Pages

Pages - Menu

Tuesday, December 18, 2012

မူးယစ်မှောင်ခိုအကြမ်းဖက်မှုများကို နှိမ်နင်းမည်ဟု မက္ကစီကိုသမ္မတသစ် ကတိပြု

(မက္ကစီကိုသမ္မတသစ် အန်ရီကေး ပီနာ နီတို)

မက္ကစီကိုနိုင်ငံ သမ္မတသစ်သည် နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် ဆက်နွယ်သော ဒုစရိုက် အကြမ်းဖက်မှုများကို နှိမ်နင်းသွားမည်ဟု ကတိပြု ပြောဆိုလိုက်သည်။
သမ္မတ ရာထူးကို ဒီဇင်ဘာ (၁)ရက်နေ့က ရယူခဲ့သည့် အန်ရီကေး ပီနာ နီတိုက မက္ကစီကိုတွင် တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ ပြန်လည် ဖော်ဆောင်ရန် ကြိုးပမ်းမည်ဟု ကတိပြုခဲ့သည်။

မက္ကစီကို သမ္မတဟောင်း ဖိလစ်ပီ ကယ်လ်ဒါရွန် လက်ထက်ကတည်းကမူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ
ကို နှိမ်နင်းရန် အစွမ်းကုန် လုပ်ဆောင်ခဲ့သော်လည်း သွေးထွက်သံယို တိုက်ခိုက်မှုများစွာ ပေါ်ပေါက်ခဲ့ပြီး အသေအပျောက် များပြားခဲ့သည်။

၂၀၀၆)ခုနှစ်ကတည်းက ကယ်လ်ဒါရွန် လုပ်ဆောင်နေခဲ့သော တာဝန်ကို မိမိက ဆက်လက် ဖော်ဆောင်
မည်ဟု နီတိုက ဆိုသည်။ ကယ်လ်ဒါရွန် လက်ထက်တွင် အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး လူပေါင်း (၆၀၀
၀၀)ကျော်ထိ သျေဆုံးခဲ့သော်လည်း အသက်(၄၆)နှစ်ရှိ နီတိုက ပုံစံပြောင်းလဲ ချဉ်းကပ်သွားရန် ဆန္ဒရှိနေ
သည်။

လက်တင် အမေရိက ဒေသ၏ ဒုတိယ အကြီးမားဆုံး စီးပွားရေး အင်အားစုကို ပိုင်ဆိုင်သည့် နိုင်ငံကို ဦး
ဆာင်သွားမည် ဖြစ်သော နီတိုက "ကျွန်တော်တို့ဟာ ရည်ရွယ်ချက်တွေ ဖြစ်မြောက်ဖို့ လိုအပ်တဲ့စီမံကိန်း
တွေမှာ အလယ်အလတ်နဲ့ ရေရှည် အပြောင်းအလဲတွေ ပြုလုပ်ရပါမယ်။ အထူးသဖြင့် အဓိကကျတဲ့ ဆုံး
ဖြတ်ချက်တိုင်း၊ စစ်ဆင်ရေးတိုင်းကို သုံးသပ်သွားရပါမယ်"ဟု ပြောကြားခဲ့သည်။

နီတိုက စစ်တပ်သည် မက္ကစီကို၏ လမ်းကြိုလမ်းကြားများထိ လုံခြုံရေး ဖြန့်ကျက် ကာကွယ်မှုကို တာဝန်
ယူမည် ဖြစ်ပြီး နောက်ပိုင်းတွင်အသစ်ဖွဲ့စည်းမည့်စစ်ရေးလေ့ကျင့်ခန်း ပြည့်ဝသောရဲတပ်ဖွဲ့များကိုအသုံးပြု
မည်ဟု ဖော်ပြခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့ဟု အမည်ပေးမည့် အဆိုပါ စစ်ဆင်ရေး ရဲဌာနကို လူအင်အား တစ်သောင်းဖြင့် ဖွဲ့စည်း
ကာ အသင်း(၁၅)ခု ခွဲခြားပြီး ပြန်ပေးမှုနှင့် အကြမ်းဖက်မှုများကို အဓိက နှိမ်နင်းသွားစေမည်ဟု သိရသည်။

Source: Yahoo

No comments:

Post a Comment