့် ကာတွန်းပုံပေါင်း(၂၀) ၀န်းကျင် ခန့်ကို ပြသ၍   တေးရေးမြင့်မိုးအောင် ကိုယ်တိုင် ရေးစပ်ထားသော “ဧရာဝတီသီချင်း”များအား အဆိုပါ ဂယ်လာရီ၌ ညနေ(၆)နာရီအချိန်အထိ (၃)ရက်အကြာ ရုပ်မြင်သံကြားမှ ပြသပေးခဲ့ကြောင်း သိရှိရသည်။
“အခုတစ်ခေါက်က ငါတို့ဧရာဝတီ ငါတို့ငြိမ်းချမ်းရေး ဆိုပြီးတော့ သီချင်း(၇)ပုဒ်လောက်ကို ဒီလို အရေးပါတဲ့ ဒေသတွေရဲ့ အရေးကိစ္စတွေကို စိတ်ကူးပုံဖော်ပြီး သီချင်း ရေးစပ်ထားပါတယ်။” ဟု တေးရေးမြင့်မိုးအောင်က ပြောသည်။
ဇူလိုင်လ (၁၆)ရက်နေ့ နံနက်(၉)နာရီအချိန် ရွှေဂုံတိုင် Excel Tower ၌“ ငါတို့ဧရာဝတီငါတို့အနာဂတ် “ခေါင်းစဉ်ဖြင့် ဒေါက်တာ ခင်နီနီသိန်း ၊ ဦးစိန်မျိုးမြင့် ၊ ဦးဝင်းမျိုးသူ နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့   ဟောပြောဆွေးနွေး ကြမည်ဖြစ်သည်။

Ref: Popular Myanmar Media:
 

No comments:

Post a Comment