Pages

Pages - Menu

Thursday, December 6, 2012

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမို့ နယ်၊ လေးတောင် ရဲစခန်း က စခန်းမှူး ++ နဲ့  နယ်ထိန်းတပ်ဖွဲ့ ဝင်တွေအကြောင်း (ပေးစာ)

ရမ်းဗြဲ လေးတောင်က ရဲအကြောင်း ရေးလာတဲ့စာ ( ပေးစာ)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမို့ နယ်၊ လေးတောင် ရဲစခန်း က စခန်းမှူး ++ နဲ့  နယ်ထိန်းတပ်ဖွဲ့ ဝင် တွေဟာ ရဲစခန်းအပိုင် ကျေးရွာတွေ အတွင်း အကြောင်းအမျိုးမျိုးပြ ပြီး ဆက်ကြေး အကောက်တွေ ကောက်ခံ နေကြတာကြောင့် နာမည်ဆိုးနဲ့ တစ်နေ့ ထက်တစ်နေ့ ကျော်ကြား လာနေပါတယ်။ ပြည်သူတွေရဲ့ အားနည်းချက်ကို ဖေးမကူညီရမယ့် အစား ဖိအားပေး ခြိမ်းခြောက်ပြီး ငွေညှစ် ညစ်ပတ်ဖို့ လောက်ဘဲ သိပါတယ်၊

၈.၁၁.၂၀၁၂ နေ့ က ကညင်ကောက်ရွာ သား ကိုသိန်းထွန်း ဟာ မိမိဖါသာ တစ်ယောက်တည်း စီးလာတဲ့ မော်တော်ဆိုင်ကယ် မတော်တဆ တိမ်းမှောက်လို့ အနည်းငယ်ဒဏ်ရ ရခဲ့ပါတယ်။ မိမိ ဆိုင်ကယ်ကို ဆက်လက် စီးနင်းပြီး ရဲစခန်း အနီးမှာရှိတဲ့ ပြည်သူ့ ဆေးရုံ မှာ ဆေးလာထည့် စဉ် ရဲစခန်းမှူး ရောက်ရှိလာပြီး ဥပဒေ ပုဒ်မ အမျိုးမျိုးတွေနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်ပါတော့တယ်။ ငွေ တစ်သိန်း တောင်းခံခဲ့ရာ  ခုနှစ်သောင်းကျပ်နဲ့ အသနားခံ ဈေးပြတ်သွားကြောင်းသိရပါတယ်။
အလားတူဘဲ ကျေးရွာတွေမှာ အလှူမင်္ဂလာပွဲတွေအတွက် ၀က်ပေါ်ရင်လည်းတစ်ကောင်ကို (၁၀၀၀၀)ကျပ် တောင်းယူ ကောက်ခံခြင်း၊ တံငါ ပိုက်ဆိပ်တွေ အတွင်း ဧည့်စာရင်း စရိတ်၊ စက်လှေ အ၀င်အထွက် စရိတ်စတဲ့ မတော်မလျော်  ကိစ္စကြီးငယ် အမျိုးမျိုးတောင်းခံ နေကြတာကဖြင့် ပြည်သူတွေ အတွက် ၀န်ထုပ်ကြီး တစ်ခုဖြစ်လာနေပါတယ်။ ဒီရဲစခန်းအပိုင် မှာရှိကြတဲ့ ရွာပေါင်း သုံးဆယ် လောက်ဟာ ဒီဒဏ်တွေကို အလူးအလိမ့် ခံနေကြရပါတယ်။

နောက်တစ်ခုက သူတို့ တွေ ကိုယ်တိုင် အရက်ဆိုင်တွေဖွင့် လှစ်ရောင်းချနေတာကလည်း ဒလဟော ပါဘဲ။  ပြောပြချင်တာကတော့  ပြည်သူတွေ ယုံကြည် အားကိုးရမဲ့ ပြည်သူ့ ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်တွေ ဟာ နိုင်ငံ ၀န်ထမ်းတွေဖြစ်နေပြီး စည်းကမ်း ကျင့်ဝတ်တွေ အမျိုးမျိုးဖောက်ဖျက် နေကြတဲ့အတွက် ခုလို ခေတ်မီ ဖွံ့ ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံကို ချီတက်နေတဲ့ သမ္မတကြီးရဲ့ အလုပ်ကို နှောင့်ယှက် နေတာကြောင့် ထိထိရောက်ရောက် အရေးယူသင့်ပြီဖြစ်ကြောင်း  ပြည်သူ တစ်ရပ်လုံး သိစေ အပ်ပါတယ်။

ရဲ ဒဏ်ခံရကျေးရွာသားတစ်ဦး

အေးချမ်းမွန်မှ  Narinjara News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara News

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမို့ နယ်၊ လေးတောင် ရဲစခန်း က စခန်းမှူး ++ နဲ့  နယ်ထိန်းတပ်ဖွဲ့ ဝင် တွေဟာ ရဲစခန်းအပိုင်
ကျေးရွာတွေ အတွင်း အကြောင်းအမျိုးမျိုးပြ ပြီးဆက်ကြေးအကောက်တွေ ကောက်ခံ နေကြတာကြောင့်နာမည်
ဆိုးနဲ့ တစ်နေ့ ထက်တစ်နေ့ ကျော်ကြားလာနေပါတယ်။ ပြည်သူတွေရဲ့အားနည်းချက်ကို ဖေးမကူညီရမယ့် အစား
 ဖိအားပေး ခြိမ်းခြောက်ပြီး ငွေညှစ် ညစ်ပတ်ဖို့ လောက်ဘဲ သိပါတယ်၊၈.၁၁.၂၀၁၂ နေ့ က ကညင်ကောက်ရွာ သား ကိုသိန်းထွန်း ဟာ မိမိဖါသာ တစ်ယောက်တည်း စီးလာတဲ့ မော်
တော်ဆိုင်ကယ် မတော်တဆ တိမ်းမှောက်လို့ အနည်းငယ်ဒဏ်ရ ရခဲ့ပါတယ်။ မိမိဆိုင်ကယ်ကိုဆက်လက်စီးနင်း
ပြီး ရဲစခန်း အနီးမှာရှိတဲ့ ပြည်သူ့ ဆေးရုံ မှာ ဆေးလာထည့် စဉ် ရဲစခန်းမှူး ရောက်ရှိလာပြီးဥပဒေပုဒ်မ အမျိုးမျိုး
တွေနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်ပါတော့တယ်။ ငွေ တစ်သိန်း တောင်းခံခဲ့ရာ ခုနှစ်သောင်းကျပ်နဲ့ အသနားခံ ဈေး
ပြတ်သွားကြောင်းသိရပါတယ်။

အလားတူဘဲ ကျေးရွာတွေမှာ အလှူမင်္ဂလာပွဲတွေအတွက် ၀က်ပေါ်ရင်လည်းတစ်ကောင်ကို (၁၀၀၀၀)ကျပ်
တောင်းယူ ကောက်ခံခြင်း၊ တံငါ ပိုက်ဆိပ်တွေ အတွင်း ဧည့်စာရင်း စရိတ်၊ စက်လှေ အ၀င်အထွက် စရိတ်စတဲ့ မတော်မလျော် ကိစ္စကြီးငယ် အမျိုးမျိုးတောင်းခံ နေကြတာကဖြင့် ပြည်သူတွေ အတွက် ၀န်ထုပ်ကြီး တစ်ခုဖြစ်
လာနေပါတယ်။ ဒီရဲစခန်းအပိုင် မှာရှိကြတဲ့ ရွာပေါင်း သုံးဆယ် လောက်ဟာ ဒီဒဏ်တွေကို အလူးအလိမ့် ခံနေကြ
ရပါတယ်။

နောက်တစခုက သူတို့ တွေ ကိုယ်တိုင် အရက်ဆိုင်တွေဖွင့် လှစ်ရောင်းချနေတာကလည်းဒလဟောပါဘဲ။ ပြော
ပြချင်တာကတော့ ပြည်သူတွေ ယုံကြည် အားကိုးရမဲ့ ပြည်သူ့ ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်တွေ ဟာ နိုင်ငံ ၀န်ထမ်းတွေ
ဖြစ်နေပြီး စည်းကမ်း ကျင့်ဝတ်တွေ အမျိုးမျိုးဖောက်ဖျက် နေကြတဲ့အတွက် ခုလို ခေတ်မီ ဖွံ့ ဖြိုးတဲ့ ဒီမိုကရေစီ
 နိုင်ငံကို ချီတက်နေတဲ့ သမ္မတကြီးရဲ့ အလုပ်ကို နှောင့်ယှက် နေတာကြောင့် ထိထိရောက်ရောက် အရေးယူသင့်
ပြီဖြစ်ကြောင်း ပြည်သူ တစ်ရပ်လုံး သိစေ အပ်ပါတယ်။

 
ရဲ ဒဏ်ခံရကျေးရွာသားတစ်ဦး  
 
Narinjara News 

No comments:

Post a Comment