Pages

Pages - Menu

Friday, June 1, 2012

အလုပ်အကိုင်ပေါ်မယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဒေါ်စု တိုက်တွန်း



မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားဖို့

ရန်ကုန်တိုင်းဒေသကြီးတွင် မီးအပြည့်အ၀ရရှိရန် နေပြည်တော် လျှပ်စစ်(၂) ညွှန်ကြားချက်အပေါ်မူတည်



ဇွန်(၁)ရက်၊ ၂၀၁၂ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီးတွင်း (၂၄)နာရီ အချိန်ပြည့် လျှပ်စစ်မီးပေးနိုင်ရန် ရွှေလီ-မန်စံမှပေးသော ဓာတ်အား ပေါ်မူတည်ကာ   နေပြည်တော် အမှတ်(၂)လျှပ်စစ်ဝန်ကြီင်္းဌာန၏ ညွှန့်ကြားချက်ရရှိမှသာ

ဒိုက်ဦးမြို့နယ်ရှိ တောင်သူများ နွေစပါးရောင်းချနိုင်ရေး ၀ယ်သူမရှိ၍ အခက်တွေ့



မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စပါးစိုက်တောင်သူများစပါးရိတ်သိမ်းပြီးထွက်ရှိလာသည့် နွေစပါး များအား ၀ယ်လက်မရှိ၍ အခက်အခဲများ ကြုံတွေ့လျှက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။

မန္တလေးMGS ကုမ္ပဏီဝန်ထမ်းများ တန်းတူအခွင့်အရေးရရှိ


စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား


Photo - AFP
" စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား၊ တိုင်းပြည်တွင်း တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်း"

မြန်မာပြည် အလုပ်လက်မဲ့ပြဿနာ ချိန်ကိုက်ဗုံးတခုဟု ဒေါ်စုပြော

မြန်မာပြည် အလုပ်လက်မဲ့ပြဿနာ ချိန်ကိုက်ဗုံးတခုဟု ဒေါ်စုပြော


နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့များ အလွန်များပြားနေရခြင်းနှင့် ပါတ်သက်၍ စိုးရိမ်ဘွယ်ရာအဖြစ်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများအနေနှင့် အလုပ်အကိုင်များ ဖန်တီးပေးစေလိုကြောင်း ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောဆို လိုက်သည်။

“မြန်မာလူငယ် အလုပ်လက်မဲ့ အချိုးအစားဟာ အလွန်မြင့်မားနေ

ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစတင်ပြီးနောက် ပြင်ဦးလွင်၊ နောင်ချို မြို့နယ်တွင် လယ်မြေ သိမ်းခံရမှုမြင့်တက်


မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊
ကျော်သူရမျိုး (YPI)

ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့်နောက် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လယ်မြေသိမ်းဆည်းခံရမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ယင်းစီမံကိန်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံရသည့် လယ်မြေ ဧက (၁၃၀၀၀) ကျော်အထိ ရှိလာကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ပြောသည်။

“နှစ်လအတွင်း စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ မြေဧက (၁၃၀၀၀)ကျော် အသိမ်းခံထားရပြီ၊ ဒါတောင်အသိမ်းခံထားရပြီး ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးတဲ့ တောင်သူလယ်သမားတွေ ရှိသေးတယ် ” ဟုတောင်သူလယ်သမား ကွန်ရက်မှ ဦးစည်သူကပြောသည်။

 

ပြင်ဦးလွင်မြို့တွင် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းလျှက် ရှိသည့် အလုပ်ခွင်တခုကို ယခုလအတွင်း တွေ့ရသည့် မြင်ကွင်း၊ ၊ (သတင်းဓါတ်ပုံ ကျော်သူရမျိုး YPI )

လက်ရှိကာလတွင် လယ်ယာမြေအသိမ်းခံထားရသည့် ရွာပေါင်းမှာ (၆၄) ရွာထိ ရှိလာပြီး တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂတ်စ်ပိုက်လိုင်း စီမံကိန်း စတင်ချိန်တွင် လယ်ယာမြေသိမ်းခံရမှု ပိုမိုမြှင့်တက်လာသည်ဟု ၎င်းက ပြောသည်။

လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားအများစုသည် ၎င်းတို့ပိုင် လယ်ယာမြေများပေါ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသော်လည်း လယ်ယာမြေနှင့် ပတ်သက်သော အသိပညာဖွံ့ဖြိုးမှု နည်းပါးသည့်အတွက် သီးစားခွန်၊ ပုံစံ(၁၀၅)နှင့် မြေယာမှတ်ပုံတင်ခြင်းများကို ပြုလုပ်ထားခြင်း မရှိသောကြောင့် လွယ်ကူစွာ အသိမ်းခံရခြင်းဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တောင်သူလယ်သမားကွန်ရက်မှ မှတ်ချက်ချ သည်။

လယ်ယာမြေများ အသိမ်းခံရမှုတွင် ကုမ္ပဏီများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များမှ ပူးပေါင်းသိမ်းယူမှုများပြားပြီး တောင်သူလယ်သမားများ၏ လယ်ယာမြေများကို သိမ်းယူမည်ဆိုပါကရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မှခေါ်ယူပြီး နှစ်ပေါင်းများစွာ လုပ်ကိုင်လျှက်ရှိသော တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ကုမ္ပဏီများမှ ပိုင်ဆိုင်ကြောင်း ပြောဆိုကာ အမြန်ဆုံး ဖယ်ရှားခိုင်းလျှက်ရှိသည်ဟုလည်း ကွန်ရက်မှပြောသည်။

“လယ်ယာမြေတွေသိမ်းမယ်ဆိုရင် ရပ်ကွက်ဥက္ကဋ္ဌကမင်းတို့လုပ်စားနေတာ ကုမ္ပဏီပိုင်မြေတွေဖယ်ပေးရမယ်။ မဖယ်ပေးရင် ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူမယ်ဆိုပြီး ခေါ်ပြောတယ် ”ဟု လယ်ယာမြေဧက(၆၀)ကျော် သိမ်းခံထားရသည့် ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျေးရွာမှ ဦးအောင်နိုင်ကပြောသည်။

အဆိုပါကဲ့သို့ တောင်သူလယ်သမားများသည် လယ်ယာမြေများ အသိမ်းခံရခြင်းကြောင့် ၎င်းတို့၏ ဘ၀ရပ်တည်ရေးအတွက် လုပ်ကိုင်စားသောက်ရန် မြေယာများမရှိတော့ဘဲ ကျောက်တူးခြင်း၊ အုတ်ရိုက်ခြင်း စသည့် ကြုံရာကျပမ်းအလုပ်များကိုသာ လုပ်ကိုင်စားသောက်လျှက်ရှိကြောင်း မြေယာအသိမ်းခံရသည့် လယ်သမားများက ပြောသည်။

“တောင်သူတွေမှာ လယ်စိုက်ဖို့ ယာလုပ်ဖို့အတွက် ကိရိယာတွေ အစုံအလင်ရှိပေမယ့် လုပ်ကိုင်စားသောက်မှုအတွက် မြေနေရာမရှိတော့ဘူးဟု “စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်းကပြောသည်။

ယင်းကဲ့သို့ လယ်ယာမြေအသိမ်းခံရမှုများကို တောင်သူလယ်သမားများမှ လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအပါအ၀င် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များထံ အသနားခံစာနှင့် တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။

“ကျေးရွာပေါင်း (၄၀)ကျော်က စာတင်လိုက်တဲ့အချိန်မှာ ဧက(၇၀၀) ကျော်ပြန်ရထားတယ်ဟု” တောင်သူလယ်သများကွန်ရက်မှ ဦးနေလင်းဦးကပြောသည်။

ယခုလို လယ်မြေအများအပြား သိမ်းဆည်းခံရမှုကှို ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက “ သာမန်လုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သများတွေဟာ အကြောက်တရားတွေနဲ့ နေခဲ့ရတယ်။ အဲဒီအကြောက်တရားတွေနဲ့ နေခဲ့ရတဲ့သူတွေဆီက ခြိမ်းခြောက်ပြီး ယူသွားမယ်ဆိုရင် ခံကြရတာပေါ့” ဟု မှတ်ချက်ချပြောဆိုသည်။

ို ယခုနှစ် မတ်လဆန်းတွင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ လယ်ယာမြေအသိမ်းခံရသည့် တောင်သူလယ်သမားများမှ စုပေါင်း၍ စိမ်းလန်းပြင်ဦးလွင်ကွန်ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေ အသိပညာပေး ဆွေးနွေးပွဲကို မေလ(၁၉)ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း “သိမ်းဆည်းမြေယာ ပြန်ပေးပါ” ဆိုသည့် စာတမ်းပါ တီရှပ်များဖြင့် ၀တ်ပြုဆုတောင်းပွဲတရပ် ပြုလုပ်ရာ ယင်းဘုရားပရ၀ုဏ်ကို သော့ပိတ်ထားခဲ့သည့် အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့သည်။        ။

 Yangon Press International 

ပြည်လုံးကျွတ်ညီလာခံအတွက် NLD ပြင်ဆင်


ဒေါ်စုနှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်



ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ တာဖြစ်ပါတယ်။

 ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံအတွင်းမှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဖွယ်ရှိပါတယ်။

 ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးညီလာခံ တရားဝင်ဖွင့်ပွဲ အခမ်းအနား ပြုလုပ် မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ မနက်ပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောဖို့ရှိပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုတွေဟာ ဒေသနဲ့ကမ္ဘာကြီးအတွက် ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ အပေါ် မြန်မာနိုင်ငံရေးအနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ရှိပါတယ်။

မနေ့ကတော့ ကမ္ဘာ့စီးပွားရေးညီလာခံကို မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ အလုပ်သမားတွေ အများအပြားရှိတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်ကို သွားရောက်ရာမှာ ထောင်နဲ့ ချီတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေရော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ထိုင်းလူမျိုးတွေပါ စုဝေးရောက်ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ ကျနော်တို့မှာ အလုပ်နားလို့ရှိရင် ၁၀ ရက်၊ ၁၅ ရက် ဖိုင်း (fine) တပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာ တခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ ကျနော်ဆိုရင် မနက် ၆ နာရီ ကတည်းက လာပါတယ်။ ထမင်းလည်းမစား-ဘာမှ မစားဘူး။ အမေစုကိုတွေ့ချင်တဲ့စိတ်နဲ့။ အခု တွေ့ လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပါတယ်။”

“အရမ်းကိုချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါ ဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ ဒီနေ့က အလုပ်မပိတ် ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့ လာကြိုရတာ၊ သူတို့လည်း အကုန်လုံး ကို ခွင့်မပေးနိုင်ဘူး။”

“မေမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာနေတာ ကြာပြီ။ ဘာမှ မသိဘဲနဲ့ - တိုင်းသူပြည်သား အားလုံး က ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတယ်။ မေမေဘာမှ မသိဘူး။ ဒါကြောင့်မို့လို့ မေမေသိအောင် ဒီထိုင်းနိုင်ငံမှာ လာလို့ရှိရင် သမီး မေမေ့ကို ကြိုနေမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးစကားပြောပြီး တိုင်းပြည် အခြေအနေ မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ တန်ဖိုး မြင့်တက်လာစေရမယ် လို့ ပြောဆိုသွားပါတယ်။

“ကျမတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ ဘာမှ မလိုဘူး။ အမြဲတမ်းပြောင်းလဲနေမှာပဲ။ အဲဒီတော့ ဒီတကြိမ်တခါမှာ ကျမတို့နိုင်ငံသားတွေက ဒီမှာလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျမတို့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့တန်ဖိုးကလည်း တက်လာမှာပဲဆိုတာကို သိကြပါ။”

ထိုင်းနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အပြည့်ယူထားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂ ရက်နေ့မှာတော့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိနေတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိပါတယ်။ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံဖို့ရှိသလို မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာဖွယ် ရှိပါတယ်။

 By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)

အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောကြား


အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောကြား

(ရန်ကုန်၊ မေ ၂၆)
အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြော သည်။

မေလ ၂၆ ရက် ပုဇွန်တောင် မြို့နယ် တောင်လုံးပြန် ရပ်ကွက်တွင် ကျင်းပသည့် မြန်မာလူငယ် အစည်းအရုံး ရန်ပုံငွေပွဲတွင် ပြည်သူများ လျှပ်စစ်မီး ပြတ်တောက် မှုကြောင့် ခံစားရသည်များကို ၄င်းက ရည်ရွယ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

”လျှပ်စစ်မီး ပြဿနာကို နေ့ချင်းညချင်း မဖြေရှင်းနိုင်ဘူး ဆိုတာ ပြည်သူတွေ အားလုံးသိပါတယ်။ အစိုးရရဲ့ အာဏာကို ပြည်သူတွေ က မခြိမ်းခြောက်သလို ပြည် သူတွေ ကိုလည်း အစိုးရက မခြိမ်းခြောက်ဖို့ လိုပါတယ်” ဟု ၄င်းက ပြောသည်။
သင်္ကြန်သံချပ်ဖြင့် စတင်ခဲ့သည့် လျှပ်စစ်မီး ပြတ်တောက်မှု ဆန္ဒဖော်ထုတ်ခြင်းကို ရပ်နားလိုက် ပြီဖြစ်ကြောင်း သို့သော် ပြည်သူ များကို သက်ဆိုင်ရာက အစီရင်ခံ စာ တင်သွင်းပေးဖို့ လိုအပ်ကြောင်း ၄င်းက ပြောသည်။

အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ မေလ ၂၆ ရက် မြန်မာ့အလင်း သတင်းစာပါ ကြေ ညာချက်တွင် ရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ ၂ဝ ရုံ ရှိပြီး စက်ရုံ ၁၈ ရုံမှာ နိုင်ငံပိုင် ဖြစ်ကြောင်း၊ တာပိန် (၁) ဓာတ်အားပေး စက်ရုံမှာ ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်က စပြီး ရပ်ဆိုင်းထားရကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင် ရွက်သော ရေအား လျှပ်စစ်စီမံကိန်း များကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း ပြည်သူ များအား အသိပေးတင်ပြအပ်ပါသည် ဟု ပါရှိသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားပေးဝေသည့် ကြိုးများ စံမမီ ခြင်းနှင့် ခိုးယူ သုံးစွဲခြင်းကြောင့် ပျောက်ဆုံးမှု ပမာဏ ၁၈ ရာခိုင်နှုန်း မှ ၁၄ ရာခိုင်နှုန်းသို့ လျှော့ ချနိုင် သော်လည်း နိုင်ငံတကာတွင် Technical lost ၇ ရာခိုင်နှုန်းသာ ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။

လျှပ်စစ်ဓာတ်အား အဓိက ထောက်ပံ့ပေးနေသည့် လောပိတ၊ ရွှေလီ၊ တာပိန်တို့မှ ဓာတ်အားလိုင်း များ ၂ဝ၁၁ ခုနှစ်လယ်ပိုင်းက ဖျက် ဆီးခံရပြီးနောက် ထုတ်လုပ်မှု များ ဆက်တိုက် လျော့ကျခဲ့ရသည်။ ယခင်က လျှပ်စစ်မီးသုံးစွဲမှု အနေဖြင့် လည်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၁၄ဝဝ မဂ္ဂါဝပ် ရှိရာမှ ၂ဝ၁၂ ခုနှစ်တွင် ၁၅ဝဝ မဂ္ဂါဝပ် အထိ တိုး လာပြီး ရန်ကုန်မြို့တွင် ၈ဝဝ မဂ္ဂါဝပ် သုံးစွဲကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့ နှင့် ပြည်မြို့တို့တွင် လျှပ်စစ်မီး ပေးနိုင်ရန် မီးစက်ကြီးများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ပျက်စီးသွားသော ရွှေလီ-မန်စံ ဓာတ်အားလိုင်း ကို ပြင် ဆင်မှုများ ရက်ပိုင်း အတွင်း ပြီးဆုံး တော့မည်ဖြစ်ကြောင်း သိရသည်။
စိုင်းနောင် (ပေါပြုလာမြန်မာ)