ရုရှား နိုင်ငံသည် Soyuz အမျိုးအစား အာကာသယာဉ်အား နိုင်ငံတကာ အာကာသ စခန်းသို့ ဒီဇင်ဘာ
ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၂ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းအာကာသ
ယာဉ်သည် ဒုံးပျံ၏ နောက်ဆုံး အဆင့်မှ ခွဲထွက်သွား ခဲ့ပြီး နောက် ၁၅ မိနစ် အကြာတွင် ဂြိုဟ်တု
ပတ်
လမ်း အတွင်းသို့ ဝင်ရောက် သွားခဲ့ကြောင်း သိရသည်။
၎င်းအာကာသ ယာဉ်တွင် အမေရိကန် အာကာသ ယာဉ်မှူး တွမ်မာ့ရှ်ဘန်း၊ ရုရှား အာကာသ ယာဉ်မှူး
ရိုမန် ရိုမေနန်ကိုနှင့်ကနေဒီယန်
အာကာသ ယာဉ်မှူး ခရစ်ဟက်ဒ် ဖီးလဲဒ်တို့
လိုက်ပါ သွားခဲ့ပြီး
၎င်းယာဉ်
အား နိုင်ငံတကာ အာကာသ စခန်းနှင့် ချိတ်ဆက်မှု မပြုလုပ်မီ ၎င်းတို့ သုံးဦးသည် အာကာသ
ယာဉ်အ
တွင်း၌ နှစ်ရက်ကြာ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment