Pages

Pages - Menu

Thursday, December 20, 2012

တရားရုံးမရောက်မီ ရဲလက်တွင် အသက်ဆုံးရခြင်းအပေါ် လွှတ်တော်တင်မည်

ပြစ်မှုကျူးလွန်သူများဟု ယူဆရသူများအနေဖြင့် တရားရုံး၏ စစ်ဆေးစီရင်ဆုံးဖြတ်မှု မခံရမီ ရဲတပ်ဖွဲ့ဝင်များ

၏လက်တွင်အသက်ဆုံးရှုံးမှုများရှိနေခြင်းအပေါ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြရန် ကြိုးစားသွာ

မည်ဖြစ်ကြောင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကပြောသည်။“အခုကျွန်တော်အချက်

အလက်တွေ စုဆောင်းနေတယ်။ ပြီးရင်လွှတ်တော်ကို တင်ပြသွားဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ယခုနှစ်တွင်ဒဂုံအရှေ့ရဲစခန်း၏ စစ်ဆေးမေးမြန်းမှုကြောင့် သေဆုံးခဲ့သူ ကုလားကြီး

(ခေါ်) မျိုးငြ့်ဆွေ၏ အမှုကြောင့် ခရိုင်ရဲမှူးမှာ ရာထူးလျှော့ချခံရမှုများရှိခဲ့ကြောင်းသင်္ဃန်းကျွန်း မြို့နယ် တိုင်း

ဒသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ဆိုသည်။




“လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်တာရှိလာတယ်။ တကယ်တမ်းဆို ဒါတွေဟာ ဥပဒေနဲ့အညီ ရဲလုပ်ထုံးလုပ် 


နည်း၊ ရဲကျင့်ဝတ်တွေရှိတယ်။ ဒါတွေကိုမျက်ကွယ်ပြုပြီးအရှိန်အ၀ါကိုအလွဲသုံးစားလုပ်တဲ့အတွက်ဒီလို အခြေ

အနေမျိုးတွေ ကြုံနေရတာ”ဟု၎င်းက ပြောသည်။





“သာကေတမှာ သူငယ်ချင်းနှစ်ယောက်ရန်ဖြစ်ကြရင်းနဲ့ စားသောက်ဆိုင်မှာ အသားကင်တဲ့ ၀ါးချွန်လေးနဲ့ 


ထိုး လိုက်တာ မကျေနပ်လို့ တိုင်တော့ သာကေတရဲစခန်းက ရိုက်နှက်ညှဉ်းပန်းထားတာ ထလို့မရနိုင်တဲ့ဘဝ

အထိ ရောက်သွားတယ်၊ ရန်ဖြစ်လို့ ထိုးလိုက်တဲ့ ၀ါးချွန်ဒဏ်ရာလေးက သာမန်ဒဏ်ရာလေးပဲရခဲ့တာ”ဟု 

ဦးကျော်က ထပ်လောင်းပြောသည်။




နိုဝင်ဘာလ ၂၉ ရက်နေ့က ရွှေပြည်သာမြို့နယ် အမှတ် ၉ ရပ်ကွက် မဟာမြိုင်လမ်း သပြေရွာ ကဖီးဆိုင်အနီး 


တွင် သာဓုကန်စက်မှုဇုန် “အောင်”ကြွေပြားစက်ရုံမှအလုပ်သမားအမှုဆောင်ကိုဇေယျာမင်းအား လှော်ကား

ရဲစခန်း လှည့်ကင်းအဖွဲ့က မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးရိုက်နှက်ရာမှလည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။



“လူသေမှု၊လူသတ်မှု ဖြစ်တယ်ဆိုရင်တော့စုံစမ်းစစ်ဆေးရေးခုံရုံးမှာပထမဆုံးစ်ဆေးတယ်။မှန်ကန်ကြောင်း


 တွေ့ရှိတယ်ဆိုရင် ရဲစည်းကမ်းအရ အရေးယူတယ်။ ပြစ်မှုကျူးလွန်တယ်ဆိုရင်တော့ တည်ဆဲ ရဲအက်ဥပဒေ









အဆိုပါ ကိစ္စများနှင့် ပတ်သက်၍လတ်တလောတွင် ပြည်သူ့လွှတ်တော်သို့ တင်ပြသွားရန်အစီအစဉ်မရှိသေး


ကြာင်း၊ သို့သော်အဆိုပါကိစ္စများကိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်

စားလှယ်ဦးဖေသန်းက ပြောသည်။
 


ကျွန်တော်တို့နိုင်ငံမှာ ရဲတွေက ရဲပညာကို သိပ်ပြီးတော့ ထဲထဲဝင်ဝင် နားလည်တာမရှိဘူးလို့ထင်တယ်။ အမှု

ကိစ္စတွေကို ဖော်ထုတ်ဖို့ဆိုရင် ဘက်ပေါင်းစုံလိုတယ်။ အခုဟာက ဖြစ်လာပြီဆိုရင် လက်က အရင်ရောက်ပြီး

တာ့ အဓမ္မဖော်ထုတ်တာက များနေတယ်”ဟု ဦးဖေသန်းက ပြောသည်။



ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးမေးမြန်းမှုကြောင့် ရုံး 


အဆောက်အအုံ ငါးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်အမှုမှာ ယခုနှစ်အတွက် အထင်ရှားဆုံး 

အမှုတစ်ခုဖြစ်ခဲ့သည်။



 Venus News Weekly 

No comments:

Post a Comment