07 December 2012
ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်မည်ပြည်တွင်းရွှေများကို
ပြည်တွင်း သာမက ပြည်ပနိုင်ငံ များနှင့် နိုင်ငံတကာ စံချိန် မီအောင်
အရောင်းအဝယ် လုပ်ရန် ဆွေးနွေးနေကြောင်း ရွှေလုပ်ငန်းရှင်များ အ
သင်း၏
အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင်) က ဒီဇင်ဘာ ၂၉ရက်နေ့
တွင်ပြောသည်။ "ပြည်တွင်း မှာရောင်းတဲ့ စံချိန်ကို နိုင်ငံတကာစံချိန်နဲ့
မီအောင် ရောင်းဖို့အတွက် အရင်ဆုံး ရန်ကုန်မြို့နဲ့ မန္တလေး မြို့တွေမှာ
ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ၂၀၁၅ ရောက်ရင် ပြည်ပနဲ့အရောင်းအဝယ်လုပ်
ဖို့ကြိုးစားရ
မယ်။ နိုင်ငံတကာ ဒီဇိုင်းဆိုတာ ပြည်တွင်းကလက်မှုပညာနဲ့ ပြည်ပက
စက်ထည် လက်ထည်တွေကို ပေါင်း
စပ်တာ ပါ" ဟု ၄င်းကပြောသည်။
မြန်မာ့ရွှေကို
ဂျပန်၊တရုတ်၊ စင်ကာပူ၊ ဩစတြေးလျ၊ အိန္ဒိယနိုင်ငံများက အများဆုံး
စိတ်ဝင်စားမှုရှိပြီးလက်
ရှိအချိန်တွင် မြန်မာ့ရွှေ ဈေးကွက်အတွင်းသို့
ပြည်ပမှရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန်ဖိတ်ခေါ်ထားခြင်း
မရှိသေး ကြောင်း ၄င်းနိုင်ငံများသို့ ပြည်တွင်းသုံးအလေးချိန်ဖြင့်
ရောင်းချခြင်းမလုပ်ဘဲ၊ နိုင်ငံတကာသုံးအ
လေးချိန်ဖြင့်
ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံတကာ အဆင့်မှီအောင် လုပ်ရင် နောင်တစ်ချိန်၌
နိုင်ငံတကာ
ဒီဇိုင်းများ ခေတ် စားသွားမည်ဖြစ်ကြောင်း ၄င်းကထပ်မံ
ပြောကြားသည်။
နိုင်ငံတကာဒီဇိုင်းမီရန် ပြည်တွင်းနှင့် ပြည်ပနည်းပညာ ပူး
ပေါင်းခြင်းဖြင့် မြန်မာ့ရွှေအရည်အသွေးတိုးတက်
လာနိုင်ဖွယ်ရှိကြောင်း မန္တလေး
မြို့ အောင်သမာဓိရွှေဆိုင်မှ ဦးမော်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောသည်။
"နိုင်ငံတကာ စံချိန်မီဖို့အတွက်ဆိုရင် နည်းပညာပေါ် မူတည်တာပေါ့။
နိုင်ငံတကာ
အရည်အသွေးက ၉၉ .၉၉ ရှိပြီး မြန်မာ့ရွှေက ၉၉ .၉၀ တာဆိုတော့ ၉ လေးလုံးကို
မီအောင်
လိုက်နိုင်ရင် နိုင်ငံ တကာနှင့်အညီ မြန်မာ့ရွှေ အရည်အသွေးတွေ
တိုးတက်လာနိုင်တယ်"ဟု ၄င်းက ပြော
သည်။
ယခုလက်ရှိ မြန်မာ့ရွှေဈေးသည် အခေါက်ရွှေ
တစ်ကျပ်သားလျှင် ကျပ် ၇၆၉၀ဝ၀ရှိပြီး ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင်ကျပ်၁၇၂၀ ဒေါ်လာဖြစ် ၍ ဒေါ်လာဈေးနှင့်ယူရိုငွေ ဈေးအတက်အကျပေါ်မူတည်၍ ရွှေ
ဈေးအပြောင်းအလဲရှိနိုင်ကြောင်း အောင်သမာဓိရွှေ ဆိုင်မှ သိရသည်။
ပပ၀င်း
The Public Image
07 December 2012
ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်မည်ပြည်တွင်းရေ

No comments:
Post a Comment