Pages

Pages - Menu

Sunday, December 2, 2012

ဂျာမနီ လက်ရွေးစင် အသင်းမှ ကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ် အားရောင်းချရန် ဆုံးဖြတ်ပါက မန်ယူအသင်းသို့ ခေါ်ယူရန်စီစဉ်

အိုဇေးလ်အားရောင်းချရန် ဆုံးဖြတ်ပါက မန်ယူအသင်းသို့ ခေါ်ယူရန်စီစဉ်

ဂျာမနီ လက်ရွေးစင် အသင်းမှ ကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ်သည် လက်ရှိကစားနေသည့် ရီးယဲလ်အသင်း၌ ၎င်း၏ နာဂတ်နှင့် ပတ်သက်၍ စဉ်းစားလျက်ရှိသည်ဟု ပြောကြားပြီးနောက် ၎င်းကစားသမားသည် ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်သော မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားသည့် ကစားသမားစာရင်းအတွင်းသို့  ပြန် လည်ရောက်ရှိ လာကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ အိုဇေးလ်သည် ဂျာမန်ကလပ်အသင်း ကြီးတစ်သင်းဖြစ်သည့် ဝါဒါဘရီမင်မှ ရီးယဲလ်အသင်းသို့ လွန်ခဲ့သည့်နှစ်နှစ် အတွင်းက ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရီးယဲလ်အသင်းသို့ လူကပ်စ်မိုဒရစ်ရောက်ရှိလာချိန်မှစ၍ အိုဇေးလ်သည် နည်းပြမော်ရင်ဟို၏ ပထမဦးစားပေး  ပွဲထွက်ကစားသမား အဆင့်မှ လျော့ကျခဲ့ရသည့် အတွက် အသင်း၌ ပျော်ရွှင်မှု မရှိတော့ကြောင်း ၎င်းကပြောကြားထားသည်။

မန်ယူအသင်းအနေဖြင့်လည်း ယခု ရာသီအကုန်တွင် အနားယူတော့မည့် ပေါလ်စခိုး၏နေရာတွင်  အစားထိုးရန် အတွက်ကစားသမားတစ်ဦးကို ရှာဖွေ လျက်ရှိရာ ရီးယဲလ်အသင်းက အိုဇေးလ် အားရောင်းချရန် ဆုံးဖြတ်ပါက  မန်ယူ အသင်းသို့ခေါ်ယူရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂျာမနီ လက်ရွေးစင် အသင်းမှ ကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ်သည် လက်ရှိကစားနေသည့် ရီးယဲလ်အ
သင်း၌ ၎င်း၏ နာဂတ်နှင့် ပတ်သက်၍ စဉ်းစားလျက်ရှိသည်ဟု ပြောကြားပြီးနောက် ၎င်းကစားသမားသည် ပရီး
မီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်သော မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားသည့် ကစားသမားစာရင်း
အတွင်းသို့ ပြန် လည်ရောက်ရှိ လာကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ်ရှိ အိုဇေးလ်သည် ဂျာမန်ကလပ်အသင်း ကြီးတစ်သင်းဖြစ်သည့် ဝါဒါဘရီမင်မှ ရီးယဲလ်
အသင်းသို့ လွန်ခဲ့သည့်နှစ်နှစ် အတွင်းက ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရီးယဲလ်အသင်းသို့ လူကပ်
စ်မိုဒရစ်ရောက်ရှိလာချိန်မှစ၍ အိုဇေးလ်သည် နည်းပြမော်ရင်ဟို၏ ပထမဦးစားပေး ပွဲထွက်ကစားသမား အဆင့်မှ
 လျော့ကျခဲ့ရသည့် အတွက် အသင်း၌ ပျော်ရွှင်မှု မရှိတော့ကြောင်း ၎င်းကပြောကြားထားသည်။

မန်ယူအသင်းအနေဖြင့်လည်း ယခု ရာသီအကုန်တွင် အနားယူတော့မည့် ပေါလ်စခိုး၏နေရာတွင် အစားထိုးရန် အတွက်ကစားသမားတစ်ဦးကို ရှာဖွေ လျက်ရှိရာ ရီးယဲလ်အသင်းက အိုဇေးလ် အားရောင်းချရန် ဆုံးဖြတ်ပါက မန်ယူ အသင်းသို့ခေါ်ယူရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
 
မြ ၀တီ

No comments:

Post a Comment