EMBRAER 190 လေယာဉ် သစ်အား
မြန်မာ့လေကြောင်း အထွေထွေမန်နေဂျာ ဦးဆောင် သော အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်တွင်
သွားရောက်လက်ခံပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရန်ကုန်မြို့သို့
ခန့်
မှန်းရောက်ရှိမည် ဖြစ်သည်။
အဆိုပါ EMBRAER 190 ယာဉ်ကို ဘရာဇီးနိုင်ငံ SAO JOSE JOS မြို့ရှိ EMBRAER 190 လေ ယာဉ်ကုမ္ပဏီ
မှ
ထုတ်လုပ်ပြီး အမေရိ ကန်နိုင်ငံ General Electric(GE) ကုမ္ပဏီမှ
ငှားရမ်းခဲ့သော လေယာဉ်သစ် ဖြစ်
သည်။
ခရီးသည် ၁ဝဝ တင်ဆောင် နိုင်ပြီး လေယာဉ်အင်ဂျင်စွမ်းရည်ကောင်း မွန်သည်။ အမေရိကန်နိုင်ငံ General Electric(GE) ကုမ္ပဏီမှ ထုတ်လုပ်သော GE-CF ? 34-8E အင်ဂျင်စက်များကိုတပ်ဆင်အသုံး ပြုထားသဖြင့်
ခရီးသည် ၁ဝဝ တင်ဆောင် နိုင်ပြီး လေယာဉ်အင်ဂျင်စွမ်းရည်ကောင်း မွန်သည်။ အမေရိကန်နိုင်ငံ General Electric(GE) ကုမ္ပဏီမှ ထုတ်လုပ်သော GE-CF ? 34-8E အင်ဂျင်စက်များကိုတပ်ဆင်အသုံး ပြုထားသဖြင့်
ဈေးကွက် အသာစီး ရရှိခဲ့သည်။
ထို့အပြင် Air
Bus-A 320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန်
နေရာ ကျယ်
ဝန်းသဖြင့် အခြားသော Regional Jet ထက် သာလွန် ကောင်းမွန်ခြင်း၊
ထုတ်လုပ် ရောင်းချနေသည့် လေ
ယာဉ် အပိုပစ္စည်းများမှ ၉ဝ ရာခိုင်နှုန်းမှာ ယခု
ရောက်ရှိမည့် EMBRAER 190 လေယာဉ် Models အမျိုးအ
စားများတွင် တပ်ဆင်
အသုံးပြုနိုင်ခြင်း၊ လေယာဉ် အပိုပစ္စည်းများ ဈေးနှုန်းသက်သာခြင်း၊ လေယာဉ်
ထိန်း
သိမ်းစရိတ် သက်သာခြင်း၊ လေယာဉ်ပျံသန်းမှုသမိုင်းတစ် လျှောက်တွင်
လေယာဉ်မတော်တဆ ထိခိုက်
မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့်
အားသာချက်များကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လေကြောင်း လိုင်းများမှ
မျက်စိကျ စိတ်ဝင်စား လာခဲ့ကြသည်။
မြန်မာ့လေကြောင်း အနေဖြင့်အဆိုပါ EMBRAER 190ကုမ္ပဏီမှထုတ်လုပ် သည့် E-190 လေယာဉ်သစ်နှစ်
မြန်မာ့လေကြောင်း အနေဖြင့်အဆိုပါ EMBRAER 190ကုမ္ပဏီမှထုတ်လုပ် သည့် E-190 လေယာဉ်သစ်နှစ်
စင်း ကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ
ချင်းမိုင်နှင့် ပြည်တွင်းရှိ Fokker F-28 လေယာဉ်ဆင်းသည့် လေ
ဆိပ်များသို့
ပျံသန်း ပြေးဆွဲမည် ဖြစ်သည်။
မြန်မာ့ လေကြောင်းတွင် လက်ရှိ F-28, ATR,
MA-60, Beach 1900 စသည့် လေယာဉ် လေးမျိုးနှင့် ပျံသန်း
ပြေးဆွဲနေခဲ့ရာ
သက်တမ်းရင့် F-28 လေယာဉ်များမှာ သက်တမ်းရင့်လာပြီး ဖြစ်သဖြင့် EMB- RAER
190
လေယာဉ် သစ်များဖြင့် အစားထိုး ပြေးဆွဲနိုင်ရန် လေယာဉ်သစ် များကို
ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ EM- BRAER 190 လေယာဉ်မောင်းနှင်နိုင် ရန်
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ FSI ကျောင်း၌ Simulator များတွင် လေ
ယာဉ်မှူး
များနှင့် အင်ဂျင်နီယာများသည် တက် ရောက်သင်ကြားလျက်ရှိသည်။
အဆိုပါ EMBRAER လေယာဉ် ဈေးနှုန်းများမှာ လေယာဉ် တစ်စင်းလျှင် အမျိုးအစားအလိုက် အမေရိကန်
အဆိုပါ EMBRAER လေယာဉ် ဈေးနှုန်းများမှာ လေယာဉ် တစ်စင်းလျှင် အမျိုးအစားအလိုက် အမေရိကန်
ဒေါ်လာ ၂၈ ဒသမ ၅ သန်းမှ သန်း ၄ဝ အထိ
ဈေးနှုန်းရှိကြောင်း သိရှိရသည်။
မြ၀တီ
No comments:
Post a Comment