Pages

Pages - Menu

Thursday, December 20, 2012

မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ

Photo: မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ
Wednesday, 19 December 2012

ဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည် အာရုံခံအဖြေထုတ်စက် GP Sports စက်ကို   Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

ကစားနည်းမျိုးစုံမှ ကစားသမားများ အသုံးပြု၍ရသည့် အဆိုပါစက်အား Yangon UTD Fc မှ မလေးရှားလူမျိုးကြံ့ခိုင်ရေးနည်းပြ ဆရာက ယူဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ကစားသမားများကို ထိုစက်ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ အသင်းမှာ စမ်းသပ် အသုံးပြုနေတုန်းပါ အသင်းအတွက်နဲ့ ကစားသမား တွေ အတွက်ပါ၊ အကျိုးရှိမယ်ဆိုရင် ၀ယ်ယူမှာပါ  ”ဟု Yangon UTD Fc  သတင်းနှင့်ပြန်ကြားရေးမှ ကိုထွန်းထွန်းဝင်းက ပြောသည်။

ကစားသမားတစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်း၊ လုပ်အားနှုန်း ၊စွမ်းဆောင်ရည်၊ အားနည်းချက်၊ အားသာချက်များအား  GP Sports မှ အသေးစိတ်
အချက်အလက်ဖြင့် ဖေါ်ပြပေးမည်ဖြစ်ပြီး ဘောလုံး အားကစားနည်း သာမက အခြားအားကစားနည်းများတွင်လည်း အဆိုပါစက်ဖြင့် ကစားသမား၏ စွမ်းဆောင်ရည် များအား စစ်ဆေးနိုင်ကြောင်း သိရသည်။

“ ကစားသမားရဲ့ စွမ်းဆောင်ရည်စစ်ဆေးတဲ့ စက်ပါ၊ ကစားသမားတွေရဲ့
နှလုံးခုန်နှုန်းကအစ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆုံး စစ်ဆေးတဲ့စက်ပါ စက်က တော်တော် ကောင်းတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့
လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အတည်ပြု ပြောကြား သည်။

အဆိုပါစက်မှ ကစားသမားစွမ်းဆောင်ရည်၊လုပ်အားနှုန်းနှင့် ပတ်သက်၍ အဓိကသတ်မှတ်ပေးနိုင်ကြောင်းကိုလည်း သိရသည်။

ကြည်လင်းမှာ Goal.com မှ ချီးမြင့်သည့် အာရှအကောင်းဆုံး
ကစားသမားစာရင်းတွင် တစ်ကြီမ်ပါ ၀င်ခဲ့သူဖြစ်သည်။

၎င်းစက်ပစ္စည်းကို ၀ယ်ယူဖြစ်ပါက Yangon UTD Fc အသင်းအနေဖြင့် Myanmar National League တွင် ပထမဆုံးဝယ်ယူအသုံးပြုမည့်ု
မြန်မာနေရှင်နယ်လိဂ် ဘောလုံးကလပ်အသင်းဖြစ်လာမည်။

အဆိုပါစက်အား လက်ရှိတွင် ဥရောပထိပ်သီးဘောလုံးကလပ်
အသင်းများဖြစ်သည့် မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ရိးရဲယ်မက်းဒရစ်၊ အေစီမီလန်အစရှိသော အသင်းများတွင် အသုံးပြုလျှက် ရှိသည်။

မင်းဟိန်းထက်(မြစ်မခ)
Myit Makha Mediagroup

ဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည်အာရုံခံအဖြေထုတ်စက် GP Sports စက်ကို Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။ ကစားနည်းမျိုးစုံမှ ကစားသမားများ အသုံးပြု၍ရသည့် အဆိုပါစက်အား Yangon UTD Fc မှ မလေးရှားလူမျိုးကြံ့ခိုင်ရေးနည်းပြ ဆရာက ယူဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ကစားသမားများကို ထိုစက်ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
“လောလောဆယ်တော့ အသင်းမှာစမ်းသပ်အသုံးပြုနေတုန်းပါ အသင်းအတွက်နဲ့ကစားသမား တွေ အတွက်ပါ၊ အကျိုးရှိမယ်ဆိုရင် ၀ယ်ယူမှာပါ ”ဟု Yangon UTD Fc သတင်းနှင့်ပြန်ကြားရေးမှ ကိုထွန်းထွန်းဝင်းက ပြောသည်။

ကစားသမားတစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်း၊ လုပ်အားနှုန်း ၊စွမ်းဆောင်ရည်၊ အားနည်းချက်၊ အားသာချက် များအား GP Sports မှ အသေးစိတ်အချက်အလက်ဖြင့် ဖေါ်ပြပေးမည်ဖြစ်ပြီး ဘောလုံး အားကစားနည်း သာမက အခြားအားကစားနည်းများတွင်လည်း အဆိုပါစက်ဖြင့် ကစားသမား၏ စွမ်းဆောင်ရည်များအား စစ်ဆေးနိုင်ကြောင်း သိရသည်။

“ ကစားသမားရဲ့ စွမ်းဆောင်ရည်စစ်ဆေးတဲ့ စက်ပါ၊ ကစားသမားတွေရဲ့နှလုံးခုန်နှုန်းကအစ ခန္ဓာကိုယ် ကြံ့ခိုင်မှုအဆုံး စစ်ဆေးတဲ့စက်ပါ စက်က တော်တော် ကောင်းတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့ လက်ရွေးစင်ဘောလုံး သမား ကြည်လင်းက အတည်ပြု ပြောကြား သည်။

အဆိုပါစက်မှ ကစားသမားစွမ်းဆောင်ရည်၊လုပ်အားနှုန်းနှင့် ပတ်သက်၍ အဓိကသတ်မှတ်ပေးနိုင်ကြောင်း ကိုလည်း သိရ သည်။

ကြည်လင်းမှာ Goal.com မှ ချီးမြင့်သည့် အာရှအကောင်းဆုံးကစားသမားစာရင်းတွင် တစ်ကြီမ်ပါ ၀င်ခဲ့ သူဖြစ်သည်။

၎င်းစက်ပစ္စည်းကို ၀ယ်ယူဖြစ်ပါက Yangon UTD Fc အသင်းအနေဖြင့် Myanmar National League တွင် ပထမဆုံးဝယ်ယူအသုံးပြုမည့်ုမြန်မာနေရှင်နယ်လိဂ် ဘောလုံးကလပ်အသင်းဖြစ်လာမည်။

အဆိုပါစက်အား လက်ရှိတွင် ဥရောပထိပ်သီးဘောလုံးကလပ်အသင်းများဖြစ်သည့် မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ရိးရဲယ်မက်းဒရစ်၊ အေစီမီလန်အစရှိသော အသင်းများတွင် အသုံးပြုလျှက် ရှိသည်။

(မြစ်မခ)

3 comments:

  1. Write more, thats all I have to saу. Lіterаllу,
    it seems as thοugh you relied on thе video
    to maκe your pοint. You cleагlу knoω what youre
    tаlκing about, why waѕte your intelligencе οn јust postіng νidеos to your wеblog when уou сould bе givіng us somethіng informative tо rеad?


    my wеb blоg; electric motor scooters for adults
    my web site - prepperunited.com

    ReplyDelete
  2. I am curiouѕ to find out what blοg plаtform you have been uѕing?

    I'm experiencing some small security issues with my latest blog and I'd likе to
    fіnԁ something mοre safeguardеd.
    Do you have anу suggеstiοns?

    Fеel freе to ѕurf tο mу ѕite - how to build a boat

    ReplyDelete
  3. I'm truly enjoying the design and layout of your blog. It's a
    verу eaѕy on the eyes whiсh maκes
    it much mоre plеaѕant fοr
    me to сome here and viѕit moгe
    often. Did уou hіre out a desіgner to сreate уοur
    theme? Outѕtаnding work!

    Also visit my ωeblog: bigger leap

    ReplyDelete