မကြာသေးမီကAppStoreတွင်ဖြန့်ချိခဲ့သည့်GoogleMapsappသည်နာမည်ကျော်အခမဲ့appများကို ကျော်လွန်
ကာ ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။
GoogleMapsappသည်ITunesမှဖြန့်ချိပြီးနာရီအနည်းငယ်အတွင်းaဝဖန်ချက်၈,၀၀၀ ကျော် ရှိခဲ့ ပြီး ဝေဖန်ချက် အားလုံးနီးပါး တွင်လည်း အဆင့်သတ်မှတ်ချက်အဖြစ် ကြယ်ပွင့် ငါးပွင့် ရရှိခဲ့သည်။
အဆိုပါ app သစ်သည် ယခင် iOS standard app အတိုင်း feature အားလုံးပါဝင်လာသော်လည်း အသွင် အပြင်မှာ ပိုမိုသန့်ပြန့်လာသည်။ Google Maps ကို iOS ထုတ်ကုန်အားလုံးအတွက် ထုတ်လုပ်ထားသော် လည်း iPad-optimized ဗားရှင်းကိုမူ ဖြန့်ချိထားခြင်းမရှိသေးပေ။
Google Maps သည် စက်တင်ဘာလက iOS 6 ကို ဖြန့်ချိခဲ့ပြီးနောက် App Store မှ ဖယ်ရှားခံရပြီး ၎င်း၏ နေရာတွင် Apple က ကိုယ်ပိုင် Maps app ဖြင့် အစားထိုး အသုံးပြုခဲ့သည်။
Ref: CNET

No comments:
Post a Comment