Pages

Pages - Menu

Saturday, December 29, 2012

သွေး၊ အသက်၊ လက်စားချေမှုနဲ့ အရိုးထိအမုန်း (ကဗျာ)


သွေး၊ အသက်၊ လက်စားချေမှုနဲ့ အရိုးထိအမုန်း


သွေးသားဆာလောင်နေတဲ့ စစ်လေယဉ်သံတွေ

အသက်တွေ တစစီစုပ်ဖြဲနေတဲ့ ဗုံးတွေအောက်မှာ

ကျည်သံတွေ၊ ဒုံးသံတွေအောက်မှာ

ရှင်သန်၊ ပြေးလွှား၊ ပုန်းအောင်း၊ ချောက်ချား၊ လိပ်ပြာလွှင့်ကလေးများ

ရိုးတွင်းချင်ဆီထိ ကြောက်စိတ်များ

ိအမေများ၊ သားများ၊ သမီးများ၊ အဘွားများ၊ အဘိုးများ

နှင်းခဲခဲအောက်မှာ

အေးစက်စက်ထဲမှာ

သွေးပျက်ပျက်ထဲမှာ

တဝုန်းဝုန်းကြားမှာ

အဲဒီလူတွေရဲ့ အတွေးတွေက ဘာတွေလဲ။

သူတို့ဘာကို တန်ဖိုးထားရမှာလဲ

ဒို့ပြည်ထောင်စုလား

ဒီမိုကရေစီလား

ဒေါ်စုလား

NLDလား

ကြံဖွတ်လား

သေနတ်လား

စစ်လား

မြန်မာနိုင်ငံတော်ကြီးလား

ကချင်ပြည်နယ်ကိုလား

ဒါမှမဟုတ်

ကိုယ့်ဖာသာဘဲ သတ်သေဖို့လား

သူများကို လိုက်သတ်ရမှာလား

မသေရင်သတ်၊ မသတ်ရင်သေလား

သတ်သတ်သေသေလား


လေနုအေး
 
Laynuaye Mya(Facebook)မှကဗျာကိုပြန်လည်မျှဝေပါတယ်။
 

No comments:

Post a Comment