မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။ဂျာမနီနိုင်ငံ၊
Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီးအနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့Christoph Roßner, Annette
Paul နဲ့
Andre Tempel တို့ကဖန်တီးထားတာ ဖြစ်ပါတယ်။သူတို့သုံးယောက်နေတဲ့
တိုက်လည်း ဖြစ်ပါတယ်။ အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့
ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxo
phone)
ပေါင်းများစွာနဲ့ ဖန်တီး ထားပါတယ်။ အချက်မှန်မှန် ထွက်အောင်လည်းတစ်ခါတည်းအီလက်ထရော
နစ်ဆားကစ်ချိန်သလိုချိန်ပြီးသား ဖြစ်ပါတယ်။ဒါကြောင့်မိုးရွာပြီဆိုတာနဲ့၊ဘယ်လောက်များများ၊ဘယ် လောက်
နည်းနည်း အနောက်တိုင်း
စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။
၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့်လာရောက် လေ့လာသူများနဲ့အမြဲစည်ကားလျက်ရှိကြောင်းသိရပါတယ်။
--
Ref: wiki
ရိုးရာလေး

No comments:
Post a Comment