အစိုးရ၏ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များက စစ်ဆေးမေးမြန်း၍ ရိုက်နက်ခံခဲ့ရကြောင်း တန်ဖရဲကျေး
ရွာသား တဦးက ပြောသည်။
သောကြာနေ့ ည ၈ နာရီချိန်တွင် အသက် ၃၀ ကျော်အရွယ် ဦးလရှီလနူးသည် ကွယ်လွန်သူ တန်ဖဲကျေး
ရွာသား ဦးရှိန်ရိုင် ဇော်တောင်၏ တနှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲမှ၍ အပြန် မြစ်ဆုံလမ်းခွဲ
တွင် အစိုးရတပ်ဖွဲ့များက ထိုးကြိတ်၍ သေနတ်ဖြင့် ဦးခေါင်းနှင့် မျက်နှာများတွင် ရိုက်နက်ခဲ့ကြောင်း ဒေသ
ခံ တဦးက ပြောသည်။
“မနေ့ည ဆုတောင်းပွဲတခု ရှိတယ်။ အဲဒီကနေ အပြန်မှာ မြစ်ဆုံနဲ့ ဆွမ်ပရာဘွမ်တက်တဲ့ လမ်းခွဲမှာ သူ့အိမ်
ရှေ့အရောက် စစ်သားတွေက သူ့ကို စစ်ဆေးမေးမြန်းတယ်။ သူက စိတ်
သိပ်မူမမှန်ဘူး။ ဘယ်လို ပြော
လိုက်တာလဲ မသိဘူး။ သူ့ကို ရိုက်နက် ထိုးကြိတ်တာ
သတိတောင်မရဘူး”ဟု တန်ဖဲ ရွာသားတဦးက ပြော
သည်။
လက်ရှိ ကိုလရှီလနှုးသည့် သွေးထွက်သံယိုမှု များပြားသဖြင့် သတိမဲ့ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ဆေးကု
လက်ရှိ ကိုလရှီလနှုးသည့် သွေးထွက်သံယိုမှု များပြားသဖြင့် သတိမဲ့ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ဆေးကု
သရန် ပြောဆိုသော်လည်း ကံယံကံရှင်မှာ ကယောင်ခြောက်ခြား
ဖြစ်နေသည်ဟု သိရသည်။
“သူက ဗမာစကားရေရေလည်လည် မပြောတတ်ဘူး။ သေနတ်နဲ့ ထုထားတော့ ခေါင်းမှာ အရမ်းဆိုးတယ်။ ပါးနဲ့ မျက်ခုံး နှစ်နေရာမှာ ပေါက်ပြဲနေတယ်။ သွေးတွေချည်းပဲ။ အဲဒီစစ်သားတွေက ဓါတ်ပုံတွေ ရိုက်ထား
“သူက ဗမာစကားရေရေလည်လည် မပြောတတ်ဘူး။ သေနတ်နဲ့ ထုထားတော့ ခေါင်းမှာ အရမ်းဆိုးတယ်။ ပါးနဲ့ မျက်ခုံး နှစ်နေရာမှာ ပေါက်ပြဲနေတယ်။ သွေးတွေချည်းပဲ။ အဲဒီစစ်သားတွေက ဓါတ်ပုံတွေ ရိုက်ထား
တယ်” ဟု မဇ္စျိမကို ပြောသည်။
၎င်းတပ်ဖွဲ့များက ဦးလရှီလနှုး၏ အဖိုးတန် ကချင်ရိုးရာ လည်ဆွဲကိုလည်း ယူသွားသည်ဟု ဒေသခံက ဆို
၎င်းတပ်ဖွဲ့များက ဦးလရှီလနှုး၏ အဖိုးတန် ကချင်ရိုးရာ လည်ဆွဲကိုလည်း ယူသွားသည်ဟု ဒေသခံက ဆို
သည်။
ဦးလရှီလနူးသည် အောင်မြင်သာကျေးရွာတွင် နေထိုင်နေပြီး တန်ဖဲကျေးရွာသို့ တောင်ယာ လုပ်ကိုင်ရန် သွားရောက် နေထိုင်နေသူ ဖြစ်သည်။ စနေနေ့ညနေပိုင်းတွင်သူ၏မိသားစုနှင့်မိတ်ဆွေများက အောင်မြင်
ဦးလရှီလနူးသည် အောင်မြင်သာကျေးရွာတွင် နေထိုင်နေပြီး တန်ဖဲကျေးရွာသို့ တောင်ယာ လုပ်ကိုင်ရန် သွားရောက် နေထိုင်နေသူ ဖြစ်သည်။ စနေနေ့ညနေပိုင်းတွင်သူ၏မိသားစုနှင့်မိတ်ဆွေများက အောင်မြင်
သာကျေးရွာရှိ
ကျေးရွာအုပ်ချုပ်ရေးရုံးသို့ စာတင်ရန် စီစဉ်နေသည်ဟု ထိုဒေသခံက ပြောသည်။
အောင်မြင်သာကျေးရွာ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအတွင်းရေးမှူးဦးလရမ်က“ကျနော်မြစ်ကြီးနားရောက်
အောင်မြင်သာကျေးရွာ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအတွင်းရေးမှူးဦးလရမ်က“ကျနော်မြစ်ကြီးနားရောက်
နေလို့ အသေးစိတ် မသိသေးဘူး။
နယ်မြေမှူးတွေက ဓါတ်ပုံတွေတော့ ရိုက်ထားတယ်လို့ ပြောတယ်။ ရိုက်
ခံရတဲ့ လူက
နည်းနည်း ကြောင်နေတယ်။ သူ စကားပြောမှားတာလား ဘာလား မသိဘူး” ဟု မဇ္ဈိမကိုပြော
ပြပါသည်။
မဇ္ဈိမ သတင်းဌာန
မဇ္ဈိမ သတင်းဌာန
No comments:
Post a Comment