Pages

Pages - Menu

Wednesday, December 26, 2012

ခွင့်ပြုချက်အထောက်အထားမပါရှိတဲ့ ကျပ်သိန်း၃၀၀ တန်ဖိုးရှိ ပလက်တီနမ်ပစ္စည်း ခ၇ီးသည်တစ်ဦးထံမှ တွေ့ရှိ

ဒီဇင်ဘာ ၂၄ ရက်နေ့က ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ ပြည်တွင်းခရီးသွားတစ်ဦးရဲ့ အိတ်ထဲကနေ ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ပလက်တီနမ်လို့ ယူဆရတဲ့ လက်ကောက်၊ ဟန်းချိန်း၊ ဆွဲကြိုး ရှာတွေ့တာကြောင့် ၁၉၄၇ ခုနှစ် နိုင်ငံခြားငွေလဲလှယ်မှု အက်ဥပဒေပုဒ်မ-၂၄ (၁)နဲ့ မင်္ဂလာဒုံရဲစခန်းမှာအမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးကသိရပါတယ်။ အဲသည်နေ့ ည ၇း၀၀နာရီအချိန် ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်လာတဲ့ခရီးသည်တွေကို ပြည်ပဆိုက်ရောက် X-Ray စက်နဲ့ စစ်ဆေးတယ်။ 
ရှမ်းပြည်နယ် မူဆယ်မြို့မှာ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်တဲ့ ဦး.......၊ အသက် ၅၀နှစ်ဆီကနေ ပလက်တီနမ်လို့ယူဆရတဲ့ ပစ္စည်းကို ရှာဖွေတွေ့ရှိပြီး ခွင့်ပြုချက်အထောက်အထားတစ်စုံတစ်ရာ မပြသနိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

ပလက်တီနမ် လို့ ယူဆရတဲ့ လက်ကောက် ၁၂ ကွင်း၊ ဟန်းချိန်း ၂၃ကွင်း၊ ဆွဲကြိုး ၈၈ ကုံး စုစုပေါင်းအလေးချိန် ၁၆၀၈.၆၇ ဂရမ်ဖြစ်ပြီးကျပ်သိန်း ၃၀၀ ခန့်မှန်းတန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

 
The Modern News Journal 

No comments:

Post a Comment