စင်ကာပူ Marina Bay Sands လောင်းကစားရုံကြီးမှာ ဖဲဝိုင်းဖဲဝေသူ အဖြစ်အလုပ်လုပ်နေသူ
အသက် ၂၄
(Ref; Straits Times)
နှစ် အရွယ် Matthias Ng Khay Yeek က သူ့ရဲ့ ညီအစ်ကို ၂ ယောက်ကို
စည်းရုံးပြီး လောင်းကစားရုံမှ ငွေ
ဒေါ်လာ ၃၄၄၀၀၀ လိမ်ယူမှုနဲ့ ထောင်ဒဏ် ၃ နှစ်
ကျခံသွားရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ က Matthias
ဒိုင်လုပ်တဲ့ကစားဝိုင်းမှာ ကစားနေသူ ညီအစ်ကို ၂ ယောက်ကို ထိုးကြေးထက်
များစွာပိုပြီး တိုကင်ပိုက်ဆံပေးခဲ့တာကို လုံခြုံရေးစောင့်ကြည့်ကင်မရာကနေ
မှတ်တမ်းတင်
ထားခဲ့ပါတယ်။
မေလထဲမှာ အလုပ်စခဲ့တဲ့ Matthias က အခြားသော
ဖဲဝေဒိုင်များက မတော်တဆမှားယွင်းကာ တိုကင်ပြား
ပိုပြီး အလျော်ပေးခဲ့တာကို
လောင်းကစားရုံ အုပ်ချုပ်ရေးတာဝန်ရှိသူများ လုံးဝ မသိရှိခဲ့ကြောင်း
ကြားဖူး
ခဲ့ပါတယ်။
ဒါနဲ့ သြဂုတ်လထဲမှာ သူရဲ့ ညီအစ်ကို Matthew နဲ့ Mark
နေထိုင်တဲ့ မလေးရှား ဂျိုဟောဘရူးမြို့ (Johor Baru
) နေအိမ်မှာ
စည်းရုံးတိုင်ပင်ခဲ့ပြီး လောင်းကစားရုံ က တိုကင် chip ပြားတွေကို
လိမ်ယူဖို့ကြိုးစားခဲ့တာ ဖြစ်
ပါတယ်။
(Ref; Straits Times)
No comments:
Post a Comment